09 August 2017

“မြန်မာဓါးပြဦးအားဘန်ကောက်တွင်ဖမ်းဆီး”

                                     
၂၀၁၇ သြဂုတ်လ ၉ ရက်
မောင်မောင်မြတ်ညို

      
ဘန်ကောက်မြို့ အယ်ကချိုင် ၇၆ လမ်းတွင် မြန်မာအချင်းချင်း ဓါးပြတိုက်သည့်မြန်မာလူဆိုး ဓါးပြနှစ်ဦး အား ယမန်နေ့ညဥ့်က နယ်မြေထိုင်းရဲများက ဖမ်းဆီးလိုက်သည်။

      ဖမ်းဆီးမိသည့် မြန်မာဓါးပြခေါင်းဆောင်အမည်မှာ အောင်ကို ဖြစ်ပြီးအသက် သုံးဆယ်ကျော်ခန့်ရှိသည်။ သူ သည် ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ၊ ဘန်ခွန်ထီယန် လမ်း (၁၀) တွင် အခြေချနေထိုင်သူဖြစ်သည်။ သူသည် ဘန်ခွန်ထီယန်နယ်ထိန်းရဲများဖြင့် ဘာသာပြန်အဖြစ်လုပ်သူဖြစ်သည်။


      အောင်ကို သည် ဖလန်ဆောင်နှင့် အယ်ကချိုင် နယ်မြေအတွင်းရှိ နေထိုင်ခွင့်မရှိသည့် မြန်မာအလုပ်သမားများ နှင့် နေအိမ်တွင်း၊ ဖိနပ်ချုပ်၊ အထည်ချုပ်၊ အိပ်ချုပ်၊ ချဉ်လုံး၊ ကော်ကပ်၊ ဈေးရောင်း စသည့် မြန်မာအလုပ် သမားများ အိမ်တို့ကို နယ်ထပ်များကိုခေါ်ပြ၍ လစဉ် ဆက်ကြေးကောက်သူဖြစ်သည်။

       အယင်အပတ်က အောင်ကို သည် မြန်မာပတ်စပို့ စာအုပ်များကို ခိုးယူလာပြီး တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် လိုက်လံရောင်းချနေခဲ့သည်။ MAT အဖွဲ့ဝင်တစ်ဦး၏ စောင့်ကြည့်မှုကိုသိရှိသွားသဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။

        ပြီးခဲ့သည့်သြဂုတ်လ ၆ရက်နေ့ညဥ့် ၁၁ နာရီ ၁၅မိနစ်အချိန်ခန့်က အယ်ကချိုင် ၇၆ လမ်းတွင်နေထိုင် သည့် အလုပ်သမားဇနီးမောင်နှံ ၂ဦးတို့ ထမင်းစားပြီးနားနေကြစဉ် ပူအိုက်သဖြင့်တံခါးကိုအနည်းငယ်ဖွင့်ထား သည်။ ထိုအချိန်တွင်သွန့် နှင့်တပည့် မောင်မင်းနိုင်ဆိုသူတို့ဝင်ရောက်လာခဲ့ကြသည်။  အိမ်တွင်းသို့ဝင်ပြီး နောက် မီးခလုပ်ကို မှိတ်လိုက်သည်။  အလုပ်သမားလင်မယား ၂ဦးတို့အား အိမ်သာထဲသို့ထည့်၍
ဓါးပြတိုက်ခံရသည့် မအေးမိစံက “ သမီးတို့ လင်မယား ၂ယောက် ထမင်းစားပြီးလို့ ဖုန်းပွတ်နေကြတာ။ ပူလို့ တံခါးကိုနဲနဲဟထားမိတယ်။ ဓါးပြ ၂ယောက်ဝင်လာပြီး ဓါးရှည်တစ်လက်ကိုပြတယ်။ သမီးတို့ အန္တရာယ်ရှိပြီ ဆို တာနားလည်လိုက်တယ်။ သမီးတို့ဆီက ဖုန်း၂လုံးကိုတောင်းတယ်။ သမီးတို့ ၂ယောက်ကို အိမ်သာထဲ သွင်းပြီး အပြင်ကဖိထားတယ်။ အခန်းမီးတွေပိတ်လိုက်တယ်။ အငယ်ဓါးပြအိမ်သာတံခါးကိုမှီးထားပြီးသမီးတို့အပြင် မထွက်နိုင်အောင်စောင့်နေတယ်။ သွန့် ကလက်နှိပ်ဓါတ်မီးနဲ့ တစ်ခန်းလုံးကိုမွှေတယ်။ ၃၂လက်မ ဆမ်ဆောင်း TV တစ်လုံး ဘတ်ငွေ နှစ်ထောင်ကျော်နဲ့ ဘတ် ၂၅၀၀ တန် လက်စွတ်တစ်ကွင်း ပါသွားတယ်၊ ပုလိပ်တိုင်ရင် သတ်မယ်လို့ခြိမ်းခြောက်သွားတယ်” ဟုပြောသည်။
    ဓါးပြများပြန်သွားသည့်အခါ မအေးမိစံက အလုပ်ရှင် သူဌေးမကိုဖုန်းဆက်လိုက်ပြီးသူဌေးနှင့်အတူ နယ်မြေရဲ စခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။ သို့ဖြစ်၍ ယမန်နေ့ညဥ့်က ဓါးပြနှစ်ဦးကို နယ်မြေရဲကဖမ်းဆီး
လိုက်မိပြီးဖြစ်ပါသည်။
          ယနေ့ညနေပိုင်းတွင် ဓါးပြအတိုက်ခံရသည့် အလုပ်သမားဇနီးမောင်နှံနှစ်ဦးနှင့်အတူ ဘန်ဘော်ရပ်ကွက် အတွင်းမှ အဆိုပါဓါးပြများ ဆက်ကြေးအကောက်ခံခဲ့ရသူများကလည်း ထပ်မံ၍ အမှုဖွင့်ရန်သွားကြမည်ဖြစ် ကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က ပြောသည်။
       ဓါးပြများခြိမ်းခြောက်ခံခဲ့ရသည့်ဇနီးမောင်နှံနှစ်ဦးတို့သည်လုံခြုံရေးအရ လုပ်ငန်းရှင်သူဌေးနေထိုင်ရာသို့ ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်ပါသည်။