11 October 2015

“လိပ်ကျွန်းလူသတ်မှု ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ချက်ချမည်”

၂၀၁၅ အောက်တိုဘာ ၁၁
မြတ်ညို( အလွတ်သတင်းထောက်)

           တရားခံဟု စွတ်စွဲခံထားရသူ၂ဦးအား ၂ရက်၂ညတိုင်တိုင် ရုံးတင်စစ်ဆေးပြီးဖြစ်၍  အမှုကို လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း ကော့စမွေတရားသူကြီးကပြောသည်။  

ယမန်နေ့က တရားခံအဖြစ်စွတ်စွဲခံထားရသူ ကိုဇော်လင်းအား နံနက် ၉နာရီခန့်မှစ၍ညဥ့် ၉နာရီခွဲအထိ စစ်ဆေး ခဲ့ပြီး ယနေ့တွင် ဝေဖြိုး(ခ) ၀င်းဇော်ထွန်း ကိုလည်း ယနေ့နံနက်၉နာရီခန့်မှစ၍ ညဥ့် ၉နာရီခွဲအထိ  တရားလို ရှေ့နေက စစ်ဆေးခဲ့သည်။

         အောက်တိုဘာ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် တရားခံဟုစွတ်စွဲခံထားရသူ၂ဦးတို့အား တရားလို ရှေ့နေ၏ မေမြန်းချက်များမှာ ရဲစခန်းနှင့် အချုပ်ထောင်ထဲတွင် ၀န်ခံခဲ့သည်ဆိုသည့် အချက်ကို မေးမြန်းခဲ့ သည်။ ထိုအပြင် အကူညီပေးနေကြသူများ၏ ထောက်ပံ့မှုများကိုစစ်မေးသည်။ ၂ရက်၂ည မေးသည့် မေးခွန်း များအား ခြုံပြောရပါလျှင် တရားလို ရှေ့နေမှာ လူသတ်မှုဖြင့် ပြစ်မှုမြောက်လောက်သည့် အထောက်အထား များဖြင့် မေးမြန်းနိုင်ခြင်းကို မတွေ့ရှိရပေ။

မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီမှ မြန်မာရှေ့နေကြီးဦးအောင်မျိုးသန့် က“ သေဒဏ်ထိုက်လောက်တဲ့ အမှုကြီးမျိုးမှာ မျက်မြင်လည်းမရှိ၊ သူတို့ပထမကပြောခဲ့တဲ့ DNA ဆိုတာလည်း ပညာရှင်တွေကပြောလို့ မေး စရာမရှိတော့ဘူး။ လက်ဗွေလည်းမတူဘူး၊ တစ်ခါ CCTV ထဲမှာ ပြေးနေတာဟာ ဝေဖြိုး(ခ) ၀င်းဇော်ထွန်း လို့ပြောတာကိုလည်း အင်္ဂ လန်နိုင်ငံက ပညာရှင်တွေက မဟုတ်ဘူးလို့ပြောထားတော့ ရိုက်နှက်ခြိမ်းခြောက် မှုကြောင့် သတ်ပါတယ်လို့ ကြောက်ကြောက်နဲ့ ၀န်ခံခဲ့ရတာကိုပဲ  ထပ်ပြီးပြောနေတာပါ၊ အမှုက ဘယ်သို့ဦးတည်ပြီး ဘယ်မှာ အဆုံးသတ် မလဲဆိုတာကိုတော့ ကျနော်တို့သဘောပေါက်ထားပါပြီ၊ ဘာလုပ်ရမယ်ဆို တာကိုလည်း ကျနော်တို့ဘက်က ပြင်ဆင်ပြီးသားပါ” ဟုပြောသည်။

           ယခုလူသတ်မှုအား နိုင်ငံတကာမှ စိတ်ဝင်စားနေသလို ထိုင်းရှေ့နေများကောင်စီကလည်းက အင် တိုက်အားတိုက်ကူညီဆောင်ရွက်လျှက်ရှိသည်။