18 August 2017

“နစ်နာကြေးများကို တစ်နှစ်အတွင်းလာရောက်ထုတ်ယူကြရန်ထိုင်းရှေ့နေညွှန်ကြား”



            
၂၀၁၇ ခု သြဂုတ်လ ၁၈
ရွှေလုပ်သား

             မတရားအလုပ်ခံထားရသည့် အလုပ်သမား ၄၅ ဦးအတွက် နစ်နာကြေး ထက်ဝက်ရရှိထားပြီဖြစ် ကြောင်း ထိုင်းရှေ့နေများက MAT အဖွဲ့နှင့် အလုပ်သမားများကိုပြောသည်။

         အလုပ်သမား ၁၀၆ ဦး အလုပ်ထုတ်ခံရသော်လည်း စာရွက်စတမ်းဖြင့် ၆၅ဦး တို့သာအမှုဖွင့်ခဲ့ကြ သည်။ တရားရုံးမှ ဆင့်ခေါ်သည့်အခါ အမှုဖွင့်သည့် အလုပ်သမား ၄၅ ဦးအတွက်သာကျန်ရှိတော့သည်။ သို့ဖြစ်၍ ရောက်သဖြင့် အဆုံးဖြတ်ပေးမည့်ကာ လသို့ရောက်ရှိသည့်အခါ အလုပ်သမား ၄၅ဦးသာ လက်မှတ် ရေးထိုးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။   


ယခု အမှုကိုကိုင်တွင်သည့် MAT အဖွဲ့မှ  ကိုဘခက်က “နစ်နာကြေးရမှာကတောစ်ဦးကို လုပ်အာခ ၅,၇၀၀ဘတ်နဲ့ အလုပ်ထုတ်ပစ်တဲ့အတွက်နစ်နာမှုလျှော်ကြေး  ,၀၀၀ဘတ် စုစုပေါင်း ၁၄,၇၀၀ ဘတ် ရရှိကြမှာဖြစ်ပါတယ်။ အခု ထက်ဝက်ရရှိ ပါပြီ။ ဥပဒေကြောင်းအရ  ဒီငွေတွေကို တစ်နှစ်အတွင်း အလုပ် သမားတွေလာရောက် ထုတ်ယူခွင့်ရှိပါတယ်။ တရားရုံးသတ်မှတ်ချိန်လွန်သွားရင်တော့ ပြည်သူပိုင် အဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ ရှေ့နေအမျိုးသမီးကပြောပါတယ်” ဟုပြောသည်။


        အလုပ်ရုံမှ ယခုအခါ အလုပ်သမားတစ်ဦးစီအတွက် ၁၄,၇၀၀ စီရရှိမည်ဖြစ်ေ သာ် လည်း ယခုအခါ ထက်ဝက်သာပေးလျှော်ထားသည့်အတွက် စုစုပေါင်း ၃၃၀,၇၅၀ ဘတ်ကို လာမည်အပတ်တွင် အလုပ်သ မားများရရှိဦးမည်ဖြစ်ပါသည်။ 

        သို့ရာတွင် ယမန်နေ့က အလုပ်သမား ၅ဦးသာ ရောက်ရှိသဖြင့် ထိုငါးဦးအ တွက် နစ်နာကြေးငွေများ ကိုနောက်အပတ်တွင် ထုတ်ယူရရှိမည်ဖြစ်ပါသည်။