05 October 2015

“လူကုန်ကူးခံရသူ ၈ဦး နေရပ်ရင်းသို့ပြန်”

                                      
၂၀၁၅  ခု အောက်တိုဘာလ ၅        စောဆန်း  



           ခြုံဖေါ်ရဲစခန်းတွင် ၅လတိုင်တိုင် ချုပ်နှောင်ခံခဲ့ရသော လူကုန်ကူးခံမြန်မာအလုပ်သမား ၈ဦး ယနေ့တွင် မြန်မာအစိုးရ ကော့သောင်းလူကုန်တားရဲတပ်ဖွဲ့စိတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရှိရသည်။

         မြန်မာနိုင်ငံသို့ယနေပြန်ရောက်သွားခဲ့ကြသူများမှာ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ရသူများဖြစ်ကြသည်။ သူတို့မှာ ပဲခူးတိုင်း ဝေါမြို့နယ်မှ မယုမာနွယ်၊ မသန္တာဗို၊ မျိုးမြင့်ဗို တို့ မောင်နှမ၃ဦး၊ နှင့် မင်းသူအောင်၊  ပဲခူးတိုင်းရေတာရှည်မြို့နယ်မှ မေဇာဦးနှင့် ဦးဝေလွင်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ မောင်သီဟကို နှင့်မောင်သန့်ဇင် တို့ဖြစ်ကြပါသည်။ 



        ပြန်လည်လွတ်မြောက်လာသူများထဲမှ မသန္တာဗို က“ရွာနီးချင်း ပွဲစားက အလုပ်ပါ တစ်ခါတည်း ဖူးခက်မှာ ဆောက်လုပ်ရေးလုပ်ရမယ်ဆိုပြီးလာခဲ့ကြတာ။ သမီးတို့ မောင်နှမသုံးယောက် အလုပ်လုပ်မယ်၊ အဖေအမေ ကိုလုပ်ကျွေးမယ်၊ သမီးတို့ အနာဂတ်အတွက် မျှော်လင့်ချက် အပြည့်နဲ့လာခဲ့ကြတာပါ။ ထိုင်းလူကုန်ကူးတဲ့ ဂိုဏ်းသားတွေကြောင့်သမီးတို့ အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရပါတယ်။ ခြုံဖေါ်ရဲစခန်းထဲမှာ သမီးတို့ အခင်းမပါတဲ့ သမန်တလင်းပြင်မှာအိပ်ကြရပါတယ်။ ဖြစ်သလိုစားရတာပေါ့။ ခု သမီးတို့ လောကငရဲက လွတ်လာခဲ့ပါပြီ။ ကူညီကြသူ အားလုံးကိုကျေးဇူးတင်ပါတယ်။” ဟုပြောသည်။

              အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမှုအပြီးသတ်စီရင်ချက်ချရန်အတွက်ဟုဆိုကာ အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၆ဦးတို့ ခြုံဖေါ်ရဲစခန်းအချုပ်ခန်းထဲတွင် ကျန်နေခဲ့ကြရသေးသည်။ ပြန်လည်လွတ်မြောက် လာသူများက ထိုသူတို့သည်လည်း ၁၃ ရက်နေ့နောက်ပိုင်းတွင် ပြန်ပို့မည်ဟု ယူဆကြောင်း ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATသို့ပြောသည်။

        MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနဲ့တရုတ်နိုင်ငံတို့မှာ လူကုန်ကူးခံနေရတဲ့သူတွေ က မြန်မာနိုင်ငံသားတွေပါ။ တာဝန်ရှိသူတွေဟာ လူကုန်ကူးမှုလျှော့နည်းသွားသလား ပိုဆိုးလာသလား ကျနော်တို့ထက်ပို သိပါတယ်။ ဘာလုပ်သင့်သလဲဆိုတာ တီထွင်ကြံဆမှုများမလုပ်နိုင်ရင်တောင် အာရှဒေ သတင်းက လူကုန်ကူး ခံနေရတဲ့ နိုင်ငံတွေ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်နေကြသလဲဆိုတာ အထူးပြုလေ့လာသင့်ပါတယ်။ တပ်ဖွဲ့ပုံစံနဲ့ လုပ်ထုံးလုပ်နည်းတွေပြောင်းလုပ်သင့်ပါတယ်” ဟုပြောသည်။

           မြန်မာနိုင်ငံသို့ ယနေ့ပြန်ပို့ခံရသည့် အလုပ်သမားများမှာ ၂၀၁၅ ခု  ယခုလူကုန်ကူးခံကိစ္စရပ်သည် ပြီးခဲ့သည့် ပြီးခဲ့သည့်မေလ ၈ ရက်နေ့က  ခြုံဖေါ်မြို့နယ်တောထဲတွင် ၂၈ ယောက်ဖမ်းဆီးခံခြင်းနှင့် မေလ ၉ ရက်နေ့တွင် ၄၇ဦးဖမ်းဆီးခံခဲ့ရသူများအထဲမှ ဖြစ်ပါသည်။ ယခင်ဖမ်းဆီးခံခဲ့ရသူများအား ခြုံဖေါ်ရဲစခန်းက အခါအားလျှော်စွား ပို့ဆောင်ခဲ့သည်ကိုမူ MAT အဖွဲ့က သိခွင့်မရှိခဲ့ချေ။