03 May 2015

“လုပ်အားခတောင်းသဖြင့်လုပ်ငန်းရှင်က သေနတ်ဖြင့်ပစ်ခတ်”



           
၂၀၁၅ မေ ၃ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

            ထိုင်းနိုင်ငံတောင်ပိုင်း  စူရတ်ဌာနီမြို့ လေယာဉ်ကွင်း   ကြောဘက်တွင်ရှိသော ရာဘာခြံသူဌေး (ဘာကု) ဆိုသူက လုပ်အားခတောင်းခံသည့် အလုပ်သမား၎ဦးအားအား သေနတ်   ဖြင့်ပစ်ခတ်သဖြင့်  အလုပ်သမားတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။
              အလုပ်သမား၎ဦးတို့သည် အဆိုပါ သူဌေးထံတွင် 
၇လခန့်ကြာအလုပ်လုပ်နေကြသူများဖြစ်ကြသည်။ 

            ဦးအေးမင်း က“ အလုပ်လုပ်တာ ၆လကျော် ၇လရှိပြီ။  အယင်တုန်းက ရာဘာပင်တွေကို တုံးအဖြစ် ဖြတ်ပြီး သစ်စက် ကိုပို့တယ်။ လုပ်အားခ တစ်ခြံပြီး တစ်ခြံရှင်းတယ်။ ခု..၂ခြံပြီးပြီး လုပ်ခမရှင်းသေး။ နောက်တစ်ခြံ ထပ်လုပ်ရတော့မယ်။ လုပ်အား ခမရတော့ ကျနော်တို့လည်း မသွားပဲနေကြတယ်။ သူဌေးရောက် လာပြီး အလုပ်လာမဆင်းလို့ဆိုပြီး သေနတ်နဲ့ လာပစ်တာ။ ကံကောင်းလို့  အသက်မသေးခဲ့ကြတာပါ။ ကျနော်တို့ တရားဝင် အလုပ်သမားတွေဖြစ်ပါတယ်။ ကျနော်တို့ ဥပဒေအရ အကာ အကွယ်ရချင်ပါတယ်။ ကူညီပေးကြ ပါ” ဟုပြောသည်။

          ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးဆို သည့် မြန်မာအလုပ် သမား၎ဦးတို့၏ လုပ်အားခ ဘတ်ငွေ သုံးေ သာင်းကျော်အား တောင်းခံခဲ့ရာယမန်နေ့ နံနက်က သေနတ်ဖြင့်  ၈ကြိမ်ပစ် ခတ်ခံခဲ့ရသည်။ အလုပ်သမားများမှာ ထိပ်လန့်တကြားထွက်ပြေးကြရသည်။ 

         မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ တောင်စွန်ရွာမှ အဖ ဦးတင်မြင့်+ဒေါ်စန်းဌေး တို၏သား အသက် ၂၀ အရွယ်  ဖြိုးဆို သူ့မှာ ဘယ်ပခုံးအသားစိုင်အား ထုတ် ချင်းပေါက်ထွက်သွားခဲ့ သည်။




  ယခုအခါ ၎င်းတို့ ၄ဦးသည် အန္တရာယ်ကင်းနိုင်သည့် နေရာတစ်ခုသို့ရောက်ရှိနေကြကြောင်းသိရှိရသည်။
၂၀၁၄ ခုနှစ်ကုန်ခါနီးကလည်း စူရတ်ဌာနီ ရော်ဘာခြံတစ်ခုတွင်  မြန်မာအလုပ်သမား ၃ဦးသတ်ဖြတ်ခံခဲ့ ရသော်လည်း နယ်မြေခံအာဏာပိုင်များသည် တရားခံအား ယနေ့တိုင်ဖေါ်ထုတ်နိုင်ခြင်းမရှိသေးချေ။
         ယခင်ကများစွာကလည်း ထိုင်းနိုင်ငံအနှံ့အပြားတို့ တွင် မြန်မာ အလုပ်သမားများအား ထိုင်းလုပ်ငန်း ရှင်ကဖြစ်စေ၊ ထိုင်းလူမျိုးများကဖြ စ်ေ စ၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စေ ပစ်သတ်ခဲ့မှုများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုင်းနိုင်ငံအတွင်းတွင် တကမ္ဘာလုံးမှ လူမျိုးပေါင်းစုံတို့လာရောက်နေထိုင် လုပ်ကိုင်နေကြသော်လည်းမြန်မာ အလုပ်သမားများ၏ဘ၀မှာ အကာ အကွယ်အမဲ့ဆုံးဟုဆိုနိုင်သည်။

            အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများအပေါ်တွင် ကာကွယ်စောင့်ရှောက်ရန်နှင့် တာဝန်ယူရကောင်းမှန်းသိသည့် အစိုးတစ်ရပ်မပေါ်ပေါက်မခြင်း မြန်မာလူမျိုးတို့၏ အသက်တစ်ချောင်း သည် ထိုင်းနိုင်ငံတွင် တိရစ္ဆာန် တစ်ကောင်လောက်မှ အလေးနက်ထားခြင်းကိုမခံရနိုင်ကြောင်းMAT အဖွဲ့ကပြောသည်။