မြတ်ချို
ဘန်ကောက်မြို့နှင့်အနီးပတ်ဝန်းကျင်မှ
မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ဘတ်ငွေ၄၈သန်းခန့် လိမ်လည်ထားသည့် စန်ကျောင်းပင်
ကုမ္ပဏီပိုင်ဆိုင်မှုများအား မည်ရွှေ့မည်မျှ သိမ်းဆည်းထားသည်ကို သိရှိ လိုသဖြင့် ယနေ့နံနက်က
ထိုင်းနိုင်ငံ ငွေကြေး ခ၀ါချမှုစီစစ်ရေးကော်မရှင်ရုံး ANTI.MONEY LAUNDERING.OFFICE
တွင်ကြား နာခဲ့ကြ သည်။
နိုင်ငံကျော်
လိမ်လည်မှုကြီးကို ကူညီဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့
MAT အဖွဲ့ခေါင်းဆောင်များ၊ ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေကြီး ခွန်နာဆာ နှင့်အတူ
မြန်မာအလုပ်သမားပေါင်း ၂၅၀ ခန့်တို တက်ရောက်ခဲ့ကြပါသည်။
ဥပဒေအကျိုးဆောင်
ရှေ့နေကြီး နာဆာ နှင့် ထိုင်းသတင်းဌာနများဖြစ်ကြသော
Thai BPS, လိုင်း၇နှင့်လိုင်း၃ တို့မေးမြန်းချက်အား ANTI.MONEY LAUNDERING.OFFICE အရာရှိတစ်ဦးက
ဖြေကြားရာတွင် “စံကျောင်းပင် ကုမ္ပဏီပိုင်ရှင် ကေတီဆပ်ဟာ
ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကိုင်ထားတဲ့ လိမ်လည်မှုဖြစ်တာကြောင့် အခြားသူများသို့
လွဲပြောင်းထားသည်ကိုတွေ့ရှိရပါကြောင်း ၊ မိမိတို့အနေဖြင့်
ကေတီဆပ်ရဲ့ပိုင်ဆိုင်တဲ့ရွှေ,ငွေ,တိုက်ခန်းများစွာတို့ ကို သိမ်းဆည်းထားပြီးဖြစ်ပါကြောင်
ကျန်ရှိနေသောပိုင်ဆိုင်မှုများကိုဆက်လက်သိမ်းဆည်းနိုင်ရန် စိစစ်နေဆဲဖြစ်ပါကြောင်း ၊
လျှို့ဝှက်ဆောင်ရွက်နေရသည့်အတွက်အတိအကျသတင်းမထုတ်ပြန်နိုင်သေးပါကြောင်း ၊
အားလုံးသိမ်းဆည်းပြီးပါကအတိအကျထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း
ကေတီဆပ် ၏ပိုင်ဆိုင်မှုများကို သိရှိ ထားပါကအမြန်းပြီးဆုံးနိုင်စေရန် MAT
အဖွဲ့နဲ့ အကျိုးဆောင်ရှေ့နေထံသို့၎င်းပြောကြားပေး မှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်ထိုင်းမြန်မာခွဲခြားမှုမရှိဘဲမြန်မာပြည်သားတို့၏နစ်နာမှုများပြန်လည်ရရှိနိုင်စေရန်အစွမ်းကုန် ကြိုးစားသွားဖြစ်သည့်အတွက်စိတ်မပူကြစေလိုကြောင်း ” တာဝန်ရှိသူမှပြောကြားပါသည် ။
MAT အဖွဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့သည်။