01 May 2015
မဟာချိုင်ကားမှောက်ကွယ်လွန်အလုပ်သမားရုပ်အလောင်း၇လောင်း သဂြိုင်္ဟ်ပြီး
၂၀၁၅ မေလ ၁ ရက် ၊စောမောင်
ကားမှောက်၍သေဆုံးသွားခဲ့ကြသည့် မဟာချိုင်မှ အလုပ်သမား ရုပ်အလောင်း ၇လောင်းအားယမန်နေ့ က သဂြိုဟ်လိုက်ကြောင်းသိရသည်။ ယမန်နေ့ နံနက် ၁၀ ခန့် က မနုနု(ခ)စာဥ၊ အသက်၂၅နှစ်၊ မခင်ချိုဆင့်(ခ) မပုအသက် ၃၁နှစ်၊ မသီတာလွင်၂၈နှစ်၊ ၃လောင်မဟာချိုင်မြို့ရှိ ဝပ်ယိုင် ဘုန်းကြီးကျောင်း၌ မီးသင်္ဂြုလ် ခဲ့သည်။ ညနေပိုင်း၆နာရီခွဲတွင် သန်းမြင့် ၃၄နှစ်၊ မကွေးတိုင်းမင်းလှမြို့နယ်၊ ခလှိုင်းကျေးရွာ၊ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ဒီးဒုတ်ကန်ကျေးရွာ၊ ကိုဇော်၃၁( ပိုင်ရှင်မဲ့) ၊ တင်စိုးလွင်၂၃နှစ်၊ ဇော်လင်း ၂၂နှစ် (ပိုင်ရှင်မဲ့)
 သင်္ဂြိုဟ်မှုကိစ္စရပ်များအား လုပ်ငန်းရှင်၊ ကွယ်လွန်သည့်အလုပ်သမား မိသားစုများနှင့် မဟာချိုင်မှ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း လုပ်ဆောင် ကြကြောင်း MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးကပြော သည်။ ၂၀၁၅ ခုဧပြီလ ၂၇ရက်နေ့ ည၈နာရီအချိန်ခန့်၌ ဘန်ကောက်မြို့ အနီး စမွတ်စာခွန်ခရိုင် မဟာချိုင် ၀တ်ကေသုန် အရပ်တွင်ရှိသော PT Foods ပင်လယ်အစားအစာ ထုတ်လုပ်သည့်အလုပ်ရုံမှ အလုပ်သမား များ အလုပ် ကပြန်လာချိန်တွင် မဆင်မခြင်ကားမောင်းနှင်ခြင်းကြောင့် ကားမှောက်၍ အလုပ်သမား ၉ဦးပွဲ ချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသူများ အရေးပေါ် ဆေးဝါး ကုသမှုခံယူနေကြစဉ် ယမန်နေ့ နံနက် ၆နာရီခန့်က မဟာချိုင်အမှတ် ၃ ဆေးရုံကြီးတွင် ၌ ပဲခူးတိုင်း ဝေါမြို့နယ်၊ ဇီးဖြူကုန်းကျေး ရွာမှ အဖ ဦးခင်စိုး+ ဒေါ်အေးမာတို့၏သား၊ အသက်၁၈နှစ်အရွယ် မောင်အောင်စိုးမိုး ကွယ်လွန်ခဲ့သည်။
ညနေ ၆နာရီ ၅မိနစ်၌ မဟာချိုင်အမှတ်၁ ဆေးရုံတွင် အရေးပေါ်ဆေးဝါးကုသမှုခံနေသူဖြစ်သော ရန်ကုန် တိုင်း သာကေတမှ အဖ ဦးအောင်စိုး၏သား ကိုမင်းသူအောင်(အသက် ၁၉ နှစ်) သည် ထပ်မံကွယ်လွန် သွားခဲ့ပါသည်။ အခြားလူများမှာ စိုးရိမ်ရဆဲဖြစ်သည်။
 ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် နစ်နာကြေးများ၊ ထိခိုက်ဒဏ်ရာရသူများ အတွက်
 ဆေးဝါးကုသနေရသူများ အတွက် ဆေးဝါး ကုသစရိတ်များအားပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
 တော်အစိုးရ (အလုပ် သမားဝန်ကြီးကိုယ်စား) မြန်မာသံရုံမှ အလုပ်သမားသံအရာရှိများဖြစ်ကြသည့် ဦးသိန်းနိုင် နှင့် ဦးအောင်လှထွန်းတို့က ဆက်လက်ဆောင်ရွက်နေသည်ဟု သိရှိရပါသည်။