15 October 2015

"မြန်မာအလုပ်ကြပ်ဝဏ္ဏက မြန်မာအလုပ်သမားကိုအုပ်စုဖွဲ့ရိုက်နှက်"

၂၀၁၅ အောက်တိုဘာ ၁၅ 
ကိုခွန်+လွန်းသူ+ဘခက်

ဘန်ကောက်မြို့အနီး မဟာချိုင်၊ ၀တ်ကေသုန်အရပ်တွင်ရှိသော သံထည်အလုပ်ရုံမှ မြန်မာအလုပ်ကြပ် (၀ဏ္ဏ) က မြန်မာအလုပ်သမားလင်မယား၂ဦးတို့အား ၀ိုင်းရိုက်သည့်ကိစ္စအား MAT အဖွဲ့ကသွားရောက်ဖြေ ရှင်းပေးခဲ့သည်။

၁၃၊၁၀၊၂၀၁၅ နေ့နံနက်ပိုင်းက သံရုံမှ အလုပ်ကြပ်ဝဏ္ဏ ၀င်းဇော်လှိုင်(ခ) အထွန်းသည် အခြားမြန်မာ၎ဦးနှင့် အတူ တရုံးတည်းအလုပ်သမား စိုးအောင် နှင့် ဇနီးသန်းသန်းအေး ထံသို့ ရောက်ရှိလာပြီးဝိုင်းရိုက်ခဲ့သည်။

စိုးအောင်တွင် မျက်နှာဖူရောင်သွားပြီး ဘယ်ခြေထောက်တွင်သံစူးချွန်ဖြင့် အထိုးခံခဲ့ရသည်။တစ်ချိန် တည်း တွင် မသန်းသန်းအေး ၏ဘယ်ပါးနှင့် နဖူးတို့ဖူရောင်သည့်အပြင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိ သွားခဲ့ သည်။



ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ရုံးတာဝန်ခံကိုစိုင်းအေး ဦးဆောင် ၍ ယမန်နေ့ကသွားရောက် ဖြေရှင်းပေးခဲ့သည်။

ကိုစိုင်းအေး က" မဟာချိုင်ရဲ ကိုအကူညီတောင်းပြီး ဖြေရှင်းပေးခဲ့ပါတယ်။ နောက်ဒါမျိုးအနိုင်မကျင့်ဖို့ပေါ့နော်
 ဆေးကုဖို့ ဘတ်တစ်သောင်း ပေးလျှော်စေပြီး အမှုကိုရုပ်သိမ်းခဲ့ကြပါတယ်" ဟုပြောသည်။

 သန်းချီသော အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံတွင် မြန်မာအချင်းချင်းသတ်ဖြတ်ခြင်း ၊ ရိုက်နှက်ကြခြင်း၊လိမ်လည်ကြခြင်း၊ အဓမ္မပြုကျင့်ကြခြင်းများစွာ  ပြုလုပ်လျှက်ရှိကြသည်။ စုငွေများဖန်တီး၍ ထွက်ပြေးသွားကြသူများစွာရှိနေသည်။ မြန်မာအချင်းချင်းပြဿ     နာများကို ထိုင်းအာဏာပိုင်များ ကလည်း
 မြန်မာ အချင်းချင်း ၀င်ရောက်ဖြေရှုင်းပေးခြင်းနည်းပါးသဖြင့် အကျင့်ဆိုးရှိကြသော မြန်မာအလုပ်သမားအချို့ သည် မင်းမဲ့စရိက်ဆန်စွာ ပြုမူမှုများရှိပါသည်။