12 October 2015

“ထိုင်းပုလိပ်တွေဖမ်းစားနေတာ ရပ်တန့်အောင်ဘယ်သူလုပ်နိုင်မလဲ”


၂၀၁၅     အောက်တိုဘာ ၁၂
စောမောင်+မင်းဘခက်

ယမန်နေ့က ဘတ်ရှိသူ ၁၁ ဦးအား မဟာချိုင်ပုလပ်ရုံးမှ ဖမ်းဆီး၍ တစ်ဦးလျှင် ဘတ်ငွေ ၆,၀၀၀စီ တောင်း ခံသည်ကို MAT အဖွဲ့က ညှိနှိုင်းပေးသဖြင့် တစ်ဦးလျှင် ဘတ် ၁၅၀၀ နုန်းဖြင့် လွတ်မြောက်ခဲ့ကြသည်။  

     ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ၏  ရုံးတာဝန်ခံနှင့် နိုင်ငံခြား ဆက်ဆံရေး  ကိုစိုင်းအေး က “ကျနော်တို့ကို မဟာချိုင်မှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားအတော် များ များက  ဖုန်း ဆက်ကြပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ဘတ်ကဒ် ကို ထိုင်းပုလိပ်ကဖမ်းစားနေတာ ကျနော်တို့ သာမန်အဖွဲ့ သေးသေးလေးတော့ ဘယ်ရှင်းနိုင်မလဲ ဗျာ။ အစိုးရ ညစ်ပတ်နေတာကို အစိုးရချင်း ဖြေရှင်းပေးဖို့လိုပါတယ်။ မြန်မာတွေကို မတရားဖမ်းဆီး ပြီး
 ငွေတောင်းစားနေ တာ နေ့တိုင်းပါ။  မဟာချိုင်မှာရော ဗမာပြည်ပြန်တဲ့ မြန်မာတွေကိုရော မဲဆောက် အ၀င်မှာ ကောက်စားနေတာ ကျနော်တို့ တိုင်းပြည်အတွက် ငွေယိုပေါက်ကြီးပါဗျာ” ဟုပြောသည်။


 အလားတူ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ပန်းရံဆိုဒ်မှ စီခြုံသို့ ပြန်ကြသော ပန်ရံအလုပ် သမား ၅၀ ကျော်တို့အား ဖမ်းဆီးငွေညှစ်နေသဖြင့် ပြီးခဲ့သည့်နာရီပိုင်းက MAT အဖွဲ့က ဒေသခံ ရဲတပ်ဖွဲ့ အား ပြေလည်အောင် ညှိနှိုင်းကူညီဖြေရှင်းပေးခဲ့သည်။


 ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတော်များများတို့သည် ပန်းရောင် ဘတ်ကဒ်၊ ပတ်စပို့နှင့် ၀တ်ပါမစ်များ ကို ငွေအကုန်ခံ၍ ထိုင်းနှင့် မြန်မာအစိုးရတို့ထံတွင် လုပ်ထားကြပါ သည်။ သို့ရာတွင် ထိုင်းနိုင်ငံအနှံ့အပြားတွင် ထိုင်းပုလိပ်များက မြန်မာများကိုဖမ်းစားလေ့ရှိပါသည်။ ထိုင်းပုလိပ်ဖမ်းစားနေကြောင်း မြန်မာအစိုးရက သိသော်လည်း ယနေ့အထိ ရပ်တန့်အောင်မလုပ်နိုင်
ကြောင်း တွေ့ရှိရသဖြင့် မြန်မာအလုပ်သမားများမှာကိုယ်ဖြစ်ကိုယ်ခံဘ၀ဖြင့် နေ့စဉ်ခံစားနေကြရဆဲဖြစ်သည်။