25 August 2017

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၇ လောင်း ရထား


25 August 2017 10:18(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

နေပြည်တော်၊ သြဂုတ် ၂၅

ယမန်နေ့ည ၁ နာရီခန့်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုအား လက်လုပ်မိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြင့် အစွန်းရောက် ဘင်္ဂလီ အကြမ်းသမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့သည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။

အလားတူ ယနေ့ နံနက် ၃ နာရီခန့်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့သည်။

လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရပြီး သေနတ် ၂ လက်ပါသွားခဲ့ရကာ၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၇ ဦး အလောင်းများ ရရှိထားကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

ယခု သတင်းထုတ်ပြန်သည့် အချိန်အထိ နေရာအချို့တွင် အပြန်အလှန် တိုက်ခိုက် မှုများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အစွန်းေ ရာက် ဘင်္ဂလီ အကြမ်းဖက်သမားများကို ချေမှုန်းလျက် ရှိကြောင်း သိရှိရသည်။

ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့် အချိန်ကိုက် အကြမ်းဖက်တိုက် ခိုက်မှုများ ဆောင်ရွက်လာခြင်း ဖြစ်သည်။

အသေးစိတ် သတင်းများ ဆက်လက် ထုတ်ပြန်သွားပါမည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)