31 August 2017

ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို လျှော့တွက်ပါက ပြန်ကုစား မရနိုင်သည့် သမိုင်းသင်ခန်းစာရမည်ဟု သူရဦးအောင်ကို သတိပေး

မောင်တောဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်ခြားေ စာင့်တပ်ဖွဲ့ဝင်တစ်ဦးကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
 
ရခိုင်ပြည်နယ် တွင် အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုကို လျှော့တွက်ပါက ပြန်ကုစားမရနိုင်သည့် သမိုင်းသင်ခန်းစာကြီး ရရှိနိုင် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သတိ ပေးသည်။

‘‘လျှော့တွက်လိုက်လို့ရှိရင် နောင် ၁၀ နှစ်၊ အနှစ် ၂၀ လောက်ကြာသွားတဲ့အခါမှာ သမိုင်းသင် ခန်းစာကြီး ကောင်းကောင်းရသွား နိုင်ပါတယ်။ အဲဒီကျရင်တော့ ပြန် ကုစားလို့မရနိုင်တော့ပါဘူး’’ဟု ဩဂုတ် ၃၀ ရက်က ပြည်သူ့လွှတ် တော်အစည်းအဝေးအပြီးတွင် ရခိုင်အရေးနှင့်ပတ်သက်၍ မီဒီ ယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယခုတိုက်ခိုက်မှုကို လျှော့ တွက်ပါက တစ်ကမ္ဘာလုံးနှင့်ချီ၍ ဒုက္ခပေးသော အိုင်အက်စ် အဖွဲ့ ဝင်များ၏ အထောက်အပံ့များ ဝင်လာနိုင်ကြောင်း၊ ကြိုတင်မျှော်တွေးထားရန် လိုအပ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ခြံစည်းရိုးတံခါး ကျိုးပေါက်နေ သည်မှာ နှစ်ပေါင်း ၅၀ မကတော့ ဘဲ ခေတ်အဆက်ဆက်ကလည်း တားဆီးနှိမ်နင်းခြင်း မပြုလုပ်ခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

‘‘တချို့ကလည်း တာဝန်ကျ တဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေရဲ့ မသမာမှုတွေလည်း ပါပါတယ်။ အခု ဖြစ်နေတဲ့ ဖြစ်စဉ်တွေဟာ သတိပေးခေါင်းလောင်းသံပေး လိုက်ခြင်ြး ဖစ်ပါတယ်’’ဟု သူရဦးအောင်ကိုက ပြောသည်။

ရခိုင်ပြည်နယ်ရှိ အနောက် ဘက်ခြံစည်းရိုး နယ်နိမိတ်ကို ကာ ကွယ်နိုင်ရန် ပြည်တွင်း ငြိမ်းချမ်း ရေးကို မဖြစ်မနေ တည်ဆောက် ရန် လိုအပ်ပြီး ပါဝင်ပတ်သက်နေ သည့် အဖွဲ့အစည်းများကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ အ ကျိုးစီးပွားအတွက် ကိုယ် ကျိုးစီး ပွားစွန့်လွှတ်မှုများ ပြုလုပ်မှသာ ထာဝရငြိမ်းချမ်းရေး ရနိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ထာဝရငြိမ်းချမ်း ရေးမှတစ်ဆင့် အားလုံး လက်ခံနိုင်သည့် ဒေါင်ဒေါင်မြည် ပြည် ထောင်စု တပ်မတော်တစ်ခု တည်ဆောက်ရမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။

‘‘ဒါမှသာ မြန်မာနိုင်ငံရဲ့ အ နောက်ဘက်ခြံစည်းရိုး၊ ကုန်းနယ် နိမိတ်၊ ရေနယ်နိမိတ်ကို ကာ ကွယ်နိုင်မှာ ဖြစ်ပါတယ်။ သာမန် လို့ ပေါ့ဆမတွက်ဘဲနဲ့ နိုင်ငံတော် ရဲ့ အချုပ် အခြာ အာဏာနဲ့ ပိုင် နက်နယ်မြေကို ထာဝရတည်တံ့ ထိန်းသိမ်းနိုင်ဖို့အတွက်ကို ပြည် ထောင်စုစိတ်ဓာတ်နဲ့ ပြန်လည်ညှိ နှိုင်းပြီးတော့မှ အပေးအယူအ လျှော့အတင်း လုပ်ပြီးတော့မှ အ ကောင်အထည်ဖော်ဖို့ လိုအပ်လာပြီ၊ အချိန်တန်လာပြီလို့ ပြောချင် ပါတယ်’’ဟု ၎င်းက ပြောသည်။

ထိုသို့ လုပ်ဆောင်ရန် ခက်ခဲ မည်ဟု ထင်ရသော်လည်း လိုအပ်သည့် ပညာပေးမှု၊ လေ့ကျင့်မှု၊ စစ်သည်တော်ကျင့်ဝတ်များကို သင်ကြားပေးပါက နောင် ဆယ် စုနှစ် တစ် ခု၊ နှစ်ခုအတွင်း အရှေ့ တောင်အာရှတွင် အင်အားတောင်းတင်းသည့် ပြည်ေ ထာင်စု ကြည်းတပ်မတော်တစ်ခု ဖြစ်ပေါ်လာသည်မှာ သေချာကြောင်း သူရဦးအောင်ကို က ပြောသည်။
မောင်တော  ဒေသတွင် ဩဂုတ် ၂၅ ရက် အရုဏ်တက် ချိန်တွင် ရဲကင်းစခန်း ၃၀ ကို အ စွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများက တစ်ချိန်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ ဝန်ထမ်းတစ်ဦး ကျဆုံးခဲ့ပြီးနောက် ဩဂုတ် ၂၉ ရက်အထိ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများ ထိခိုက်သေကျေမှုများရှိနေသည်။