18 August 2017

“လက်ချောင်းပြတ်ခဲ့သည့်ကိုလှမျိုး နစ်နာကြေးလာထုတ်ယူပါ”




၂၀၁၇ ခု သြဂုတ်လ ၁၈ ရက်
မင်းဘခက်

            လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရှိသွားခဲ့သော ပဲခူးတိုင်း နတ်တလင်းမြို့မှ ကိုလှမျိုး -(ပတ်စပို့နံပါတ်-TJ 032450)  သည် ယခုတိုင် နစ်နာကြေးလာမထုတ်သေးပါသဖြင့် သိရှိနိုင်သူများ ၀ိုင်းဝန်း ဆက်သွယ်ပေးကြပါရန် MAT အဖွဲ့က တိုက်တွန်းလိုက် သည်။

        ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော အေကချိုင် အလုပ်ရုံအတွင်း အလုပ်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် ကိုလှမျိုး အတွက် နစ်နာကြေးဘတ်ငွေ ၈၀,၀၀၀ ကို ၁၅.၁.၂၀၁၅ နေ့ကတည်းက တရားရုံးသို့ရောက်ရှိနေခဲ့ ပြီဖြစ်သည်။

        ဤအမှုကိစ္စရပ်ကို ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ဖန်င အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)  တို့က ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။

    ပဲခူးတိုင်း၊ နတ်တလင်းမှ  ကိုလှမျိုးကို တွေ့ရှိပါက MAT အဖွဲ့မှ  ကိုဘခက် 08731 21179  နှင့် ဦးကျော်သောင်း 084 670 5727  သို့ ဆက်သွယ် ပေးကြစေလိုပါသည်။