28 August 2017

“MAT အဖွဲ့အား ဒုတိယအကြိမ် DSI MODEL NETWORK ဆုချီးမြှင့်”

               
၂၀၁၇ ခုသြဂုတ်လ ၂၈ ရက်
ရွှေလုပ်သား


           ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံလူကုန်ကူးမှုလျှော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ခဲ့ကြသောထိုင်းနှင့်   နိုင်ငံတကာလူပုဂ္ဂိုလ်အချို့နှင့်အတူ MAT အဖွဲ့တို့ကိုပါ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးစုံစမ်းထောက်လှမ်းရေး DSI က ဂုဏ်ပြုလွှာနှင့် ရွှေတံဆိပ်ဆုများ ချီးမြှင့်ခဲ့သည်။
        အဆိုပါဆုပေးပွဲတွင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ နိုင်ငံခြား ဆက်ဆံရေး နှင့် ရုံးတာဝန်ခံ ကိုစိုင်းအေး အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး စုံစမ်းရေး Department of Special Investigation , Ministry of Justice က 2017 ခုနှစ်အတွက် DSI MODEL NETWORK” ဆုကို ချီးမြှင့်ခဲ့သည်။



          စင်ထရယ်ဟိုတယ်တွင်ပြုလုပ်သည့် ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်း အနားတွင် နည်းပညာများ ကူညီ ပံ့ပို့ပေးကြသည့် နိုင်ငံခြားသံရုံးမှ တာဝန်ခံအရာ ရှိများ၊ နိုင်ငံခြားနည်းပြများ၊ သတင်းအချက်အ လက်ပေးပို့သည့် ထိုင်းဘဏ်တစ်ခုမှ စာရေးမ တစ်ဦး၊ လူကုန်ကူးမှုဖြစ်စဉ်များကို ၀ိုင်းဝန်းကူညီပေးခဲ့ကြ သည့် ထိုင်းနိုင် ငံအနှံ့ အပြားမှ ထိုင်းလှုမှုအသင်းအဖွဲ့စည်းများ နှင့်အတူ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ ကိုစိုင်းအေး တို့ကရရှိခဲ့ခြင်းဖြစ် သည်။

 ကိုစိုင်းအေးက     “MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ဖြစ်ရပ်တွေကို စီမံခန့်ခွဲပေးမယ်။ ထိုင်းနဲ့မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီတွေနဲ့ ညှိနှိုင်းတိုင်ပင်တယ်။ DSI က အရာရှိတွေဖြစ်ကြတဲ့ Mr.Komvich Padhanarath   Chief of Prevention and Suppression  Div. 1 - Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice  နှင့် Chief of Prevention and Suppression Div. 2 -  Pol. Maj. Jatuporn  Arunleaktawin  တို့က ကျနော်တို့ တင်ပြတာကိုအဓိက အကူညီပေးပါတယ်၊ ဒီနှစ်ဟာ ကျနော်တို့အဖွဲ့ ဒုတိယအကြိမ်မြောက် ဂုဏ်ပြုဆုရရှိခြင်းဖြစ်ပါတယ်” ဟုပြောသည်။


၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က DSI မှ ချီးမြှင့်သည့် ဆုကို ဦးကျော်သောင်းနှင့် ဘန်ကောက်မြန်မာသံရုံးတို့က ပထမဆုံးအကြိမ်ရရှိခဲ့ကြသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာ အောက်တို
ဘာ(၁) ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရဲချုပ် ဇော်ဝင်းက MAT အဖွဲ့ ဒါရိုက်တာ
ဦးကျော်သောင်း ကို ရဲချုပ်ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ခဲ့သည်။

          MAT အဖွဲ့အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ရေးအထူးရဲတပ်ဖွဲ့ Anti-Human Trafficking Division (AHTD) မှ ၂၀၁၃ ကတစ်ကြိမ်၊ ၂၀၁၄ ကတစ်ကြိမ် ဂုဏ်ပြုလွှာနှင့် ဘတ်ငွေတစ် သောင်း ခွဲဆုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ 

        ၂၀၁၅ နှစ်ကလည်း ရန်ကုန်အခြေစိုက် ဆဲဗင်းဒေး သတင်းစာတိုက်မှ အများအတွက် သက်စွန့်ဆံဖျား အများ အတွက်စွန့်စားကြသူများကို တစ်နှစ်တစ်ကြိမ် ရွေးချယ်ချီမြှင့်သော 7Day Hero  ဆုကို၊ ပြည်တွင်းမှ ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့နှင့်အတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် အတူ MAT အဖွဲ့တို့ ပူးတွဲရရှိခဲ့ဖူးပါသည်။