31 October 2015

“လေယာဉ်နဲ့ခိုးထုတ်သည့်လူကုန်ကူးဂိုဏ်းရန်ကုန်မှာဖမ်းမိ”

                                 
၂၀၁၅ အောက်တိုဘာ ၃၁
စောမောင်+အောင်ဆန်းဦး

      ထိုင်းနိုင်ငံ ငါးဖမ်းကုမ္ပဏီကြီးတစ်ခုအတွက် မြန်မာအလုပ်သမားများစုဆောင်းပို့ဆောင်ပေးနေသည့် လူမှောင်ခိုကုန်ကူးမှုဂိုဏ်းခေါင်းဆောင်တစ်ဦးအား ရန်ကုန်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က အောက်တိုဘာ ၂၉ ၇က်နေ့ ကဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

         ရန်ကုန်မြို့ကမ်းနားလမ်းတွင်ရှိသော River View ဟိုတယ်၏ အခန်း ၅၀၃ တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင် မည့် ချင်းပြည်နယ်ပလက်ဝမှ အလုပ်သမား၃ဦးနှင့်အတူ လူမှောင်ခိုကုန်ကူမှုခေါင်းဆောင် ရေခဲ(ခ)ခွန်ကျော့ ရှင်း ကို ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

         ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲဝင်းအောင် က“လူကုန်ကူးမှုမြောက် မလား၊ လူမှောင်ခိုကုန်ကူးမှုဖြစ်မလား၊ စစ်ဆေးတုန်းဖြစ်ပါတယ်။ လောလောဆယ်တော့ တရားမ၀င် လူပို့ ဆောင်မှု( ပြည်ပ-၂၆)နဲ့ အရေးယူထားပါတယ်။ နောက်ဆက်တွဲဖေါ်ထုတ်နိုင်အောင် ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

          ယခုဖမ်းမိသည့် လူမှောင်ခိုကုန်ကူးသည့်ဂိုဏ်းသည် ပြီးခဲ့သည့်၃လခန့်ကပင် မြန်မာအလုပ်သမား ၁၀၀  ၀န်ကျင်ခန့် ပို့ဆောင်ပြီးခဲ့ပြီဖြစ်ကြောင်း၊ စုစုပေါင်း ငါးဖမ်းလှေအလုပ်သမား ၁,၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်ကပြောသည်။

          ယခုဂိုဏ်းအား ဖေါ်ထုတ်နှိမ်နင်းနိုင်ရေးအတွက် နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ ဒုရဲမှူးကြီး ဦခင်မောင်လှ၊ ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး တပ်ဖွဲ့မှူရဲမှူးကြီး  ဦးရဲဝင်းအောင်တို့နှင့်အတူ  ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအတွင်းရေးမှူး အပြင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT တို့က သေသေချာချာညှိနှိုင်း ကြပြီးပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။

           ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU တို့က စောင့်ကြည့်တာ၊
ပိတ်ဆိုတာ၊အစီရင်ခံစာထုတ်ပြန်တာတွေကြောင့် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာလူကုန်ကူးခံသားကောင်းတွေနဲ့ အသုံးပြုပြီး ထိုင်းငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်အစားအစာထုတ်လုပ်မှုကိုလုပ်ကိုင်ခဲ့ကြတာကို ပုံစံပြောင်းကြရတောမှာဖြစ်ပါတယ်။ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့နဲ့ကျနော်တို့ကလည်း ရသမျှဖေါ်ထုတ်နေတယ်။ ဒါကြောင့်ထိုင်း ငါးဖမ်းလုပ်ငန်းနဲ့ပင်လယ်အစားအစာထုတ်လုပ်တင်ပို့မှုလုပ်ငန်းမှာ အလုပ်သမားအခက်အခဲရှိနေပါတယ်။ ပြီးခဲ့တဲ့၃လ လောက်က free Visa သတ်မှတ်လိုက်တာနဲ့ လူမှောင်ကုန်ကူးတဲ့သူတွေက ထိုင်းမှာလိုအပ်နေတဲ့ ငါးဖမ်းလုပ် သားတွေကို လေယာဉ်နဲ့ ခေါ်ထုတ်ကြတော့တာပဲ” ဟုပြောသည်။

          ထိုင်းငါးဖမ်းလုပ်ငန်းမှ ထိုင်းလူမျိုးတစ်ဦး လာရောက်၍ လူပွဲစားများဖြင့် ရန်ကုန်မြို့တွင်နေထိုင်၍ လူစုဆောင်၍ ပို့ဆောင်နေခဲ့သည်။ မြန်မာအလုပ်သမားများအား တစ်လလျှင် ဘတ်ငွေ ၂၅,၀၀၀ ရမည်။ ကမ်းသို့ ၃လတစ်ကြိမ်ကပ်မည်။ ၃နှစ်ပြည့်လျှင် အိမ်သို့ ပြန်ရမည်ဟုပြောဆိုစည်းရုံး၍ အလုပ်သမားတစ်ဦးထံမှ ကျပ်ငွေ ငါးသိန်းစီတောင်းခံသည်။ လူကုန်ကူးသူများသည် မှတ်ပုံတင်မရှိသော်လည်း  နိုင်ငံကူးလက်မှတ်(ပတ်စပို့)ထုတ်၍ ရနိုင်သည်အထိ စွမ်းဆောင်နိုင်
 ကြောင်း MAT အဖွဲ့သို့ကာယကံရှင်တစ်ဦးကပြောသည်။


         အလုပ်အကိုင်အခွင့်အလမ်းမရှိဖြစ်နေသော မြန်မာနိုင်ငံမှ လူငယ်လူရွယ်တို့သည် အိမ်နီးချင်းထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့ သို့ ရသည့်နည်းဖြင့်ထွက်ခွာ၍  အလုပ်လုပ်ကိုင်ရန်ကြိုးစားနေကြသည်။ MOU ဖြင့် အလုပ်သမားတင်ပို့ခြင်းမှာလည်း  တရားဝင်လူကုန်သည်နှင့်တူနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံအတွင်း အလုပ်မရှိပဲ ရာပေါင်းများစွာသောအလုပ်သမားများသောင်တင်လျှင် ရှိနေဆဲဖြစ်သည်။ ၂လခန့်အလုပ် မလုပ်ရပဲ စိတ်ဓါတ်ကျ၍ ပြန်သွားသည့် အလုပ်သမားများလည်းမကြာခဏရှိသည်။ MOUဖြင့်လာသောအလုပ် သမားများအဆင်မပြေသော်လည်း အလုပ်သမားအာဏာပိုင်များနှင့် အေဂျင်စီပွဲစားကုမ္ပဏီများမှာအကျိုးဖြစ် ထွန်းနေကြပါသည်။


          မြန်မာအလုပ်သမားဝန်ကြီးဌာနသည်  ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်MOEAF အား အလုပ်သမားများတင်ပို့ခွင့်ပြုပြီးခဲ့သည့်ပြီးနောက်၊ ထိုင်း၊မလေးရှား၊စင်္ကာပူနှင့် မကာအို နိုင်ငံများသို့အလုပ် အကိုင်မည်မည်ရရမရှိပဲ မြန်မာလူငယ်ပေါင်းများစွာကို  ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မြန်မာအလုပ်သမားဝန်ကြီးဌာနသည် MOEAF က ပို့ဆောင်ထားသည့် အလုပ်သမားများ မူလနေရာတွင်ရှိမရှိ၊ စာချုပ်ပါစည်းကမ်းမှန်ကန် မှုရှိမရှိတို့ကို ယနေ့တိုင် စစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိသေးသဖြင့် မြန်မာအလုပ်သမားများမှာ အားကိုးရာမဲ့စွာဖြင့် ထိုင်နိုင်ငံတွင် ဒုက္ခရောက်လျှက်အမြောက်အမြားရှိကြောင်း MAT အဖွဲ့ကပြောသည်။