22 October 2015

“အလည်လာသည့်မိန်းကလေးတစ်ဦးမဟာချိုင်ပုလိပ်ဖမ်းဆီးခံရလို့MATကူညီ”

             
၂၀၁၅ အောက်တိုဘာ ၂၂
မင်းရန်နိုင်
ဘန်ကောက်

           ပတ်စပို့နှင့် အလုပ်လုပ်ခွင့်ဝတ်ပါမစ်အပြည့်အစုံရှိသည့်မြန်မာအလုပ်သမတစ်ဦးအား မဟာချိုင် ရဲစခန်း မှဖမ်းဆီးငွေတောင်းခံနေရသည်ကိုမြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ကူညီ ကယ်ထုတ်လိုက်သည်။

       ပင်လယ်အပန်းဖြေစခန်းများတည်ရှိရာ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တရာမြို့မှ ဘန်ကောက်မြို့အနီး မဟာချိုင်  မြို့သို့လာခဲ့သော မစံပယ် ဆိုသူတွင် ပတ်စပို့စာအုပ်နှင့် ၀တ်ပါမစ်များအပြည့်အစုံ ပါရှိသော် လည်း မဟာချိုင် ရဲကဖမ်းဆီး၍ ငွေကြေးတောင်းခံသည့် ရဲစခန်း၏ အောက်ထပ်အခန်းထဲတွင် ထည့်ထားခဲ့ သည်။

          မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
 ရောက်မြန်မာနိုင်ငံသားများအဖွဲ့MATသို့ ဆက်သွယ်၍ အကူညီတောင်းခံလာခဲ့သည်။ 



 
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ အလုပ်သမားမှာ အထောက်အထားအပြည့်အစုံရှိ လျှက်နဲ့ ဖမ်း တာ။ ကျနော် ရဲစခန်းမှာဘာသာပြန်နေသူကို အလုပ်သမားဖုန်းက တစ်ဆင့်ပြောလိုက်တယ်။ ပတ္တရာက မဟာချိုင်ကို အလည်လာတာ တုံးထုရမယ်လို့ မင်းကပြောတယ်ဆို။ ထိုင်းပုလိပ်ဖမ်းရင်တောင်မင်းတို့က အလိုတော်ရိမဖြစ် သင့်ဘူး။ လူတဖက်သားကို မနှိပ်စက်ပါနဲ့ လွှတ်ပေးပါလို့ပြောလိုက်ပါတယ်” ဟုပြောသည်။



 
 မြန်မာဘာသာပြန်သူသည် မစံပယ်အား ရေ၀ယ်ပေးခဲ့ရန်ပြောသဖြင့် ရေပုလင်းဝယ်ပေး ခဲ့ရကြောင်း ပြော ပါသည်။ မဟာချိုင်နယ်မြေမှ ထိုင်းပုလိပ်များသည် မြန်မာအလုပ်သမားများအား နေစဉ်ဖမ်းဆီး ၍ ငွေကြေး
 တောင်းခံလေ့ရှိကြောင်း MAT အဖွဲ့ကVDO နှင့်ဓါတ်ပုံများစွာရိုက်ကူး၍ ထိုင်းအစိုးရဗဟိုရဲတပ်ဖွဲ့နှင့် မြန်မာ အစိုးရ တို့ကို အကြိမ်ကြိမ်တင်ပြထားပါသည်။  မြန်မာများ၏ ချွေးနှေးစာများ ကုန်ကျနေမှုများ  သက်သာ
နိုင်စေရန်အတွက်  မြန်မာအစိုးရက ထိုင်းအစိုးရအား မဟာချိုင်ပုလိပ်များကိစ္စနှင့် ပတ်သက်၍ ထိထိရောက်
ရောက်ရောက် ပြောဆိုသင့်ကြောင်း MAT အဖွဲ့က အစဉ်သဖြင့် အကြံပြုတောင်းဆိုလေ့ရှိပါသည်။