08 May 2015

“MOU အလုပ်သမားများအားအတင်းအဓမ္မနယ်စပ်ပြန်ပို့မှုများပြားနေ”



                      
၂၀၁၅ မေလ ၈ ရက်နေ့
ခရမ်းသားလေး

      ထိုင်းနိုင်ငံအတွင်းသို့MOUအလုပ်သမား များစဉ်ဆက်မပြတ်သွင်းနေ သည့် အေဂျင်စီ အချို့သည် အလုပ်သမားများအားအလုပ်မယ် မယ်ရရမပေးနိုင်သဖြင့် မြန်မာသံရုံးသို့ တိုက် ရိုက်တိုင်ကြားလာမှုများကြောင့်အလုပ်သမား များအားနယ်စပ်သို့အတင်းအဓမ္မပို့ဆောင်နေ    ကြကြောင်းMAT အဖွဲ့ကပြောသည်။

         ဌေးကုမ္ပဏီနှင့် ထိုင်းနိုင်ငံဘက်မှ ST FRAME & TRUSS CO,LTD ကုမ္ပဏီတို့ သည် ၇.၁.၂၀၁၅ ရက်နေ့တွင် ဆောက် လုပ်ရေး ပစ္စည်းရောင်းဝယ်ရေးဟုဆိုကာ (အမျိုးသမီး ၇၀ ဦးနှင့်အမျိုးသားတစ်ဦး) စုစုပေါင်း ၇၁ ဦးတို့အား  ရန်ကုန်မြို့မြောက်  ဒဂုံ ပင်လုံခန်းမတွင်စာချုပ်ချုပ်ဆိုခဲ့ပါသည်။   

အလုပ်သမား တစ်ဦးစီ ကျပ်ငွေ ၄၈၀,၀၀၀ စီပေးခဲ့ရပါသည်။ မြ၀တီသို့ရောက်သည့်အခါ မေ၀င့်ကုမ္ပဏီ ဟုပြောကာ စာချုပ်ပြောင်းချုပ်ပါသည်။
          ၂၅၊ ၂၊ ၂၀၁၅ နေ့တွင် ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိလာခဲ့ပြီး  ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ် တွင်ရှိသော လူကုန်ကူးမှုအလွန်ထူပြောသည့် VITA နာနတ်သီးစက်ရုံသို့ပို့ဆောင်ခဲ့ပါသည်။ အဆိုပါအလုပ် သမားများအားနေရာ ပေါင်းစုံတို့သို့ပို့ဆောင်၍ အလုပ်သွင်းပေးထားပါသည်။ ဤအသုတ်မှ ရခိုင်အမျိုး၉ဦး
နှင့် မေ၀င့်ကုမ္ပဏီအား တစ်ဦးလျှင် ၆၈၅,၀၀၀ ကျပ်ပေးခဲ့ရသည့် ပဲခူးတိုင်း၊ပြည်မြို့နယ်၊ တီတွတ် စံပြရွာမှ တင်မောင်ထွေး၊အောင်မျိုးဦး၊ အေးမင်းအောင်တို့(၁၂ဦး)တို့အားမဲဆောက် MCC ပွဲစားဘာသာပြန် ကာရန် ဆိုသူက ၆၊ ၅၊ ၂၀၁၅ နေ့က ကားဖြင့်တင်ဆောင်သွားသဖြင့် မဲဆောက်MCC ရုံးသို့ ရောက်ရှိသွားသည်။ ပွဲစားက မြ၀တီကျောက်လုံးကြီးသို့ အတင်းအဓမ္မပို့ရန်ပြင်ဆင်ရာအလုပ်သမားများက မြန်မာသံအမတ်ကြီး ဦးဝင်းမောင် နှင့် အလုပ်သမားသံအရာရှိ အသစ် ဦးလှထွန်း တို့ အား အချိန်မီဖုန်းဆက်၍ အကူညီတောင်း ခံခဲ့သည်။

         အလုပ်သမားတစ်ဦးက“သူတို့က အလုပ် မပေးနိုင်တာ။ စာချုပ်ချုပ်လာတာတမျိုး၊ ထိုင်းရောက်   တော့ အလုပ်ကမရှိ၊ ကျနော်တို့မှာ ငွေတိုးကြီးကြီး   ပေးပြီးလာ ရတာ။ မြန်မာသံရုံးကို ကျနော်တို့က လှမ်းတိုင်တယ်။ အဲဒါကို ပွဲစားတွေက သိသွားတော့ အတင်းပြန်ပို့တာ။ မေ၀င့်ကုမ္ပဏီ ဘက်ကပျက် ကွက်တာ။ 
         ကျနော်တို့ မြ၀တီဘက်ကိုရောက်သွားရင် ကျနော်တို့ပိုဆိုးသွားမှာပေါ့။ သံအမတ်ကြီးနဲ့ အလုပ်သမား သံအရာရှိတို့ကို ကျေးဇူးတင်တယ်ဗျာ” ဟုပြော သည်။
 
           ပြည်မှ အလုပ်သမား၃ဦးတို့သည် ရန်ကုန်မြို့ ကျောက်တံတားတွင်ရှိသောအလုပ်သမားသင်တန်း   ကျောင်းတွင် အလုပ်သမား၂၄၄ ဦး စာချုပ်ချုပ်ဆိုလာခဲ့ကြပြီး မိန်းကလေးထက်ဝက်ခန့်ပါသည်ဟုဆိုသည်။ ၁၂၊၁၊ ၂၀၁၅ နေ့ က မဲဆောက် MCC ရုံးကိုရောက်ပါသည်။ ထိုရုံးတွင်သွေးစစ်ရသည်။ သွေးစစ်ပြီး ညတွင်း ချင်း ကားဖြင့် အယုဒ္ဓယသို့ပို့ပါသည်။ အယုဒ္ဓတွင် ICP မြေသြစာစက်ရုံတွင် အလုပ်လုပ်ရပါသည်။ ၁၈၊၂၊ ၂၀၁၅ ထိလုပ်ခဲ့ရသည်။ တစ်ရက်ကို ၁၈၄ဘတ်သာရရှိခဲ့သည်။ MCCရုံးမှ ဘာသာပြန်ကာရံ ဆိုသူအား အကြောင်းကြားခဲ့သည်။ ၁၈ ည၆နာရီခွဲတွင် ရောက်လာခဲ့သည်။ 

           ကန်ချနဘူရီ ထာ့မကာမြို့နယ်ရှိ VITA နာနတ်သီးစက်ရုံသို့ ၁၉ ရက်တွင် ပို့ပါသည်။ အလုပ်သမား ကျား၄၄ ယောက်ဖြစ်ပါသည်။VITA ကိုရောက်တာနဲ့ ဗိုက်အောင့်၍ဆိုကာ တစ်ယောက်အားပြန်ပို့ခဲ့ပါသည်။ ကျန်၄၃အား အလုပ်ဆင်းခိုင်းပါသည်။ စုစုပေါင်းVITA တွင် ၁၉ ရက်အလုပ်လုပ်ခဲ့ကြရပါသည်။ ၁၉၊ ၃၊ ၂၀၁၅ နေ့တွင် စူဖန်ဘူရီက F&F ကြက်သားအလုပ်ရုံသို့ VITA နာနတ်သီးအလုပ်ရုံမှ လူကုန်ကူးဂိုဏ်း အဖွဲ့ဝင် ကိုနု ဆိုသည့် ပွဲစားက ပို့ပါသည်။

          ၂၅၊၃၊၂၀၁၅ နေ့မှစ၍ ၁၀၊ ၄၊ ၂၀၁၅ အထိလုပ်ရပါသည်။ အနံ့အသက်မကောင်း၍ မလုပ်နိုင်၊ ဆေး မင်းထိုးထား၍ဆိုကာ ၁၄ဦးကိုပြန်ပို့ခဲ့သည်။ အလုပ်သမားများက မလုပ်နိုင်သဖြင့် အလုပ်ပြောင်းပေးရန်   ပြောဆိုသည့်အခါ VITA နာနတ်သီးစက်ရုံနှင့်F&F စက်ရုံတွင်လုပ်နိုင်ကလုပ်ပါ။ မလုပ်နိုင်ပါကပြန်ဟု ပွဲစား ကိုနု က ပြောကြောင်း အလုပ်သမားများကပြောသည်။  

         ၁။ဇေါ်မင်းဦး၊ ၂။ နိုင်လင်းဦး၊ ၃။စိုးရာဇာ၊ ၄။အောင်မျိုးဦး၊ ၅။ထွန်းမင်းအောင်၊ ၆။သက်ဇော်အောင်၊ ၇။ သိန်းစိုး ၈။ ကျော်သက်အောင်၊ တို့သည် မေ၀င့်ကုမ္ပဏီသည် ၈၊ ၄၊ ၂၀၁၅ နေ့ မဲဆောက်ကို ရောက်ပါသည်။ ထိုင်း မှ  KTTS CONSTRUCTION CO,LTD တို့ စာချုပ်ချုပ်ဆိုကြပါသည်။ တစ်ဦးကို ကျပ်ငွေ ၃သိန်းခွဲ စီပေးခဲ့ရသည်။၈ဦးလုံးသည်ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ပီတူးရွာနဲ့+၀ါးရုံတော+ ကျေးအင်း ကျေးရွာမှ
 ဖြစ်ကြပါသည်။ 

          ထိုင်းကိုရောက်လာပြီးနောက် စူရတ်ဌာနီတွင်ရှိသော VONBUNDIT CO,LTD ရော်ဘာ အလုပ်ရုံသို့ ပို့ခဲ့ပါသည်။ ဓါတုဆေးနံအပြင်းအထန်ရှုရှိုက်ရသဖြင့် အလုပ်မလုပ်နိုင်ကြပါ။ ထိုနေရာမှ တောထဲတစ်နေ ရာတွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ထပ်မံပို့ပြန်ပါသည်။ ယခုတစ်ခါ ခြုံဖွန်မြို့နယ် ဘန်ထော်နဲ့ ထဆင်ကြားတွင်ရှိသော VONBUNDIT CO,LTD အလုပ်ရုံသို့ရောက်ရှိနေပါသည်။ ဦးသောင်းနိုင်က   နောက်ထပ် ၁၅  ရက်ထပ်စောင့်ရန်ပြောနေပါသည်။
    
       
      ကိုသက်ဇော်အောင်က “ ဦးသောင်းနိုင် မိန်းမက ၅၊ ၅၊ ၂၀၁၅ နေ့က အလုပ်သမားအရေးကူညီတဲ့ ကျမ သက်သက်ဦးပါ ဆိုပြီး ဖုန်းလိမ်ဆက်တယ်။ အချက်အလက်တွေမေးတယ်။ ကျနော်တို့ကလည်း အကူ ညီပေးမယ်ထင်ပြီးအကုန်ပြောပြတယ်။ မေးလည်းပြီးရော ဦးသောင်းနိုင်က ဖုန်းကိုကိုင်ပြီး ဆဲပါလေ   ရော။ မင်းတို့ကိုလုပ်ချင်သလိုလုပ်လို့ရတယ်။ နယ်စပ်ပို့ပစ်မယ်ဆိုတာကြောင့် ကျနော်တို့ ပုလိပ်ဖမ်းချင်းလည်း ဖမ်းဆို ပြီး ပတ်စပို့လည်းမရှိပဲ ခြုံဖွန်ကနေ MATရုံးကို ရှောင်လာခဲ့ပါ တယ်။ အေဂျင် စီတွေမှာ အလုပ်မရှိပဲ ဟိုပို့ဒီပို့ ပို့တာ ကျနော်တို့ သုံးလေးနေရာရှိပြီ။ သူတို့အလုပ်မပေးနိုင်တာ၊ အလုပ်မရှိပဲအမြတ်ယူပြီး အလုပ် သမားတင်ပို့နေတဲ့ အေဂျင်စီတွေမှာဘာအပြစ်မှမရှိဘူးလားလို့အလုပ်သမားဝန်ကြီးကို မေးချင်ပါတယ်” ဟုပြောသည်။

           ထပ်မံ၍ မေ၀င့်ကုမ္ပဏီမှ ၂၂၊ ၃၊၂၀၁၅နေ့က အလုပ်သမား၂၀၀ ကျော် ပင်လုံခန်းမတွင် စာချုပ်ချုပ် ပြီး ထိုင်းကိုလာခဲ့သူများအား နေရာပေါင်းစုံသို့ခွဲပို့ခဲ့သည်။ အလုပ်သမားများသည် မြန်မာပြည်တွင် ကျပ်ငွေ ၂၇၀,၀၀၀ ပေးခဲ့ရသည်။ မိမိလမ်းစရိတ်ဖြင့်မြ၀တီသို့လာခဲ့ရသည်။ မိမိပိုက်ဆံဖြင့် ပတ်စပို့လုပ်ခဲ့ရသည်။ ထို့အပြင် ၀တ်ပါမစ်အတွက်ဟုဆိုကာ မြ၀တီတွင် ကျပ်ငွေ ၅၀,၀၀၀ ထပ်မံပေးခဲ့ရသည်။ ထို့ကြောင့် အလုပ် သမားများမှာ ကျပ်ငွေငါးသိန်းထက်မနည်း ကုန်ကျခဲ့ပြီဟုဆိုကြပါသည်။ 

          အလုပ်သမားများသည် ကန်ချနဘူရီနယ်တွင်ရှိသော  VITA မှာ ၁လကျော်နေခဲ့ရတဲ့ကာလအတွင်း အလုပ်(၅) ရက်လုပ်ခဲ့ကြရသည်။ အခန်းခ ၈၀၀ဘတ်ပေးခဲ့ရသည်။ ထမင်းစရိတ်တစ်နေ့ကိုဘတ်၇၀ ပေးရ သည်။ အလုပ်မရှိပြန်သဖြင့် ထိုမှ စူဖန်ဘူရီ F&F ကြက်သားအလုပ်ရုံသို့ ကျားမ ၅၀ အားထပ်မံပို့လိုက်ပြန် သည်။ဤအလုပ်သမားများအားယနေ့တိုင်အလုပ်မပေးနိုင်ပဲနယ်စပ်သို့ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေ
 ပြန်ကြောင်း အလုပ်သမားများက MAT အဖွဲ့သိုပြောဆိုနေကြပါသည်။
 
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ အေဂျင်စီပွဲစားတွေ အလုပ်သမားခေါ်စာနဲ့ တရားဝင်လူကုန်ကူးသလိုဖြစ်နေတယ်။ အလုပ်သမားသံ အရာ ရှိတို့ ညွန်ချုပ်တို့က အေဂျင်စီတွေနဲ့ အဆင်ပြေနေတော့ ကြိုက်သလိုလုပ်ခွင့်ရနေတယ်။ ကျနော် တင်ပြတာ ကို အလုပ်သမားဒုဝန်ကြီးက စီစစ်ရကောင်းမှန်းမသိပဲ MAT က မကောင်းပြောတယ်ဆိုပြီး ဖင်ပိတ်ငြင်းနေ တယ်။ အမှားအမှန်သုံးသပ်ရမှန်းမသိတဲ့ အလုပ်သမားဝန်ကြီးတွေနဲ့မဟုတ်တာလုပ်ပြီး စီးပွား ရှာနေကြတဲ့ ပွဲစားအေဂျင်စီတွေနဲ့တော့ အဆင်ပြေနေတာပဲ။ ကျနော်တင်ပြထားတဲ့ အေဂျင်စီ ဆယ်ခုကျော်က တစ်ခု   လောက်က မှန်တယ်လို့ မိမိကိုယ်ကိုယ်ယုံကြည် စိတ်ချတယ်ဆိုရင်လာခဲ့ပါ အလုပ်သမား ခေါ်စာတစ်စော င်လောက်ကိုင်ပြီးစစ်ဆေးပါ။ မဟုတ်တာကိုကျနော်ပြောနေတယ်လို့တွေ့ရင် ကျနော့်ကို ကြိုက်တဲ့အပြစ်ပေး။ အလုပ်သမားတွေအလွန်နစ်နာနေကြလို့၊ မှန်မှန်ကန်ကန်ဖြစ်စေချင်လို့ပြောနေတာပါ။ အေဂျင်စီပဲမှားမှား၊ ထိုင်း လုပ်ငန်းရှင်ပဲမှားမှား၊ အလုပ်သမားတွေကိုပဲ မြ၀တီကိုပြန်ပို့တယ်ဆိုတာ မတရားအနိုင်ကျင့်တာပဲ” ဟုပြောသည်။ 


            ယခုနောက်ဆုံးအဖြစ်အပျက်တစ်ခုမှာ မိုးမိုးဖင်မလီကုမ္ပဏီဖြင့် ထိုင်းနိုင်ငံတွင် ရေသန့်ပုလင်းများ လုပ်ရမည်ဟုဆိုကာ ၆၊ ၄၊ ၂၀၁၅ နေ့ကအလုပ်သမ ၂၄ဦးအား ထိုင်းနိုင်ငံ  လုဘူရီ ၁၉ လမ်းတွင်ရှိသော အမှိုက်ပြန်လည်သန့်စင် ချေချွတ်သည့် စက်ရုံသို့ပို့ဆောင်ခဲ့ပါသည်။ ရန်ကုန်မြို့ပင်လုံခန်းမတွင်စာချုပ်ချုပ် သည့်အခါ အလုပ်သမားတစ်ဦးလျှင် အသက်အာမခံကြေးအပါအ၀င်ဟုဆိုကာ ကျပ်ငွေ လေးသိန်းမှငါးသိန်း အထိပေးခဲ့ကြရပါသည်။
            မြန်မာအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူ (ဆရာမကြီး) ဆိုသူက အလုပ်သမားများကိုလာခေါ် သည့် ပွဲစားအားသူဌေးကိုယ်တိုင်လာခေါ်သည်ဟုပြောပါသည်။ ထိုင်းကိုရောက်သည့်အခါအလုပ်သမား ရှာပေးခ တစ်ယောက်ကို ဘတ် ၅,၀၀၀ စီပေးရသည့်ပွဲစားဟုသိရပါသည်။ စမတ်ကဒ်ပါ ထိုင်းဘက်ကပွဲစား ကုမ္ပဏီက SIDCHAYACO,LTD ဖြစ်ပါသည်။ 
အလုပ်သမားများအား ခေါ်ယူသည့်အခါ ပြသည့်ဓါတ်ပုံများမှာ ရေသန့်ပုလင်းစက်ရုံဖြစ်ပါသည်။ ထိုင်းကိုရောက်သည့်အခါ ပလပ်စတစ် ပြန်လည်သန့်စင်သည့်အလုပ်ရုံဖြစ်နေပါသည်။ အလုပ်သမားများ အား  အခန်းခနှင့်ရေမီးခအတွက် တစ်လကို ဘတ်၆၀၀ဖြတ်တောက်ပြီး မိုးရွာသည်နှင့် အလုပ်နားကြရပါ သည်။ အကြောင်းမှာ လူနေအိမ်ခန်းနှင့် အလုပ်လုပ်ရာနေရာသို့ ရေ၀င်၍ဖြစ်ပါသည်။ 
 

        အလုပ်သမတစ်ဦးက “ရန်ကုန်မှာပြောတော့ရေသန့်ပုလင်းအလုပ်ရုံတဲ့။ ဒီရောက်တော့အမှိုက်ပုံထဲက ချီးတွေသေးတွေနံစော်နေတာတွေကိုသန့်စင်ရတာ။ အနံ့ကလည်းဆိုး။ လုပ်အားခ  ၂၅၀ သာပေးနိုင်မယ် ဆိုတော့ ကျမတို့မလုပ်နိုင်ဘူးလေ။ ၃၀၀ တောင်းတယ်။ ပွဲစားတွေကအထုတ်ကို လာဆွဲပြီးကားပေါ် အတင်းခေါ်တင်တာ။ ပွဲစားထိုင်းမက အလုပ်လုပ်မှထမင်းစားရတဲ့ ဗမာတွေ၊ အလုပ်မရှိတဲ့ ဗမာတွေ ပေး သလောက်ယူလုပ်တဲ့။ ဒါမှနင်တို့ ထမင်းစားရမှာတဲ့ စိတ်နာဖို့ကောင်းလိုက်တာ။ ပုလိပ်ကိုခေါ်ပြီးပို့မယ်တဲ့ ကျမတို့သက်သက်အနိုင်ကျင့်ခံနေရတာ”ဟုပြောသည်။ အဆိုပါအလုပ်သမားများအားဘန်ကောက် MOEAF ရုံးက မြ၀တီသို့ ပို့ရန်စီစဉ်နေကြောင်း အလုပ်သမားများကပြောသည်။

            အမှိုက်သန့်စင်ရုံသို့ရောက်ရှိသွားသည့် အလုပ်သမ၂၄ဦးအနက်၂၊ ၅၊ ၂၀၁၅ နေ့တွင် အသက် ၁၉နှစ် အရွယ် တီနနှင့်အသက် ၁၈နှစ် အရွယ် ရိုစလာတို့မှာ အလုပ်ရုံမှ ပျောက်သွားခဲ့ကြ ပါသည်။ ထိုဝန် ကျင်တွင် ၃ရက်နေ့က အမျိုးသမီး အလောင်း ၂လောင်းတွေ့ရှိသဖြင့် ဓါတ်ပုံလာပြရာ မည်သူမှမသိကြဟု အလုပ်သမားများကပြောကြ သည်။ 

        အလုပ်ရုံမှ ပျောက်သွားသူ ၂ယောက်အတွက် အလုပ်သမားတင်သွင်းသည့် မိုးမိုးဖင်မလီရော၊ ဘန်ကောက် MOEAF ရုံးကပါ တစ်စုံတစ်ရာ စုံစမ်းခြင်း သတင်း ထုတ်ပြန်ခြင်းမရှိသေးချေ။

      ရန်ကုန်မြို့လမ်း၄၀မှ ပြည့်အောင်ကျော် ဆိုသည့်ကုမ္ပဏီမှ အလုပ်သမား၃၀ဦးတို့အား ၁၉၊ ၁၁၊ ၂၀၁၄   နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆာလာဘူရီေ ဆး ရုံဆောက်လုပ်ရေးလုပ်ငန်းခွင့်သို့ ပို့ဆောင်ပေးခဲ့သည်။ အလုပ်သမားများအား လစဉ် ၃,၈၀၀စီ   ဖြတ်တောက်ခဲ့ပါသည်။ ၆လအတွင်း ၃၀,၄၀၀ ဘတ်ဖြတ်သည့် အပြင်အလုပ်သမားတစ်ဦးစီ ဘတ်ငွေ တစ်သောင်းကျော် ရရန်ကျန်သေးသည်ဟုဆိုသည်။ ၃၊ ၅၊ ၂၀၁၅ နေ့က အလုပ်သမား၁၀ဦးတို့အား အယုဒ္ဓယမြို့သို့ အလုပ်ပြောင်းပေးမည်ဟုဆိုကာ ထိုင်းပွဲစား ကခေါ် ဆောင်လာခဲ့ပြီး မြ၀တီသို့ ပို့ဆောင်ခဲ့ပါသည်။ 


     အလုပ်သမား ၅ဦးတို့မှာစိတ်ဓါတ်ကျလာသဖြင့်နေရပ်ရင်းသို့ ပြန်သွားခဲ့ကြပါသည်။ ကျန်အလုပ်သမား ၅ဦးတို့ကMATအဖွဲ့သို့အကူညီတောင်းခံလာခဲ့သဖြင့်ယနေ့နံနက်ပိုင်းကမြ၀တီအခြေစိုက်လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူးရုံးသို့အမှုဖွင့်တိုင်ကြားရန်စေလွှတ်ထားကြောင်းသိရှိရသည်။
                    

           ၂၈၊ ၁၁၊ ၂၀၁၅ နေ့က ရန်ကုန်ပင်လုံခန်းမတွင် ဇွဲသုခကုမ္ပဏီနှင့် ထိုင်းဘက်ကအီလက် ထရွန်နစ် ကုမ္ပဏီဖြင့်၂နှစ် စာချုပ်၍ အလုပ်သမားမ၆ဦးကျား၆၅ ယောက်တို့ထိုင်းနိုင်ငံအတွင်းလာခဲ့ကြပါသည်။ ရန်ကုန်အလုပ်သမား အရာရှိများ က စက်ရုံထဲတွင် အေးဆေးစွာအလုပ်လုပ်ရမည်ဟု မိန်းခွန်းပြောခဲ့ပါ သည်။ 

         ယခုအလုပ်သမား၄၁ဦးသည် ကမ္ဘောဒီးယားနယ်စပ်ဆန်ကယောင်မြို့ နယ်တွင်ရှိသော သကြားစက်ရုံ တစ်ခုတွင် ၅၊ ၄၊ ၂၀၁၅ နေ့အထိ အလုပ်လုပ်ခဲ့ရပါသည်။ ၄လကျော်ကာလအတွင်း ပတ်စပို့ဖိုး ၁၂,၀၀၀   ဖြတ်တောက်ခံထားရပြီးဖြစ်ပါသည်။


           ထို့နောက် တင်းနစ်ဘောလုံးအလုပ်ရုံတစ်ခုသို့ပို့ရာ ခြင်းထောင်မပါပဲ တစ်ညအိပ်ခဲ့ရပါသည်။ အလုပ်မရသဖြင့်ယခုအခါ  ပုထုန်ဌာနီ ဘိုင်မိုင်းချာပုလင် အရပ်တွင် ထိုင်နေရဆဲဖြစ်ပါသည်။ အလုပ်သမား များမှာ စားစရာမရှိ၍ မြို့ပြင်သို့ထွက်၍ ကစွန်းရွက်ခူး၊ ရေမြောင်းထဲမှ ငါးပက်ကာ စားကြရသည်ဟု ပြော သည်။ ပွဲစားဇေယျာကို ဆိုသူက နက်ဖြန်တွင် မြ၀တီသို့ပို့မည်ဟုဆိုကာ ယနေ့လာရောက်၍ စါရင်းယူသွား သည် ဟုဆိုပါသည်။   
 
              MOU ဖြင့်လာရောက်သည့် အလုပ်သမားများ၏ ပြဿ      နာများအား အေဂျင်စီပွဲစားများ လုပ်ချင်သလို
လုပ်ခွင့်ရရှိသော်လည်း MOU အလုပ်သမားများအား ဥပဒေကြောင်းအရ MAT အဖွဲ့အနေဖြင့်ကူညီဆောင် ရွက်ရန်အခက်အခဲအမြောက်အမြားထဲမှလုပ်ကိုင်ဆောင်ရွက်နေရကြောင်းသိရသည်။ ထို့ကြောင့် MOU     မြန်မာအလုပ်သမားများစွာ ထိခိုက်နစ်နာနေကြဆဲဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။