21 May 2015

“MAT အဖွဲ့သို့အကူညီတောင်းခံခဲ့သည့်အင်ဒိုနီးရှားနိုင်ငံAmbonအကျဉ်းထောင်မှမြန်မာ၂၂ဦးပြန်ရောက်ပြီ”




၂၀၁၅  ခုမေလ ၂၁

မြတ်ချို

          အင်ဒိုနီးရှားနိုင်ငံ Ambon အကျဉ်းထောင်တွင်းမှ ဘန်ကောက်အခြေစိုက်  MATအဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံခဲ့ကြသည့် လူကုန်ကူးခံမြန်မာ၂၂ဦး ယနေ့ ရန်ကုန်မြို့သို့ရောက်ရှိပြီးဖြစ်ကြောင်း သိရှိရ သည်။

        ၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ၁၈၄၀ အချိန်တွင် လေကြောင်းခရီးစဉ်အမှတ်(TG-305)ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာရေလုပ်သား ဆန်းဝင်းအောင်ပါ ၂၂ဦးတို့ ပြန် လည်ရောက် ရှိလာကြောင်း မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေတပ်ဖွဲ့မှ သတင်းပေးပို့ချက်အရသိရပါသည်။

       ၂၀၁၄ ခု ဒီဇင်ဘာ ၇ရက်နေ့ တွင်အရှေ့တီမော ရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းလှေ အမှတ်(၄) နှင့် တွဲလှေ အမှတ် (၇) တို့ဖြင့်ငါးခိုးဖမ်းနေကြစဉ်  အင်ဒိုနီးရှားစစ်သင်္ဘောက လာရောက်ဖမ်းဆီးခြင်း ကိုခံခဲ့ရသည်။ မြန်မာ၂၂ဦး၊ ကမ္ဘောဒီးယား ၁၉ဦး ထိုင်း ၁၆ ဦးတို့အား ဖမ်းဆီးခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များက ထိုင်းငါးဖမ်းလှေအားမီးရှို့ ဖျက်ဆီးလိုက်ကြောင်း အလုပ်သမားများကပြောသည်။ အင်ဒိုနီး ရှားနိုင်ငံ Ambonကျွန်း Lembaga Pemasyarakatan Klas2A Ambon တွင် ၁၉ဦးနှင့် Lamtamal စစ်တပ်အကျဉ်းထောင်တွင် ၃ဦး ကျခံနေရကြောင်းသိရှိခဲ့ရပါသည်။

  ထိုင်းနိုင်ငံမဟာချိုင်အခြေစိုက် စိန်ကျူးရီကုမ္ပဏီမှသူဌေး စီယာသောင် လှေအမှတ် (၄) နှင့် တွဲလှေ (၇) လှေသည် မဟာချိုင် ထပ်ချလောင်လှေဆိပ်မှ ၂၀၁၄ ခုနှစ်ဇွန်လတွင် အင်ဒိုနီးရှား ရေပိုင်နက် သို့ စတင်ထွက်ခွာလာခဲ့သည်။၂၀၁၄ ခု သြဂုတ်လ၂၅ ရက်နေ့က လိုက်ပါသွားခဲ့သော ကိုစန်းဝင်းအောင် က ဆက်သွယ်အကူ ညီတောင်းခံပါသည်။

     လှေလုပ်သားများ သည်တစ်နေ့ တည်းပင်လယ်ထဲ သို့ရောက် ရှိခဲ့ကြသူများမဟုတ်ပဲအသုတ်လိုက်ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ အလုပ် သမားများသည် အနည်းဆုံး၁နှစ်မှ ၃နှစ်အထိ အင်ဒိုနီးရှားပင် လယ်ပြင် ထဲတွင် ကျေးကျွန်သဖွယ် အချိန်ကြာမြင့်စွာ အလုပ်လုပ်နေခဲ့ကြ ရသူမျာြး ဖစ်ကြောင်းသိရသည်။

 ထိုင်းလူမျိုးငါးဖမ်းအလုပ်သမား၁၆ဦး (လှေသား၁၄ဦး+ရေယာဉ်အုပ်၂ဦး) တို့အား၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ကပြန်သွားပြီဖြစ်သည်။ ကမ္ဘောဒီယားအလုပ်သမား ၁၉ယောက်မှာ အင်ဒိုနီးရှားအခြေစိုက် ကမမ္ဘောဒီယားသံရုံးမှ ကူညီ ဆောင်ရွက်ပေးမှုကြောင့် လုပ်အားခများရရှိ ခဲ့ပြီးဖြစ်သည်။ ဧပြီလ ၄ရက်နေ့တွင်၎င်း တို့ပြန်သွားခဲ့ကြပါသည်။

      ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATထံသို့အင်ဒိုအကျဉ်း   ထောင်ထဲမှ အလုပ်သမား ကိုဆန်းဝင်းအောင် ကဆက်သွယ်အကူညီတောင်းခံ လာခဲ့ပါသည်။

 MATအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ ဆန်းဝင်းအောင် ဆိုတဲ့အလုပ်သမားက နေ့တိုင်း အချက် အလက် တွေပေးပို့တယ်။ ကျနော်တို့ကလည်းအချက်အလက် အမှန်တွေရအောင်ယူတယ်။ မြန်မာ အစိုးရလူကုန်ကူး မှုတားဆီးနှိမ်နင်းရေး(ဗဟို)ကိုတင်ပြတယ်။ လိုအပ်တဲ့အချက်အလက်တွေကို ပူးပေါင်းဆောင်ရွက်ကြပါတယ်။ အလုပ်သမားတွေပြောတဲ့ မဟာချိုင်လှေဆိပ်တို့ကို သွားပြီးတော့ မှတ်တမ်းတွေလုပ်ထားကြတယ်။ အလုပ်သမားတွေလုပ်အားခတွေရရှိအောင် ထိုင်းနဲ့မြန်မာ အစိုးရတို့ပြင် ဆင်လာတဲ့အခါ  ကျနော်တို့ရရှိထားတဲ့သတင်းအချက်အလက်တွေကို ထပ်မံပေးပို့မယ်။ အစိုးရ ၂ရပ်က လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုခုကိုပြီးပြတ်အောင် လုပ်ကြရင်တော့ လူကုန်ကူးမှုလျှော့နည်းပပျောက်လာ မှာတော့ ကိန်းသေပဲ။ အင်ဒိုနီးရှားကျွန်းပြန်မိသားစုတွေနဲ့ ထပ်တူ ၀မ်းမြောက်ပါတယ်ဗျာ”ဟုပြောသည်။


           ယခင်ပြန်ရောက်နေကြသော မြန်မာရေးလုပ်သမား အပြင် ကျန်ရှိနေသေးသည့် နောက်ထပ်မြန် မာများပြန်လည်ရောက်ရှိလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော   မြန်မာအစိုးရနှင့် IOM အပါအ၀င် အခြားကူညီကြသူအားလုံးတို့အား MAT အဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။