16 August 2017

“လိပ်ကျွန်းနောက်ဆုံးအယူခံအတွက် မြန်မာသံရုံးအထူးအဖွဲ့ ထိုင်းရှေ့နေများကောင်းနှင့်တွေ့ဆုံ”




၂၀၁၇ သြဂုတ်လ ၁၆
မြတ်ညို (အလွတ်သတင်းထောက်)

      ကော့တောင်(လိပ်ကျွန်း)လူသတ်မှုအတွက် နောက်ဆုံးအယူခံတင်နိုင်ရေး အတွက် ဘန်ကောက် မြန်မာသံအမတ်ကြီးဦးဆောင်သည့် အထူးစုံစမ်းရေးအဖွဲ့နှင့် ထိုင်းရှေ့နေများကောင်စီတို့ ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။

         ဘန်ကောက်မြန်မာသံရုံး သံအမတ်ကြီး ဦးမျိုးမြင့်သန်း ခေါင်းဆောင်သည့် မြန်မာသံရုံးအထူးစုံစမ်း ရေးကော်မတီတို့သည် လာမည့် သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အဆင့်မြင့် အယူခံတရားရုံးသို့ တင်ရမည့် လိပ်ကျွန်းအမှုတွဲကိစ္စရပ်ဖြင့် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

        လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီမှ ဥပဒေပညာရှင် မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က“အမှုကိုကိုင် တွယ်နေတဲ့ ထိုင်းရှေ့နေကြီးတွေက အမှုတည်ေ ဆာက်ထားမှု၊ အဆုံးဖြတ်ပေးထားမှုနဲ့ နောက်ဆုံးအခြေ နေတို့ကို သံအမတ်ကြီး အသစ် ဦးမျိုးမြင့်သန်း ကိုရှင်းပြတယ်။ ဒါ့အပြင် အင်္ဂလန်ဘက်က လိုအပ်ချက်၊ ထိုင်း တရားစွဲအဖွဲ့ရဲ့အားနည်းချက်တွေကို ဥပဒေဘောင်အတွင်းက ရှင်းပြပါတယ်။ ကလေး ၂ ယောက် ကံကောင်းလိမ့်မယ်လို့ အားလုံးက ယုံကြည် ထားကြပါတယ်” ဟုပြော သည်။


          အယူခံနောက်ဆုံး၏ ရလဒ်အဖြေကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ သိရှိနိုင် မည်ဖြစ်ကြောင်း၊ အမှု တည်ဆောက်ထားပုံအရ ၀င်းနှင့်ဇော် တို့မှာ လွတ်မြောက်နိုင် ကြောင်း၊ အကယ်၍ နောက်ဆုံးအယူခံတွင် ရှုံးနိမ့်ခဲ့ပါကလည်း ထိုင်းဘုရင်ထံတွင် အသနားခံရန်အထိ ပြင်ဆင်ထားပါကြောင်း ရှေ့များကောင်စီ၏ ပြင်ဆင်ထားမှုကို ဦးအောင်မျိုးသန့်က ရှင်းပြပါသည်။