21 August 2017

“ကော့တောင်(လိပ်ကျွန်း)အမှုနောက်ဆုံးအယူခံတင်”




၂၀၁၇ သြဂုတ်လ ၂၁ ရက်
ရွှေလုပ်သား

          ယနေ့နံနက်က ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံအား ထိုင်းရှေ့နေများကောင်စီ မှ ကော်စမွေတရားရုံးတော်သို့ တင်ခဲ့ပြီဖြစ်ပါသည်။ 

       စာမျက်နှာ ၃၁၉ မျက်နှာပါသော နောက်ဆုံးအယူခံလျှောက်လဲချက်အမှုတွဲကို ထိုင်းရှေ့နေများကောင် စီမှ ရှေ့နေအမျိုးသမီး ထစ်(Tip)နှင့် FED မှအမျိုးသမီးရှေ့နေ ရှီ (She) တို့နှစ် ဦးတို့သည် ယနေ့နံနက် ၉နာရီခွဲက ကော့စမွေ အယူခံတရာရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ 


   
    အဆိုပါ လျှောက်လဲချက်တွင် အဓိက ကျသော ကွဲလွဲချက် ၁၁ ချက်ကို မူတည်၍ အားသာချက်ပေါင်း ၅၅ ချက်တို့ကို အသေးစိတ် အကျယ်တ၀င့် တင်ပြလျှောက်လဲ ထားခြင်းဖြစ်ပါသည်။

ကော့တောင်(လိပ်ကျွန်း) မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီမှ မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်က “ရှေ့နေများကောင်စီနဲ့ တွေ့ဆုံတုန်းကအနည်းဆုံးခြောက်လကြာ ရမယ့်အမှုကိစ္စ မကြာပဲနဲ့ ပြန်ချတာကို ကြည့်မယ်ဆိုရင် ဒီအမှုဟာ မျှော်လင့်ချက်ရှိ တယ် ဆိုတာကိုလည်း၊ ထိုင်းရှေ့နေများကောင်စီက ပြောခဲ့ပါတယ်။ ဥပဒေအရ ၀င်းနဲ့ဇော် တို့ ၂ယောက်ဟာ အပြစ်မရှိပါဘူး။ အမှုအပြောင်းအလဲဖြစ်လာမယ်လို့ တော့ ယုံကြည်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ဥပဒေကို ထိုင်းနိုင်ငံထဲကိုရောက်လာ တဲ့ဘယ်နိုင်ငံသားမဆို ခံစားခွင့်ရ ရှိပါတယ်။ ဒါကြောင့်ဒီအမှုက လုံးဝလွတ်မြောက် သွားလိမ့်မယ်လို့ယုံကြည်ပါတယ်” ဟုပြောသည်။

       ထိုင်းဥပဒေအရ အယူခံခြင်းသည် ၆လမှ ၁ နှစ်အထိကြာမြင့်နိုင်သည်။ လိပ်ကျွန်းအမှုတွဲမူရင်းသည် စာမျက်နှာပေါင်းလေးထောင်ကျော်ရှိပါသည်။ ယနေ့တင်လိုက်သည့် ကော့စမွေ အယူခံတရားရုံးမှ အမှုတွဲ ကို ဘန်ကောက် အဆင့်အမြင့်ဆုံးအယူခံရုံးသို့ပေးပို့မည်ဖြစ်ပါသည်။