
ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာမှ အစွန်းရောက်အကြမ်းဖက်သမားများအား ကူညီပံပိုးပေးနေသူ အမာခံ ၁ ဦးအား သြဂုတ် ၁၁ ရက်က ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တင်းမေကျေး ရွာအတွင်း သြဂုတ်လ ၁၁ ရက်နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်ခဲ့ရာ ရပ်ကွက် ၁ နေ မော်လဝီ မူဟာမတ်အလီသည် ထွက်ပြေးရန်ကြိုးစားနေစဉ် ဖမ်းဆီးရမိခဲ့သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)