13 August 2017

“ပွဲစားလိမ်လည်၍ထိုင်းနိုင်ငံသို့ပို့ဆောင်ခံရသူ၈ဦးအားပူးပေါင်းကူညီ”



                  
၂၀၁၇ သြဂုတ်လ ၁၃ ရက်
မြတ်ညို (အလွတ်သတင်းထောက်)


         နိုင်ငံကူးလက်မှတ်လုပ်ကိုင်ပေးလျှက် ထိုင်းနိုင်ငံအတွင်းသို့လိမ်လည် ပို့ဆောင်ခြင်း ခံရသည့် မြန်မာ ၈ဦးတို့အား MATအဖွဲ့နှင့် ထိုင်းမြန်မာအစိုးရတာဝန် ရှိသူများက ယနေ့ပူးပေါင်းကူညီနိုင်ခဲ့သည်။

       အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သည့် အလုပ် ၈ဦးအား ကူညီပေးနိုင် ရန်အတွက် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်  က တာဝန်ပေးအကူညီတောင်းခံခဲ့သည်။
 

         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ကိုစိုင်းအေး က ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံ စမ်းထောက်လှမ်းရေးဌာနမှ  Chief of Prevention and Suppression Div. 1  Mr.Komvich Padhanarath  ……Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice  နှင့်  Chief of Prevention and Suppression Div. 2 Pol. Maj. Jatuporn  Arunleaktawin တို့ထံသို့ သတင်းပို့ကာ ကူညီဆောင် ရွက်ပေးခဲ့ခြင်းဖြစ်သည်။

        ကိုယ်တိုင်သွားရောက်ကူညီပေးခဲ့သည့် ကိုစိုင်အေး ကအလုပ်သမားသံအရာ ရှိ ဦးမိုးအောင်ခိုင် က အကူညီတောင်းလို့သွားလိုက်တာ။ DSI က အရာရှိကြီး ၂ယောက်ကို သတင်းပို့တယ်။ အခု သံရုံးကိုခေါ် လာတယ်။ လိုအပ်တဲ့စာရွက်စာတမ်း မ်းတွေလုပ်ပြီး မော်ချစ်ကားဂိတ်ကို ကျနော်သွားပို့နေပြီ။ မဲဆောက်က အလုပ်သမား သံအရာရှိက ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်ဟုပြောသည်။


          ပွဲစားက ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ မြို့ရွှေထားဝယ် ကာြး ဖင့် ထားဝယ်မြို့ သို့ တင်ပို့ လိုက်သည်။ ထားဝယ်မှ တစ်ဆင့် ထီခီနယ်စပ်ဂိတ်မှ နယ်စပ်ဖြတ်ကျော်ခွင့်စာရွက်ဘော်ဒါပတ်စပို့ နှင့် ထိုင်းနိုင်ငံအတွင်းသို့ခေါ် သွင်းလာ ခဲ့ပြီး ဘန်ကောက်မြို့အပြင်ဘက် ပထုံဌာနီနယ်မြေ ဒွန်မောင်း လေယာဉ်ကွင်း အနီးရှိ ဆောက်လုပ်ရေးနယ်မြေတစ်ခုသို့ ပို့ဆောင်ထားခဲ့သည်။

      အလိမ်ခံရသည့်အလုပ်သမားတစ်ဦးဖြစ်သူ တင်အောင်မိုး က ပွဲစား ကိုကျော်စွာ ကျနော်တို့ တစ် ယောက်စီ ကျပ်ငွေ ငါးသိမ်းစီပေးရပါတယ်။ သြဂုတ်လ ၈ရက်ကြံခင်း ကရန်ကုန်ကိုလာရတယ်။ သြဂုတ်လ ၉ရက်ရန်ကုန်ကနေ မြို့ရွှေထားဝယ်ကားနဲ့ မြိတ်ကိုပို့တယ်။ ထိုင်းရောက်တော့ သူဌေးကိုယ်တိုင်လာခေါ် လိမ့်မယ်ဆိုပြီး တင်ပေးလိုက်တာပါ။ သြဂုတ် ၁၀ ရက်နေ့မှာ ထိုင်းကိုတော့ရောက်လာတယ်။ ဘယ် ရောက်လို့ရောက်မှန်းကျနော်တို့ မသိတော့ဘူးအားလုံး၂၅ယောက်ပါ” ဟုပြော သည်။


          လိမ်လည်ခဲ့ရသူများမှာ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှဖြစ်ကြသည်။ ၎င်းတို့ မှာ တင်အောင်မိုး၊ ၄၄ နှစ်၊ ကိုဇော်ဇော် ၃၆နှစ်၊ ကိုအောင်ကျော်မိုး ၄၀၊ ကိုအံ့ကျော် ၃၈နှစ်၊ ကောင်းမြတ်ဇော်၂၆နှစ်၊ ဦးတင်ဝင်း ၅၅နှစ်၊ ကိုအုန်းဌေး ၄၄နှစ်၊ဒေါ်သန္တာဝင်း   ၄၂ နှစ်တို့ဖြစ်ကြသည်။ 
 
       အလိမ်ခံခဲ့ရသည့် အလုပ်သမား ၈ဦး ဆုံးရှုံးနစ်နာမှုများနှင့် အလုပ်သမား များထပ်မံအလိမ်မခံရရေး အတွက် ယခင်လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ထုံးလုပ်နည်းများ အတိုင်း MAT အဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်လက် အကူညီပေးဆောင်သွား မည်ဖြစ်ပါသည်။