26 October 2015

“မြန်မာအလုပ်သမားတစ်ဦးအလုပ်ရုံခေါင်မိုးသန့်ရှင်းရေးလုပ်စဉ်ပြုတ်ကျသေဆုံး”

            
၂၀၁၅ အောက်တိုဘာ ၂၆
လွန်းသူ

      
ဘန်ကောက်မြို့ဘန်ချလုံနယ်မြေတွင်ရှိသော arosoft(အယ်ရိုဆော့)ဖိနပ်စက်ရုံ ခေါင်မိုးတစ်ခုအား သန့်ရှင်းရေးလုပ်နေစဉ် အမိုးအုပ်ကြွ ဆွေးမြေ့နေသဖြင့် မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။


            သေဆုံးသွားသူမှာ အသက်၄၀ အရွယ် ဦးကြာငုံဆိုသူဖြစ်သည်။ သူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ်၊ ဒေါက်ရိုက်ကျေးရွာမှဖြစ်သည်။

တူမဖြစ်သူ အစု က“မနက်  ၉နာရီလောက်မှာ ခေါင်မိုးပေါ်က ပြုကျပြီး သေဆုံးသွားပါတယ်။ သူဌေးက ဂရုတစိုက်မရှိလို့ MAT အဖွဲ့ကို ကူညီတောင်းရတာပါ။ ကူညီပေးပါဟု” ဟုပြောသည်။

          မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အဖွဲ့ဝင်များသည် အလောင်းသဂြိုဟ်ရရေးနှင့် လိုအပ်သည်များကို ကူညီနိုင်ရန် သွားရောက်ခဲ့ကြသည်။ ညနေပိုင်းတွင်အလောင်းအားသဂြိုဟ်လိုက်ပြီးဖြစ်ပါသည်။


MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က“သူဌေးနဲ့ ကျနော်တို့တွေ့ပါတယ်။သေဆုံးသွားသူဟာ သူဌေးခိုင်းလို့ဖြစ် တဲ့ကိစ္စလေ။ နစ်နာကြေးကိုသူရအောင်လုပ်ပေးမယ်ပြောပါတယ်။ သူဌေးက ဖြောင့်ဖြောင့်တန်းတန်း မပေးဘူး ဆိုရင်တော့ ကျနော်တို့ ရှေ့နေနဲ့ တိုင်ပင်ပြီး  အသက်လျှော်ကြေးရအောင်လုပ်ပေးသွားမယ်” ဟုပြောသည်။