11 August 2017

“အမှိုက်ရုံတွင်လူကုန်ကူးခံထားရသည့်မြန်မာနှင့်လာအို ၃၅ ဦးအား MAT နှင့်ထိုင်းအစိုးရကယ်တင်”


၂၀၁၇ ခု သြဂုတ်လ ၁၁ ရက်နေ့
ကိုတီး

          ဘန်ကောက်မြို့မြောက်ဘက်ကီလိုမီတာ ၁၀၀ခန့်အကွာတွင်ရှိသော လက်လွန်ကယောက်နယ်မြေ၊ မြို့ရွာများနှင့်အလှမ်းကွာဝေးသော လယ်တောစပ် တွင်တည်ရှိသည့် ပလပ်စတစ်ပြန်လည်သန့်စင်သည့် အလုပ်ရုံတွင် ရောင်းစားခံ ထားရသည့် မြန်မာနှင့်လာအိုနိုင်ငံသား၃၅ဦး အား MAT အဖွဲ့နှင့်DSI လူကုန်ကူးမှု ပူးပေါင်းအဖွဲ့များက ယနေ့နေ့လည်က ကယ်တင်လိုက်သည်။


        မြန်မာ မ ၇၊ ကျား၊ ၅ယောက်၊ ၆နှစ်အရွယ်ကလေးတစ်ယောက် စုစုပေါင်း(၁၃) ဦးနှင့် လာအို နိုင်ငံ သား၂၂ ဦးတို့အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး ထောက်လှမ်းရေးအရာရှိ Pol. Maj. Jatuporn  Arunleaktawin Chief of Prevention and Suppression Div. 2       Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice      ဦးဆောင်၍ ထိုင်းအစိုးရလူကုန်ကူးတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့တို့နှင့်အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT တို့က ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။


      ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊မှ အသက် ၃၂ နှစ်အရွယ် မထွေးထွေးနှင့် စစ်ကိုင်း တိုင်းရွှေဘိုခရိုင်၊ ထားစယ်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် ကိုခင်ဇော်ဦး တို့ ဇနီးေ မာင်နှံ ၂ဦးတို့က   သြဂုတ်လ ၈ ရက် နေ့က MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ထံသို့ ဖုန်းဆက်သွယ်၍ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။

     မထွေးထွေး ကကျမတို့ကို ကော်စေ့လုပ်ရမယ့်အလုပ်ရုံမှာ လုပ်ရမယ်ဆိုပြီး ကမ်ဘော်လီက အဘောနဲ့ မသီတာဝင်း တို့ လင်မယားပွဲစားက တစ်ယောက်ကို ဘတ်ငွေ ၁၀၀၀၀ စီနဲ့ လာရောင်းစားသွားတာပါ။  ကျမက မနက် ၆နာရီကနေ၊ ညနေ ၈ နာရီထိလုပ်ရပြီး၊ ကျမ အမျိုးသားကတော့ မနက် ၆နာရီကနေ ညဥ့် ၁၀ နာရီအထိ လုပ်ရပါတယ်။ လုပ်အားခလည်းမရသလို အပြင်ကိုလည်းသွားလို့မရဘူး။ ကျမတို့ ရောင်း စားခံရမှန်းသိတဲ့အခါ အမျိုးသမီးတစ်ယောက်က ဦးကျော်သောင်း ဖုန်းနံပါတ် ကိုပေးပါတယ်။ ခု ကျမတို့ လွတ်လာပြီ၊ အိမ်ကို ပြန်ပို့ပေးကြပါရှင်” ဟု ၀မ်းနည်း ငိုကြွေးလျှက် ပြောဆိုသည်။


       ကိုခင်ဇော်ဦး ၏ ပြောပြချက်များအရ ၎င်းတို့သည် မော်လမြိုင်မှ တစ်ဆင့် ရေး သို့လာခဲ့ကြရသည်။ မှတစ်ဆင့် ထားဝယ်သို့ရောက်သွားသည်။ ထားဝယ်မှ တစ်ဆင့် ထီခိသို့မှပို့သည်။ နယ်စပ်အလည် ဗီဇာ စာရွက်လုပ်၍ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက် လာခဲ့ပြီးနောက် နာရီဝက်ခန့် မောင်းသွားပြီးနောက် တောင်ပေါ်တွင်ဘုရားများရှိ သည့် နေရာနှင့် မလှမ်းမကမ်းနေရာတစ်ခုလူကုန်ကူးခံရသူမြန်မာပေါင်း ရာချီ၍ ရှိသည့်နေ ရာသို့ ရောက်ရှိလာခဲ့သည်ဟုဆိုသည်။ 

      ထိုနေရာမှ နံနက် ၄နာရီခန့်တွင် မိမိတို့ ပွဲစားများဖြင့် သွားလိုသည့်နေရာများသို့ ကားထဲတွင် ကျဉ်းကြပ်စွာဖြင့် လိုက်ပါလာခဲ့ကြရသည်ဟုဆိုသည်။

          ယခု ကယ်ထုတ်နိုင်လိုက်သည့် ပလပ်စတစ် ပြန်လည်သန့်စင်သည့် အလုပ် ရုံတွင် လူကုန်ကူးခံနေရသည့် မြန်မာ မြန်မာအလုပ်သမား ၂၆ဦး(ကျား၁၀ဦး+မ၁၆ဦး) နောက်တိုး၂ဦး လာအို၂၄ဦး (ကျား၎ဦး+မ၂၀ဦး) စုစုပေါင်း ၅၂ ဦးတို့အား  ထိုင်းအစိုး ရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့  Anti-Human Traffcking Division (AHTD) ဦးဆောင်၍ MAT အဖွဲ့နှင့်အတူ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့က ကယ်ထုတ်ခဲ့ဖူးပါသည်။ 

         သို့ဖြစ်၍ အဆိုပါ အလုပ်ရုံသို့ ၂.၈.၂၀၁၇ နေ့ကမှ ရောက်ရှိလာခဲ့သည့် မထွေးထွေး ပြောပြသည့်နေရာကို MAT နှင့် DSI တို့က စုံစမ်းရာတွင် လွယ်ကူမြန် ဆန်ခဲ့ပါသည်။ ထို့ကြောင့် DSI ကတောင်းခံသည့် မြန်မာသံရုံးမှ အကူညီတောင်း ခံစာကို အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ထံမှ ယမန်နေ့ကရယူခဲ့ပြီး အဆိုပါ အလုပ်ရုံသို့စီးနင်းဝင်ရောက်ရန်အတွက် ၀ရမ်းကိုလည်း DSI နှင့် MAT အဖွဲ့မှ ကိုစိုင်းအေး တို့က အလျှင်အမြန်ဆောင်ရွက်ခဲ့ကြသည်။ 

         MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က ထိုင်းနိုင်ငံမှာလူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ရတာ ပိုမိုခက်ခဲ လာတယ်။ လူကုန်ကူးခံရသူတွေရဲ့အချက်အလက်ေ တွနဲ့ လူကုန်ကူးမှုဖြစ်နေတဲ့ နေရာတွေကို ကျနော်တို့ အတိအကျတင်ပြပြီးတော့၊ မြန်မာသံရုံးက အကူညီတောင်းခံစာပါမှ၊ လုပ်ပေးတာမျိုး၊ တရားရုံးက ၀ရမ်းရမှ လူကုန်ကူးမှုဖြစ်နေတဲ့နေရာကို စီးနင်းဝင်ရောက်တာတို့လုပ်ပါတယ်။ ထားဝယ် ထီခိ လမ်းကြောင်းဟာ ထိုင်း၊ မလေး၊ အင်ဒိုနီးရှား တို့အထိ မြန်မာလူကုန်ကူးဂိုဏ်းနဲ့ ထိုင်းလူကုန်ကူးဂိုဏ်းတွေ ဖမ်းမိတာပဲ။ ကျနော်တို့ရရှိတဲ့အချက်အလက်တွေကို နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ DSI တို့ကို ကျနော်တို့ အချက်အလက်တွေနဲ့ တင်ပြဖူးပါတယ်။ မလုပ်ကြသေးဘူး”ဟုပြောသည်။

  ယခုအလုပ်ရုံတွင်လူကုန်ကူးခံရေသူ ၅၂ ဦးတို့အား၂၀၁၃ ခုနှစ် ကယ်ထုတ်ကြ စဉ်က ထိုင်းသတင်း မီဒီယာတစ်ခုနှင့်AHTD မှတ်တမ်းဌာနတို့က လျှပ်စစ်လွှတ်ထား သည့် မီးခလုတ်များအားမှတ်တမ်းတင်ခြင်း၊ ကျဉ်းမြောင်းသည့် အခန်းများတွင် လူအများအားစုပြုံထားခြင်း၊ အသက်မပြည့်သည့် ကလေးများအားခိုင်း စေခြင်း၊ အလုပ်သမား အချို့အား ရိုက်နှက်ခဲ့ခြင်းများ ရှိကြောင်းစီစစ်တွေ့ရှိခဲ့ကြသည်။

         ထိုစဉ်အခါက မိမိဇနီးသည် လူကုန်ကူးခံနေရကြောင်း ဘုရားသုံးဆူမှ ရဲဝန် ထမ်းဟောင်း ဆိုသူကအကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။ MOU ပွဲစားလူလိမ်များကိစ္စ၊ ရန်ကုန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် MOU ပွဲစားအချို့၏ ခိုင်းစေချက်အရ၊ ထိုရဲဝန် ထမ်းကပင်လျှင်၎င်းအမျိုးသမီးထိုင်းကယ်ဆယ်ရေးစခန်း ထဲတွင်ကြာမြင့်နေခဲ့သည်မှာ ဦးကျော်သောင်း ကြောင့်ဟုအဆင်ခြင်မဲ့စွာ စွတ်စွဲပြောဆိုခဲ့သေးသည်။

     ထိုင်းအစိုးရလူကုန်ကူးမှုဥပဒေအရ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရေး စခန်းထဲတို့တွင် အနည်းဆုံး ၆လမှ တစ်နှစ်အထိအမှုရင်ဆိုင်မှုကာလအဖြစ်သက်သေ အလို့ငှါထားလေ့ရှိသည်။ ထို့ကြောင့် မြန်မာ အလုပ်သမားများမှာလုပ်အားအချိန်များစွာ ဆုံး ရှုံးနစ်နာလေ့ရှိသည်။   

          ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် လုံခြုံရေးအခြေအနေ အရ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်အလုပ်သမားကူညီမှုတို့ကိုလျှော့ချခဲ့ပါသည်။ ထိုင်း အစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ယခုသြဂုတ် လအထိ လူကုန်ကူးမှုနှိမ်နင်းခြင်း ကြိမ်တွင် လိင်အလုပ်သမများအပါအ၀င် စုစုပေါင်း ၁၄၇ ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း ၈ ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ပါသည်။

        MAT အဖွဲ့သည် ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ် တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦး၊၂၀၁၅ ခုနှစ်တွင် ၁၇၄ ဦး၊ ၂၀၁၆  ခုနှစ်တွင် ၃၄၇ ဦးကယ် တင်နိုင်ခဲ့ပါသည်။ 

   
    ယနေ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု တိုက်ဖျက်ရေးဆိုင်ရာအဖွဲ့ UNODC နဲ့ Thailand Institute of Justic (TIJ) ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံ တို့၏ ထိုင်းနိုင်ငံတွင်း လူမှောင်ခိုကူးမှု ဆိုင်ရာအစီရင်ခံစာကိုမိတ်ဆက်ထုတ်ပြန်လိုက် ပါသည်။

          အစီရင်ခံစာတွင်  မြန်မာနိုင်ငံသားများလူကုန်ကူးခံရမှုအများဆုံးမှာ တရုတ်နိုင်ငံက ပထမဖြစ်ပြီး ထိုင်းနိုင်ငံက ဒုတိယမြောက် လူကုန်ကူးခံရမှု အများဆုံးနိုင်ငံဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင်းကနေ ၇၀ ရာခိုင် နှုန်းက ထိုင်းနိုင်ငံကိုလာရောက်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းနေ ထိုင်ကြသူ ၄သန်းအနက် ၉၀ ရာခိုင်နှုန်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့က ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားသည်။

  လူကုန်ကူးခံရသော မြန်မာနိုင်ငံသား အမျိုးသားအများစုတို့သည် ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်ထုတ် လုပ်ရေး လုပ်ငန်းများတွင်ဖြစ်ပြီး အမျိုးသမီးများမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင်ဖြစ်သည်။ ကလေးငယ်များကိုမူ တောင်းရမ်းရာတွင်အတင်းအဓမ္မ ခိုင်းစေခံရသည်ဟု အစီရင်ခံစာကဆိုထားသည်။