15 May 2015

“MOU အလုပ်သမားများအား အလုပ်ရှာမပေးနိုင်ပဲအတင်းအဓမ္မပြန်ပို့နေ”


                
၂၀၁၅ ခု မေလ ၁၅ ရက်
စောခွန်

              မေ၀င့်ကုမ္ပဏီသည် ထိုင်းနိုင်ငံအတွင်းသို့ ရာပေါင်းများစွာသော အလုပ်သမားများတင်သွင်း လာခဲ့ သော်လည်း ၃လကျော်ကြာသည့်တိုင်အောင် အလုပ်အကိုင်မယ်မယ်ရရမပေးနိုင်သဖြင့် အလုပ် သမားများအား မြန်မာနိုင်ငံသို့ အတင်းအဓမ္မပြန်ပို့နေကြောင်းသိရှိရသည်။

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း၊ ရွာမရွာမှအမျိုးသမီး၈ဦး၊ အမျိုးသား၁ဦးနှင့်
 ပြည်မြို့နယ်၊ တီတွတ်စံပြရွာမှ အမျိုးသား ၃ဦး (စုစုပေါင်း ၁၂ဦး) တို့အား မဲဆောက် MCC ပွဲစားရုံးသို့   မေ၀င့်ကုမ္ပဏီ ကိုယ်စားလှယ် ကာရန် ဆိုသူက မေလ ၆ရက်နေ့က အလုပ်ပြောင်းပေမည်ဟုဆိုကာ   ခေါ်ဆောင်သွားခဲ့ကြောင်း အလုပ်သမားများကပြောသည်။ 

           ရခိုင်ပြည်နယ်၊ တန်းလွဲချောင်း၊ရွာမကျေးရွာမှ ရခိုင်အမျိုးသမီး ၄ဦးနှင့်အမျိုးသားငယ်တစ်ဦးတို့ အား ကျောက်လုံးကြီးစခန်းတွင် လက်မှတ်ထိုးစေလျှက် ကျပ်ငွေ တစ်သိန်းစီ လမ်းစရိတ်ပေးအပ်ခဲ့သည်။ ၎င်း၅ဦးတို့အား ယနေ့နံနက်ပိုင်းက မြ၀တီမှ  အောင်စစ်သည် ကားဖြင့်ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးဖြစ် ပါသည်။ မပြန်လိုသည့် တရွာတည်းသား ရခိုင်အမျိုးသမီး၎ဦးမှာ မဲဆောက်MCC ပွဲစားရုံးတွင်ကျန်နေခဲ့ ဆဲဖြစ်သည်။ တရွာတည်းသားရခိုင်လူငယ်များမှာ မေ၀င့်ကုမ္ပဏီသို့ ထိုင်းနိုင်ငံသို့လာရောက်ရန်အတွက် တစ်ဦးလျှင် ကျပ်ငွေ လေးသိန်းခွဲအထိပေးခဲ့ရပြီး မြ၀တီသို့လာသည့်ကားခနှင့် မြ၀တီတွင် စောင့်နေစဉ်နေ စဉ်  တစ်ပတ်နေထိုင်စားသောက်စရိတ်များပါ ပေါင်းပါက ကျပ်ငွေ ခြောက်သိန်းခန့်ဝန်ကျင်ခန့် ကုန်ကျခဲ့ ကြောင်း အလုပ်သမများကပြောသည်။


           မဲဆောက် MCC ရုံးတွင် ကျန်နေခဲ့ရသည့် ရခိုင် အလုပ်သမငယ်တစ်ဦးက“ကျမကအဖေအိုကိုလုပ်ကျွေး   ချင်လို့လာတာ။ ကျမ အလုပ်လုပ်ရမှဖြစ်မယ်။ ဘယ်နည်း နဲ့မှ ကျမ မပြန်ချင်ဘူး။ ကျမတို့ အလုပ်ပဲလိုချင်ပါတယ်။ ရန်ကုန်မှာ ဌေးကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့ပြီး မြ၀တီရောက်ေ  တာ့  မေ၀င့်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပါတယ်။ ဒီအကြွေးတွေ ကို ကျမတို့ ဘယ်လိုမှ ပြန်ဆပ်နိုင်ကြမှာမဟုတ်ဘူး။ ဒီနေ့ MCC ရုံးက ထိုင်းသူဌေးမကပြောတယ်။ အလုပ်ရှာ မရဘူး။သွား ချင်တဲ့နေရာကိုသွားကြ၊ ကားခပေးမယ် လို့ပြောပါတယ်” ဟု စိတ်မကောင်း စွာပြောသည်။  

           မိန်းကလေးများနှင့်အတူယနေ့နံနက်ပိုင်းက   မေ၀င့်ကုမ္ပဏီ ပွဲစားများသည် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တီတွတ်စံပြရွာ၊ ကိုအေးမင်းအောင်၊ ကိုတင်မောင်ထွေး၊ ကိုအောင်မျိုးဦး တို့ ၃ဦးကိုမူ သောင်းရင်းမြစ်ကို လှေဖြင့်တင်ဆောင်ကာ တရားမ၀င် မြ၀တီသို့ ပို့ဆောင် ခဲ့သည်။ ကားလက်မှတ်ဝယ်ပြီး အောင်စစ်သည် ကားပေါ်သို့ အတင်းအဓမ္မတင်ပါသည်။ ထိုအခါ အလုပ် သမားများက နားလည်မည့် သူတစ်ဦးအား ပတ်စပို့စာအုပ်ကို ပြကြည့်ရာထိုင်းနိုင်ငံမှ အထွက်တံဆိပ်တုံးနှင့်   မြန်မာနိုင်ငံသို့အ၀င်တံဆိပ်တုံးတို့ကို မထုပဲဖြစ်နေကြောင်း သိရှိခဲ့ရသည်။ 

          အထူးသဖြင့် လမ်းတွင် စားစရာ ငွေတစ်ပြားတစ်ချပ်မှ မပါသဖြင့် VITA နာနတ်သီးစက်ရုံတွင် လုပ် အား ရက်ပေါင်ကြေး ၉ ရက်စာအား ထုတ်ပေးပါရန် မြ၀တီမှ ကျောင်းဆရာဆိုသည့် ပွဲစားအား မေတ္တာရပ်ခံ ခဲ့သော်လည်း ရန်ကုန်မှ မေ၀င့်ကုမ္ပဏီရုံးသို့သွားရန်သာပြောဆိုနေခဲ့ပါသည်။ သို့ဖြစ်၍ ဘန်ကောက် အခြေ စိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ  ဦးကျော်သောင်းထံသို့ ဆက်သွယ်အကူ ညီ တောင်းခံခဲ့သည်။ တပြိုင်တည်းတွင် ထိုင်းအခြေစိုက် VOA သတင်းထောက်အား ကိုအေးမင်းအောင်က အင်တာဗျူးပေးနိုင်ခဲ့သည်။


ကိုအေးမင်းအောင် က“ ကျနော်တို့ တရွာတည်းသား ၄ယောက် တစ်ယောက်ကို ကျပ်ငွေ ၆၈၅,၀၀၀ စီ မေ
ဝင့်ကုမ္ပဏီ ကိုပေးခဲ့ရပါတယ်။ ၁၀၊ ၁၊၂၀၁၅ ကတည်းကလာခဲ့တာ ထိုင်းမှာအလုပ်ရုံ ၃ရုံပြောင်းခဲ့ရပါတယ်။
ကျနော်တို့ကို နောက်ထပ် အလုပ်ပြောင်းပေးမယ်လို့ မဲဆောက် MCCရုံးက ကာရန်ဆိုသူခေါ်လာပြီးတော့ အတင်းပြန်ပို့ခံရတာပါ။ လမ်းစရိတ်၊ စားစရိတ်တစ်ပြားမှမပါပဲ အောင်စစ်သည် ကားပေါ်အတင်းခေါ်တင် တာပါ။ ရခိုင်မိန်းကလေး တွေကတော့တစ်ယောက်ကို ကျပ်ငွေတစ်သိန်းစီပေးလိုက်လို့ ပြန်သွားကြပြီ” ဟု ပြောသည်။

          MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “အလုပ်သမားကလေးတွေ အရေးပေါ်ဖုန်းဆက်လာပါ တယ်။ ဒီကလေးတွေက အေးရာအေးကြောင်း စရိတ်ကလေးရရင်ပြန်ရင်လည်းပြန်ရပါစေ၊ မထူးတော့ဘူး ဆိုပြီး စိတ်ဓါတ်ကျပြီး ပြန်ကြတာ။ လမ်းမှာထမင်းစားဖို့နေနေသာသာ ရေသောက်စရာတောင်မပါကြဘူး။ ကျနော်က သူတို့ လိုက်မသွားချင်ဘူး ဆိုရင်လုံခြုံတဲ့ တစ်နေရာကိုသွားပါလို့ ပြောလိုက်တယ်။ ကျနော်နဲ့   ပြောနေတုန်း မနက် ၉နာရီ ၃၆မိနစ်မှာ နောက်က ပွဲစားတွေလိုက်ပြောနေတာ ကျနော်ကြားရတယ်။ ကျနော် အသံဖမ်းထားနိုင်လိုက်တယ်။ မြ၀တီလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကို ကူညီရှာပေးဖို့ အကူ ညီတောင်းခံထားပါတယ်” ဟုပြောသည်။

           အလားတူ ယနေ့တွင် မေ၀င့်ကုမ္ပဏီမှ ပို့ထားပြီး သုံးလေးလကြာသည့်တိုင်အောင် အလုပ်အကိုင် မယ်မယ်ရရမရှိသေးကြသည့် အမျိုးသမီး၂ဦးနှင့် အမျိုးသား ၉ဦးတို့ အား ကန်ချနဘူရီ VITA နာနတ်သီး စက်ရုံမှ အဆိုပါ မဲဆောက်မြို့ MCC ပွဲစားရုံးသို့ရောက်ရှိနေကြောင်း အလုပ်သမားများကပြောသည်။   ၎င်းတို့ကိုလည်း ပတ်စပို့စာအုပ်ကို ရွေး၍ သွားလိုရာကိုသွားနိုင်ကြောင်း ပြောဆိုသည်ဟု အလုပ်သမား  များ ကပြောသည်။ 

          ထိုင်းနိုင်ငံ၏ လူကုန်ကူးဂိုဏ်းများပင်မနေရာ တစ်ခုဖြစ်သော ကန်ချနဘူရီမြို့နယ်၊ ထာ့မကာမြို့ တွင်ရှိသောVITA  နာနတ်သီးစက်ရုံတွင် မေ၀င့်ကုမ္ပဏီမှ ပို့ထားသည့်အလုပ်သမား(၂၀၀ ကျော်)
ကန်ချနဘူရီမြို့နယ်၊ ဘော်ဖွယ်မြို့ တွင်ရှိသော နာနတ်သီးအလုပ်ရုံတွင် လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင် တစ်ဦးထံတွင် အလုပ်သမား ၁၀၀   ကျော်  စူဖန်ဘူရီ F&F ကြက်သားရုံမှ ယခင် အမည်ပျက်စာရင်းသွင်း ခံထားရသည့် ထိုင်းပွဲစားမ၀တုတ်ထံတွင်၂၀၀ ကျော်တို့ ပို့ထားဆဲဖြစ်ကြောင်း MAT အဖွဲ့သို့ မှတ်တမ်းပေး ပို့ထားကြပြီးဖြစ်ပါသည်။

            လက်ရှိနေရာများသို့ရောက်ရှိနေကြသည့် အလုပ်သမားပေါင်း ငါးရာကျော်တို့သည် ချုပ်ဆိုလာ သည့် စာချုပ်အသီးသီးတို့မှာ သစ်စက်၊ ပရိဘောဂ၊ အီလက်ထရွန်နစ်၊ ဂျုံမှုန့်၊ ငါးဖမ်းပိုက်ကွန်နှင့် မြေသြဇာ
စက်ရုံ စသည်တို့ဖြစ်ကြောင်း အလုပ်သမားများကပြောပါသည်။ 

        ပြည်ထောင်စုမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့သည်
MOU တင်သွင်းခြင်းလုပ်ငန်စဉ်များအား အေဂျင်စီအမည်ခံပွဲစားများဖြင့် ၃နှစ်ကျော်ကြာ အကျိုးတူပူးပေါင်းေ ဆာင်ရွက်နေကြသော်လည်း နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ၏ပကတိအခြေနေ မှန်များကို စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ လွဲမှားနေသည့် မူဝါဒအချို့တို့အား ပြုပြင်ခြင်းများမရှိပဲ အလုပ် သမားတင်ပို့ခြင်းအပေါ်အကျိုးအမြတ်ခံစားခြင်းဖြင့်သာ ဆက်လက် လုပ်ကိုင်နေကြဆဲဖြစ်သဖြင့် ပြည်ပ  ထွက်ခွာအလုပ်လုပ်လိုကြသည့် မြန်မာနိုင်ငံသားများမှာ အေဂျင်စီပွဲစားများ၏ ဆက်လက်လိမ်လည်မှုတို့ကို ခံနေကြရဦးမည်ဖြစ်ကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။