၂၀၁၅
မေလ ၄ ရက်
မြတ်ချို
မဟာချိုင်ကားမှောက်မှုကြောင့်
ကွယ်လွန်အနိစ္စရောက်ခဲ့ကြသူများ၏ ရုပ်အလောင်းများအား ယမန်နေ့က
သဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်း MAT မဟာချိုင်ရုံးက ပြောသည်။
၁၊၅၊၂၀၁၅ နေ့မှာ အောင်စိုးမိုး၊ ၁၈ နှစ် ဦးခင်စိုး+ဒေါ်အေးမာ၊
ဇီးဖြူကုန်းရွာ၊ ဝေါမြို့နယ်၊ ပဲခူးတိုင်း၏ ရုပ်အလောင်းနှင့် ကိုမြင့်ဆန်း ၄၃နှစ်၊ ဦးတင်ထွန်း+ဒေါ်တင်နွဲ့၊
အောင်ချမ်း သာရွာ၊ ကျောက်တန်းမြို့နယ်၊တံတားမြို့နယ်ခွဲ၊ ရန်ကုန်တိုင်း၊ တို့၏ရုပ်အလောင်းတို့ကို
မဟာချိုင် ဝပ်နာခွမ် ဘုန်းကြီးကျောင်းတွင် သဂြိုဟ်ခဲ့ကြသည်။
၃၊၅၊၂၀၁၅
နေ့ညနေပိုင်းတွင် ကိုစိုးနိုင်ဦး အသက်၄၄နှစ်၊ ဦးမြင့်သောင်းရွှေ+ဒေါ်ခင်ဖုန်းဝင်း၊
ကံလမ်း၊ အမှတ်၅ ရပ်ကွက်ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၏ ရုပ်အလောင်းနှင့် မင်းသူအောင်၊
၁၉နှစ်၊ ဦးငယ်လေး+ဒေါ်စန္ဒာ၊ သာကေတ ၁၀တောင်ရပ်ကွက် ရန်ကုန်တိုင်း၊ ရုပ်အလောင်းနှင့် မဇင်မျိုးလှိုင်၊
၂၀နှစ်၊ ဦးမြင့်+ဒေါ်စံမှီ ကညင်တပင်ရွာ၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်း တို့၏
ရုပ်အလောင်း ၃လောင်းတို့အား ဝပ်နာခွမ် ဘုန်းကြီးကျောင်းတွင် သဂြိုဟ်ပြီးစီးဖြစ်သည်။
အလုပ်သမားများ၏ သေမှုသေခင်းတို့ အတွက် အသက်သေဆုံးမှုများအတွက် နစ်နာကြေးများအား မဟာချိုင်အခြေ စိုက်
လူမှုရေးအသင်းအဖွဲ့များစု ပေါင်း ၍ ရရှိနိုင်အောင်ကြိုး စားမည်ဟုလည်း သိရသည်။
သို့သော် မည်သည့်အဖွဲ့က ရအောင်လုပ်မည်ဟူ၍ အာမခံမှုကိုမူ မည်သူမှ တာဝန်မခံကြချေ။

မြန်မာလူမျိုး ကားမောင်သူ ညီညီဇော် ဆိုသူ မဆင်မခြင်းမောင်းနှင်ခြင်းကြောင့်
ဧပြီလ ၂၇ ရက်နေ့က ကားမှောက်ခဲ့ခြင်း
ဖြစ်သည်။ စုစုပေါင်းမြန်မာ ၁၂ဦးသေဆုံးခဲ့ပြီး
မြန်မာ၈ဦးဆေးဝါးကုသခံနေရဆဲဖြစ်သည်။
အလားတူ၂၀၁၂နှစ်ဧပြီလ ကလည်း မဟာချိုင် တလာကုန့်(ပုဇွန်ဈေး)ရှေ့တွင်ကားတိုက်သဖြင့် မြန်မာ၈ဦး တပြိုင်တည်းသေဆုံးခဲ့ဖူးပါသည်။ မဟာချိုင်မှ အလုပ်သမားကွန်ယက်တစ်ခုက
ဦးဆောင်လုပ်ခဲ့သော်လည်း အသက်အာမခံကြေးအတွက် တစ်ပြားမှ ရရှိခဲ့ခြင်းမရှိကြောင်း မဟာချိုင်လူမှုရေးအသင်းအဖွဲ့များက ပြောဆိုကြသည်။