02 May 2015

“ဆေးကုသခံနေရာမှ တတိယမြောက်အလုပ်သမတစ်ဦးဆေးရုံတွင်သေဆုံးပြန်”



           
၂၀၁၅ မေလ  ၂ ရက်
ဆန်းဦး

        မဟာချိုင်အမှတ်၃ ဆေးရုံကြီးတွင် ဥဏှောက် ခွဲစိတ်ကုသထားရသည့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကညင်တပင်ကျေးရွာမှ အဘ ဦးမြင့်+ဒေါ်စံမှီ တို့၏ သမီး အသက် ၂၀အရွယ်  မဇင်မျိုးလှိုင်သည် ယမန်နေ့ ညနေ  ၄နာရီငါးမိနစ်ခန့်တွင် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါသည်။

        ယခုသေဆုံးသူနှင့် ဆိုလျှင် ကားမှောက်ခြင်းကြောင့် မြန်မာအလုပ်သမား ၁၂မြောက်ကွယ်လွန်ခဲ့ပြီ
ဖြစ်ပါသည်။

          ယခုသတင်းအား ဖတ်မိသူများအနေဖြင့် ဖေါ်ပြပါမိဘများအား ကျေးဇူးပြု၍ ပြောကြားပေးကြပါရန်   ရွှေလုပ်သား အင်အားစုက လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။