08 May 2015

“မြန်မာအမျိုးသမီး၎ဦးအား ထိုင်းလူကုန်ကူးဂိုဏ်းသားများကအဓမ္မပြုကျင့်”




၂၀၁၅ မေလ ၈ ရက်

  မောင်သန့်
        ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖွန်နယ်မြေ တောစပ်တစ်နေရာမှာ လူကုန်ကူးသူ တွေနဲ့ ၀င်ရောက်လာခဲ့ကြတဲ့ မြန်မာအလုပ်သမား၂၈ဦးကို ထိုင်းစစ်တပ်နဲ့ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း မန်နေဂျာအွန်လိုင်းသတင်းတွင်ဖေါ်ပြထားသည်။

         စူရတ်ဌာနီနယ်မှ မြန်မာပွဲစားများအဆက်အသွယ်ဖြင့် ရောက်ရှိလာကြသူ များဖြစ်ကြသည်။ လူကုန် ကူးသူများက တောထဲတွင် ထားပစ်ခဲ့သဖြင့် အစာရေစာ မစားရသဖြင့် အမျိုးသားဖြစ်သူများက နီးစပ်ရာ ရွာသို့ အစားအစာများလာရောက် တောင်း ခံကြရာ ရွာသူကြီးက ထိုင်းလုံခြုံရေးတပ်ဖွဲ့သို့ သတင်းပို့ခဲ့သည် ဟုဆိုသည်။ တာဝန်ရှိသူများစစ်ဆေးချက်အရ မြန်မာအမျိုးသမီး  ၄ဦးစလုံးတို့မှာ ထိုင်းလူကုန်ကူးဂိုဏ်းသား များ၏ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ကြရသည်ဟု သတင်းတွင်ဖေါ်ပြထားသည်။ အလုပ်သမား ၂၈ ယောက်တို့ အား တင်ဆောင်လာသည့် ကား၂စီးနှင့် ထိုင်းလူကုန်ကူးဂိုဏ်းကို မဖမ်းဆီး မိလိုက်ချေ။