29 May 2015

"MOU အလုပ်သမားများကိုယ်တိုင်သတင်းစာရှင်းလင်းပွဲ"

ယခု သတင်းစာရှင်းလင်းပွဲ တစ်ခုဖြစ်မြောက်ဖို့အတွက် အလုပ်သမားများနှင့် MAT အဖွဲ့တို့အချိန် ယူပြင် ဆင်ခဲ့ရပါသည်။

   ထိုင်းနိုင်ငံသို့ တင်ပို့နေကြသည့် MOU အလုပ်သမားများပြဿ      နာနှင့်ပါတ်သက်၍  MOEAF ကဖြစ်စေ MAT အဖွဲ့က ဖြစ်စေ အလုပ်သမားများ ကိုယ်တိုင်ကဖြစ်စေ အလုပ်သမားအာဏာပိုင်များကဖြစ်စေ သတင်း စာရှင်းလင်းနေရုံနှင့်အဖြေမှန်ကို မရောက်နိုင်ကြောင်းကို MAT အဖွဲ့က လက်ခံပါသည်။

            အလုပ်သမားများနှင့်ပါတ်သက်၍ မည်သူမှားသည် မည်သူမှန်သည် ဟူသည့် ပြိုင်ဆိုင်မှု မဟုတ်ပဲ   နိုင်ငံရပ်ခြားတိုင်းတပါးမှာ MOU အလုပ်သမားတွေ ဘယ်လိုဖြစ်နေကြသလဲဆိုတာ ကာယကံရှင် အလုပ် သမားတွေ ပြောခွင့်ဆိုခွင့်ရအောင် MAT အဖွဲ့မှ ကမကထ ပြု လုပ်၍ ကူညီဆောင်ရွက်ပေးခြင်းသာဖြစ်ပါ သည်။
ယခုသတင်းစာရှင်းလင်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အေဂျင်စီ များ အဖွဲ့ချုပ်ဥက္ကဌနှင့် ဒုဥက္ကဌ(သို့) အတွင်းရေးမှူး၊ အပြင်  ထိုင်းမှပါလာပြီး ပြောကြမည့် အလုပ်သမားများ ကို ပို့လိုက်သည့် အေဂျင်စီ ၄ခုလောက်ကိုပါ  ဖုန်းဆက်၍ တလေးတစားဖိတ်ကြားမည်ဖြစ်ပါသည်။
MAT အဖွဲ့မှ ဖိတ်ကြားသည့် သက်ဆိုင်သူများ မဖြစ်မနေ တက်ရောက် ကြစေလိုပါသည်။      ။
လေးစားစွာဖြင့်
စောမောင်
ပြန်ကြားရေးတာဝန်ခံ
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT