14 August 2017

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့စည်း၏ လုပ်ပိုင်ခွင့်အတိုင်းအတာ





#ရေးသားသူ………
ဒေါက်တာ ရင်ရင်နွယ်

Ph.D. (Cambridge), M.Sc. Public Policy (London), B.Sc. (Yangon), F.G.A. (London)

ကျွန်မသည် ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖွဲ့စည်းများတွင် လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် စပ်လျဉ်းသော ဥပဒေများ (International Human Rights Laws and Instruments, Humanitarian Laws) ကို သင်ကြားပို့ချပေးခဲ့သော သူတယောက် ဖြစ်ပါသည်။ သို့ဖြစ်၍၊ UN ၏ လုပ်ပိုင်ခွင့်အကြောင်းကို စာဖတ်သူများ စဉ်းစား ဆင်ခြင် သုံးသပ်နိုင်ရန် တင်ပြအပ်ပါသည်။

ရခိုင်တိုင်းရင်းသား ကိစ္စသည် မြန်မာနိုင်ငံအတွက် အမျိုးသားရေးကိစ္စ ဖြစ်လာပါပြီ။ ဤကိစ္စနှင့် စပ်လျဉ်း၍၊ ကျွန်မ၏ (၂၁) နှစ် ကမ္ဘာ့ကုလသမဂ္ဂ အလုပ်အတွေ့အကြုံ နှင့် နှစ်ပေါင်းများစွာ လက်တွေ့စာတွေ့ ဆည်းပူးခဲ့သည့် အသိဉာဏ်ပညာ အချို့ကို ဝေမျှလိုပါသည်။

[အထူး သတိပြုရမည်မှာ မြန်မာပြည်တွင် နိုင်ငံသားများအပေါ် မြန်မာနိုင်ငံ၏ တရားဥပဒေဘောင်နှင့်အညီ၊ လူမျိုးမရွေး ဘာသာမရွေး တန်းတူဆက်ဆံရမည် ဖြစ်ပါသည်။]


၁။ UN နှင့် နိုင်ငံတကာ၏ စည်းမျဉ်းဥပဒေများအရ၊ နိုင်ငံသား ဖြစ်ရေး၊မဖြစ်ရေး (Citizenship) သည်၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ကိစ္စ ဖြစ်ပါသည်။
(အောက်တွင် ဖေါ်ပြထားသော အညွှန်းစာတမ်းများ [1][2][3][4] တွင် ပါဝင်ပါသည်)။ မိမိ၏ အချုပ်အခြာအာဏာ ကို ထိပါးလာလျင် မည်သည့်နိုင်ငံကမှ UN ကိုပင်လျင် သည်းခံမည် မဟုတ်ပါ။ (ဥပမာ၊ အမေရိကန် ပြည်ထောင်စု၊ အညွှန်း [5])။ သြစတြေးလျ နိုင်ငံသည်လည်း လှေဒုက္ခသည်များကို မိမိတို့က လက်ခံသင့်သည် ဟု UNမှ ထွက်ဆိုချက်ကို ခါးသီးစွာ ငြင်းပယ်ခဲ့သည်။ (အညွှန်း [6])။ ဤအချက်များကို သိသင့်သော UN အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း သည် နိုင်ငံကြီးများကိုမူ တိုက်ရိုက်မပြောရဲပဲ ကျွန်မတို့ မြန်မာနိုင်ငံကိုသာ ၂၀၁၃ ဇူလိုင်လ နှင့် ၂၀၁၅ ဧပြီလ တို့တွင် ဝင်ရောက်စွက်ဖက် ပြောဆိုခဲ့ပါသည်။

၂။ UNနှင့် အခြားနိုင်ငံကြီးများသည်၊ မြန်မာနိုင်ငံကို နိုင်ငံသားကိစ္စနှင့်စပ်လျဉ်း၍ ဝင်ရောက်စွက်ဖက် ပြောဆို လက်ညှိုးထိုးခြင်း သည် UNနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားထိပါးခြင်းဖြစ်သည်။

      ဆိုလိုသည်မှာ UN နှင့် အခြားနိုင်ငံကြီးများ မည်သို့ပင် ပြောစေကာမူ၊ နိုင်ငံသား ဥပဒေ ပြင်သင့်/မပြင်သင့်၊ နိုင်ငံသား ပေးသင့်/မပေးသင့် သည် ကျွန်မတို့နိုင်ငံနှင့်သာ သက်ဆိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာဥပဒေရှုထောင့်မှလည်း ဤရပ်တည်ချက်သည် ခိုင်မာပါသည်။ သို့သော်၊ အထူးသတိပြုရမည်မှာ နိုင်ငံသားဖြစ်လာပြီးနောက် ဥပဒေေ ဘာင်နှင့်အညီ လူမျိုးမရွေး ဘာသာမရွေး တန်းတူဆက်ဆံရမည် ဖြစ်ပါသည်။

၃။ နိုင်ငံသားတဦးဖြစ်ရန်၊ ကျန်လူမျိုးစုများအတိုင်း နိုင်ငံတော်မှ သတ်မှတ်ထားသော လူမျိုးစု အခေါ်အဝေါ် ကို #လက်ခံရပါမည်။ ဤကိစ္စတွင် အမေရိကန် နှင့် ဗြိတိသျှ တို့၏ ဖိအားပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း တို့ကို လုံးဝ လက်မခံသင့်ပါ။

၎။ မည်သူက တိုင်ရင်းသား ဖြစ်သည်၊ မဖြစ်သည် ဆိုသည်မှာလည်း နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ကိစ္စဖြစ်သည်။ တိုင်ရင်းသားဟူသော Indigenous Peoples စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို UN တွင်ရှိသော နိုင်ငံအသီးသီးပင်လျင် သဘော မတူနိုင်ကြပေ။ (အညွှန်း [7])

ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း မိမိ၏ ဥပဒေ၊ စည်းမျဉ်းများ အတိုင်းသာလျင် တိုင်ရင်းသားကိစ္စကို ကိုင်တွယ်ရမည်။ UN နှင့် နိုင်ငံကြီးများ၏ ဝင်ရောက်စွက် ဖက်ခြင်းကို လက်မခံသင့်ပါ။

ဒေါက်တာ ရင်ရင်နွယ်

Ph.D. (Cambridge), M.Sc. Public Policy (London), B.Sc. (Yangon), F.G.A. (London) သည် ကမ္ဘာ့ကုလသမဂ္ဂတွင် ၁၉၉၀-၂၀၁၁ ကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့၍၊ နောက်ဆုံးတာဝန်မှာ ၂၀၀၆ မှ ၂၀၁၁ အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၌ UNICEF ၏ ဌာနေကိုယ်စားလှယ်ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံဖြစ်သည့်အလျောက် ထိုရာထူးသည် UN၏ ဌာနေကိုယ်စားလှယ် ရာထူးအများ စုထက် ပိုမြင့်ပါသည်။

စာပိုဒ်များပါအညွှန်းများ၏ စာအပြည့်အစုံ
========================
[1] UNESCO: “Citizenship" http://www.unesco.org/…/international…/glossary/citizenship/
[2] “Nationality under public international law is an integral element of national sovereignty. There is no statehood without a state’s authority over its nationals, internally or externally.” Hailbronner, K., 2006. Nationality in public international law and European law. In: Acquisition and Loss of Nationality: Policies and Trends in 15 European States (Volume 1: Comparative Analyses. Eds: R. Bauböck, E. Ersbøll, K. Groenendijk and H. Waldrauch. International Migration, Integration and Social Cohesion. Amsterdam: Amsterdam University Press.

[3] Beckman,R., and Butte, D., 2009. Introduction to International Law,
https://www.ilsa.org/…/2014-08-15-09-28-…/research-resources

[4] Harrington, J., 2009. The Right to Citizenship under International Law. http://africanarguments.org/…/the-right-to-citizenship-und…/

[5] Rabkin, J., 2001. Essay: The Human Rights Agenda Versus National Sovereignty. Freedom House. https://freedomhouse.org/…/essay-human-rights-agenda-versus…
 
[6] “Prime Minister Tony Abbott has hit out at the United Nations (UN) over a scathing report on the Government's asylum policies, saying Australians are sick of being lectured to by the international organisation”. Kozaki, D. ABC News, 9 Mar 2015. http://www.abc.net.au/…/tony-abbott-hits-out-united…/6289892
 
[7] UN-DESA 2004. The Concept of Indigenous Peoples: Background paper prepared by the Secretariat of the Permanent Forum on Indigenous Issues.

and
Asia Pacific Forum of National Human Rights Institutions and the Office of the United Nations High Commissioner for Human Rights, August 2013.The United Nations Declaration on the Rights of Indigenous Peoples: A Manual for National Human Rights Institutions. http://www.ohchr.org/…/Is…/IPeoples/UNDRIPManualForNHRIs.pdf