19 August 2017

လဘက်ရည်ဆိုင်တွင် အလုပ်ပေးမည်ဟုဆိုကာ လူမှောင်ခိုကုန်ကူးသည့် အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးရမိ



19 August 2017 16:06(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)


မိုးကောင်း သြဂုတ် ၁၉

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာတွင် အသက် ၂၀နှစ်အရွယ် မိန်းကလေးတစ်ဦးအား လဘက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ ဖျားယောင်းေ သွးဆောင်၍ လူကုန်ကူးမှုဖြစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ၂၀၁၆ခုနှစ် သြဂုတ်လ ၁၇ရက်က မန်ရွက်ကျေးရွာ၌ နေထိုင်သူ ဦးစိန်မောင် ၏သမီး မဌေးဌေးဝင်း(၂၀)နှစ်အား တစ်ရွာတည်းနေထိုင်သူ ဒေါ်နှင်းမေ(၄၂)နှစ် ၊ဒေါ်ကြည်ရွှေ(၅၇)နှစ်တို့နှစ်ဦးမှ မြစ်ကြီးနားမြို့ရှိ လဘက်ရည်ဆိုင်တွင် တစ်လလျင် တစ်သိန်းခွဲကျပ်ဖြင့် အလုပ်ရမည်ဟုဆိုကာ မိခင်ဖြစ်သူအား ကြိုတင်လစာ(၃) လစာငွေ ကျပ်လေးသိန်းခွဲပေးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

လေးလခန့်အကြာတွင် မိသားစုနှင့်အဆက်အသွယ်မရရှိ၍ စုံစမ်းကြည့်ရာ ဒေါ်နှင်းမေနှင့်ဒေါ်ကြည်ရွှေတို့မှ မဌေးဌေးဝင်းအား မြစ်ကြီးနားသို့ခေါ်ဆောင်ခဲ့ကာ တရုပ်ပြည်နယ်စပ်တွင် အသင့်စောင့်နေသူ မန်ရွက်ကျေးရွာနေ ဒေါ်မိုးရီ(၅၅)နှစ် အားလွှဲပြောင်းပေးအပ်ခဲ့ပြီး တရုပ်ပြည်သို့ပို့ဆောင်ခဲ့ကြောင်း သိရှိရခြင်းကြောင့် မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၇၈/၂၀၁၇ရာဇသတ်ကြီးပုဒ်မ-၃၆၅ဖြင့်အမှုဖွင့် တိုင် ကြားခဲ့သည်။

နယ်မြေခြင်းချိတ်ဆက်မှုသတင်းအရ ကသာခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်အောင်အောင်သန်း ဦးစီးအဖွဲ့၊ထီးချိုင့်မြို့မရဲစခန်းမှူး ဒု-ရဲမှူးသန်းထွဋ်အောင် ဦးစီးအဖွဲ့မှ ရှာဖွေဖမ်းဆီးရာ ယမန်နေ့  သြဂုတ် ၁၇ရက် ၂၀၁၇ ညနေ ၃နာရီခွဲတွင် ထီးချိုင့်မြို့နယ် ဗန်းမော်-မန္တလေး ကားလမ်းမတွင် ဒေါ်နှင်းမေနှင့် ဒေါ်ကြည်ရွှေတို့ နှစ်ဦးအား ဖမ်းဆီးမိခဲ့၍မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်း ဦးစီးအဖွဲ့မှသွားရောက် ခေါ်ဆောင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်နှင်းမေနှင့်ဒေါ်ကြည်ရွှေတို့နှစ်ဦးအား မိုးကောင်းမြို့မရဲစ ခန်း တွင် လူမှောင်ခိုကုန်ကူးမှုဖြင့် အရေးယူထားပြီး ဒေါ်မိုးရီအား ဆက်လက်ဖော် ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြို့မရဲစခန်း၏သတင်းအရ သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/