19 May 2015

“တိမ်ပန်းချီအေဂျင်စီမှပို့ထားသည့်အလုပ်သမား၃၅ဦးမြန်မာသံရုံးသိုလာရောက်”



                     
၂၀၁၅ မေလ ၁၉ ရက်
မြတ်ချို
           တိမ်ပန်းချီအေဂျင်စီမှ တင်ပို့ထားသည့် အလုပ်သမား၃၅ဦး တို့သည် ထိုင်းကိုရောက်လာပြီး ၃လကြာသည့်တိုင်အောင် အလုပ်မလုပ်ရသေးသဖြင့် အလုပ်ရုံနေရာ ခြုံဘူရီမြို့နယ်မှဘန်ကောက်   မြန်မာသံရုံးသို့ ယနေ့ ထွက်ခွာလာခဲ့ကြောင်း သိရှိရသည်။

    အလုပ်သမားတစ်ဦးက“ကျနော်တို့ ထိုင်းကိုရောက်လာတာ သုံးလပြည့်ေ တာ့မယ်။ ခုထိအလုပ်မလုပ်ရသေးဘူး ကျနော်တို့မှာ ဒီကိုလာခဲ့တဲ့ငွေတွေက အတိုးနဲ့ချေးလာရတာ။ အတိုးတွေ တက်နေတယ်။ ၁၁ ယောက်ကိုယ့် အစီအစဉ်နဲ့ကိုယ် ထွက်သွားကြပြီ၊ တိမ်ပန်းချီအေဂျင် စီဒါရိုက်တာကို ဖုန်းဆက်တော့ ထိုင်းဘက်မှာ သူနဲ့ မဆိုင် ဘူးတဲ့ ဌေးကုမ္ပဏီက ဦးသောင်းနိုင် တို့ လင်မယား နဲ့ပဲ ဆိုင်တယ်တဲ့။ ဘန်ကောက်က အေဂျင်စီပွဲစားရုံး MOEAF ကိုဖုန်းဆက်တော့ သူတို့လည်းမ ရှင်းပေးနိုင် ဘူးတဲ့။ အလုပ်သမားသံအရာရှိကိုဖုန်းဆက်တော့လည်း နေပြည်တော်ကိုစာပို့ပါတဲ့။ ကျနော်တို့ အလုပ် သမားတွေရဲ့ဘ၀။ နိုင်ငံရပ်ခြားမှာ မမှန်မကန်အေဂျင်စီတွေ ကြောင့် ဘ၀ပျက်နေကြရတယ်ဗျာ” ဟုပြောသည်။


             မြန်မာအလုပ်သမား၄၆ဦးတို့သည် ထိုင်းနိုင်ငံသို့လာရောက်အလုပ်ကိုင်ခွင့်ရရှိရေးအတွက် ရန်ကုန်မြို့ ပန်းဆိုးတန်းတွင်အခြေစိုက်သော တိမ်ပန်းချီအေဂျင်စီ  ဒါရိုက်တာ ဦးအောင်ကျော်မြင့် အား အလုပ်သမား များက တစ်ဦးလျှင် ကျပ်ငွေငါးသိန်းနှစ်သောင်းမှ ရှစ်သိန်းအထိပေးခဲ့ကြရကြောင်းပြောသည်။

         
၂၊ ၂၊ ၂၀၁၅ နေ့က ရန်ကုန်မြို့      ပင်လုံခန်းမတွင် THAI CLAVON CO,LTD ဖြင့်စာချုပ်ချုပ်ခဲ့ကြစဉ်က သင်္ဘောကျင်းတွင် သံချေးခွာနှင့်ဆေးသုတ်ရ အတွက် ဟုဆိုပါသည်။ အလုပ်သမား များစာချုပ်မရရှိ ခဲ့ဟုဆိုပါ သည်။၂၊ ၃၊ ၂၀၁၅ နေ့ကထိုင်းနိုင်ငံခြုံဘူရီခရိုင်၊ ဘန်လမူးမြို့၊တခွီယံ ဘီးယား ကျေးရွာတွင်ရှိေ သာ  ကျောက်မီးသွေးအလုပ်ရုံ တစ်ခုသို့ရောက်ရှိလာခဲ့ပါသည်

             
           ဗွိုင်လာအိုးများအပူရှိန်ရရှိရန်အတွက်မီးဖိုများသို့ ကျောက်မီးသွေးများထည့်ပေးရပြီး မီးအရှိန်မြင့် စေရန် လေမှုတ်စက်များဖြင့်ထိုးပေးနေရသည့်အလုပ်ဖြစ်သည်ဟု အလုပ်သမားများကပြောပါ သည်။ ၀တ်ပါမစ်မရ သေး၍ အလုပ်မလုပ်ရသေးကြောင်း ဦးအောင်ကျော်မြင့်က ပြောသည်ဟုဆိုပါသည်။ အလုပ်သမားများက ၂လကျော်ကြာသည့်တိုင်အောင်အလုပ်မလုပ်ရသေးသည်ကတစ်ကြောင်း ကျောက်မီးသွေးအလုပ်ရုံဖြစ်နေ သည်က  တစ်ကြောင်းတို့ကြောင့် အခြား အလုပ်သို့ပြောင်းရွှေ့ပေးပါရန် တောင်းဆိုနေကြသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ကျနော် အလုပ်    သမားသံ အရာရှိကိုလှမ်းပြောတယ်။ ဦးအောင်ကျော်မြင့်က ၀တ်ပါမစ်လုပ်ထားတာဖုန်းမက် ဆေ့နဲ့ပို့ထားပြီးတဲ ။ဝတ်ပါမစ်လုပ် တာမလုပ်တာသူတို့အပိုင်းပါ။ အလုပ်သမားတွေ ၃လပြည့်ခါနီး သည့်တိုင် အောင် အလုပ်မလုပ်ရသေးတာကို အဆင်ပြေအောင် ညှိနှိုင်းကြပါ။ MOUပြဿနာက ကာယကံ ရှင် အေဂျင်စီနဲ့ အလုပ်သမားသံအရာရှိတို့အလုပ်သမားတွေ နဲ့ရှင်းကြရမယ့် ကိစ္စဖြစ်တယ်။ ကျနော်တို့ကအလုပ်သမားတွေ အခြေအနေမှန်တွေကိုတင်ပြပေးနေတာပါ။ စနစ်တကျမဟုတ်ပဲဖုံးဖိ လုပ်နေကြလို့ ဖုံးမနိုင်ဖိမရလို့ပေါ်လာ တာ။ ကျနော်တို့နဲ့ဘာမှမဆိုင်ဘူး။ အေဂျင်စီ အတော်များများ တို့ဟာ အလုပ်သမားတွေဆီကမတရားအမြတ်ယူ တဲ့ငွေနဲ့အလုပ်သမားဝန်ကြီး ဌာနာနကို လဘ်ထိုးပြီး အဖြစ်မှန်ကိုဖုံးကွယ်နေကြတယ်” ဟုပြောသည်။
 
            အလုပ်သမား ၃၆ဦးတို့သည် ပတ်စပို့မိတ္တူများကိုင်ဆောင်၍ ကီလိုမီတာ ၁၈၀ ကျော်အကွာ ခြုံဘူရီ နယ်မှ  ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်သို့ လိုင်းကားဖြင့် ခက်ရာခက်ဆဲရောက်ရှိ လာခဲ့ကြပါ သည်။ ထို့မှလိုင်းကားစီ၍ မြန်မာသံရုံး ကိုလိုက်ပါလာခဲ့ကြပါသည်။
 
နယ်မြေမကျွမ်းကျင်သဖြင့်  ညဥ့် ၉နာရီခန့်တွင် ဘန်ကောက် မြန်မာသံရုံးရှေ့သို့ရောက် ရှိခဲ့ပြီးေ နာက် MOEAF ရုံးသို့ ရောက်ရှိသွားကြောင်းအ လုပ်သမားများကပြောသည်။