06 May 2015

“ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသူတစ်ဦးအားMAT အဖွဲ့ကယ်တင်”




၂၀၁၅  မေလ ၆ ရက်

စောမောင်

         ထိုင်းနိုင်ငံဘန်ကောက်မြို့၏တောင်ဖက် ကီ လိုမီတာ၁၈၀ ခန့်အကွာတွင်ရှိသည့် ချွန်ဘူလီခရိုင် ဖတ်ထရာ လှေဆိပ်လှေနံပတ်-ကျလွန်လတ် () ပေါ်တွင် ရောင်းစားခြင်းခံထားရသူတစ်ဦးအား MATအဖွဲ့မှ ယမန်နေ့၌ကယ်တယ်နိုင်ခဲ့ကြောင်း သိရသည်။

      
မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်   ရေးကော်မတီဝင်ဘန်ကောက်အခြေစိုက်ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများအဖွဲ MAT မှ ငါးဖမ်းေ လှပေါ် တွင်၁၀ရက်ကြာရောင်းစားခံခဲ့ရသည့်   မောင်နိုင်လင်း ဆိုသူအား ကယ်တင်နိုင်ခဲ့ခြင်ြး ဖစ် သည်။

       မောင်နိုင်လင်း က MAT အဖွဲ့ နိုင်ငံခြား ဆက်ရေးတာဝန်ခံ ကိုစိုင်းအေးထံသို့ ဖုန်းဖြင့် ဆက်သွယ် အကူညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။ MAT အဖွဲ့သည် လိုအပ်သည့် အချက်အလက် အထောက်အထောက်များကို အချိန်မီရယူ စုဆောင်းခဲ့ကြသည်။ ထို့နောက် ချွန်ပူရီ ရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီ တောင်းခံခဲ့သဖြင့် ၎င်းတို့ က မောင်နိုင်လင်းအား သွားရောက်ကယ် ထုတ်နိုင် ခဲ့ကြသည်။

        မောင်နိုင်လင်း အား စစ်ဆေးမေးမြန်းခြင်းလုပ်ငန်းများပြီးစီးပါက မြန်မာနိုင်ငံသို့ အလျှင်အမြန်ပြန် လည်ပို့ဆောင်ပေးမည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းနိုင်ငံမှာအရေတွက် ပြောဖို့ခက်လောက်အောင်  မြန်မာ တွေလူကုန်ကူးခံနေရပါလားဆိုတာ မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က အသိ အမှတ် ပြုဖို့လိုပါတယ်။ ဒီလူတွေကိုကယ်ထုတ်နိုင်ဖို့နဲ့ နောက်ထပ် မြန်မာတွေ လူကုန်ကူးမှုသားကောင်တွေ မဖြစ်ရအောင်ဘယ်လိုစီစဉ်မကြလဲဆိုတဲ့အစီအစဉ်ချမှတ်ပြီးအကောင်အထည်ဖေါ်ကြရပါမယ်။ ခုထိုင်း
 နိုင်ငံက လူကုန်ကူးမှုကိစ္စနဲ့ နိုင်ငံတကာဝိုင်းပြောနေပြီ၊ မြန်မာရေပိုင်နက်ကို ဖြတ် လာရတဲ့ ဘင်္ဂလီတွေ ကိစ္စက ရှေ့တန်းကိုရောက်လာတယ်။ အိမ်နီးချင်း မိတ်ပျက်မယ် ဆိုပြီး၂နိုင်ငံဖုံးဖိဖြေ ရှင်းတဲ့ပုံစံနဲ့ မရတော့ ဘူး။ ဒါကိုလည်းစဉ်းစားကြဖို့လိုမယ်” ဟု  အကြံပြုပြောဆိုသည်။

            ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရမှုများနေ့စဉ်နေ့တိုင်းရှိနေသလို နေရာတိုင်းတွင်ဖြစ်ပေါ်နေသော်လည်း ထိုင်းနိုင်ငံလူကုန်ကူးမှုဥပဒေအရ ဖမ်းဆီးနှိမ်နင်းရေးအတွက် အတားအဆီးများ၊ အဆင့်များ လွန်စွာများကြောင်း ဦးကျော်သောင်းက သုံးသပ်သည်။