09 August 2017

တပ်မတော်အကြီးအကဲမှ လုံခြုံရေးအာမခံသဖြင့် စေတီပြင်နယ်မြေမှ ဒေသခံများ နေရပ်ရွာသို့ပြန်

နိရဉ္စရာ၊ သြဂုတ် ၉


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းဒေသ စေတီပြင်ရွာနှင့် ခွဆုံရွာတွင် ခိုလုံနေကြသည့် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့် ပေါက်ပင်ရင်းကျေးရွာမှ ရွာသားများသည် တပ်မတော် အကြီးအကဲမှ လုံခြုံရေး အာမခံသဖြင့် မိမိနေရပ် ကျေးရွာများသို့ ပြန်သွားခဲ့ကြပြီဟု သတင်းရရှိသည်။


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှကထစမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် စေတီပြင် ကျေးရွာသို့ သြဂုတ် ၇ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ရွာသားများနှင့် တွေ့ဆုံစဉ် လုံခြုံရေးကို အာမခံ သဖြင့် ရွာသားများပြန်သွားခဲ့ကြခြင်း ဖြစ်သည်ဟု စေတီပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်မှ နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ဒေသစွန့်ခွာလာတဲ့လူတွေနဲ့ တွေ့ဆုံတဲ့အခါမှာအဲ့ဒီကျေးရွာတွေမှာလုံခြုံရေးတွေချပေးထားတယ်၊
 နေရပ်ပြန်ကြပါလို့ ပြောတဲ့အခါမှာ တပ်ချပေးရင် ပြန်ကြမယ်လို့ ရွာသားတွေက ပြန်ပြောကြပါတယ်။ တပ်မတော်တပ်ဖွဲ့ဝင်များကိုလုံခြုံရေးချပေးထားပေးမယ် ပြောတဲ့အတွက်ရွာသားတွေ ပြန်သွားကြပြီ ဖြစ်ပါ
တယ်”ဟု ဦးမောင်အေးတင်က ပြောသည်။


သြဂုတ် ၇ ရက်နေ့က အိမ်ထောင်စု ၇၂ ဦး (လူဦးရေ ၂၀၃) လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ကျန်ရှိ
 နေသည့် အိမ်ထောင်စု ၆၂ စု (လူဦးရေ ၄၁၉) ဦးတို့သည် ၎င်းတို့၏မူလ ကျေးရွာများသို့ ပြန်သွားကြပြီ ဟု သိရသည်။

ချွတ်ပြင်၊ ပိတောက်မြိုင်နှင့် ပြင်ရှည်ကျေးရွာမှရွာသားများသည် စေတီပြင် ကျေးရွာ၌လည်းကာင်း၊ ပေါက်ပင်
ရင်းကျေးရွာမှ ရွာသားများသည် ခွဆုံကျေးရွာ၌လည်းကောင်း ယာယီ ခိုလုံ နေထိုင်ခဲ့ကြသည်။


ဇူလိုင်၂၇ရက်နေ့ကချွတ်ပြင်ကျေးရွာမှာခရုသွားကောက်သူ မောင်သန်းဌေး ပျောက်ဆုံး ပြီးနောက်
 မေယူတောင်ထဲတွင် အကြမ်းဖက်သမားများ၏ စခန်းတွေ့ရှိမှု၊ သြဂုတ် ၃ ရက်နေ့က မောင်တောမြို့နယ် ကိုင်းကြီးရွာမှ မြိုအမျိုးသား၈ဦးအသတ်ခံရမှု၊သြဂုတ်၎ရက်နေ့ကနယ်ခြားစောင့်တပ်ဖွဲ့ကို အောက်နန်းရာရွာမှ ဘင်္ဂလီရွာသားများ ဓား၊ လေးခွနှင့် ဂျင်ဂလိများဖြင့် တိုက်ခိုက်မှု တို့ ဖြစ်ပွားသဖြင့် လုံခြုံရေး စိုးရိမ်ရရာမှ ၎င်းရွာသားများသည် စေတီပြင်နှင့် ခွဆုံကျေးရွာများတွင် ခိုလုံခဲ့ကြခြင်း ဖြစ်သည်။

(ဓာတ်ပုံ-ကကပြည်နှင့် ဖေ့စ်ဘုတ်)