12 May 2015

“ရဲစခန်းတွင်၂ညတာခိုလှုံနေခဲ့သောအလုပ်သမား၂၂ဦးအားနေရာသစ်သို့ပြောင်း”



        
၂၀၁၅ ခု မေလ  ၁၁ ရက်
ခရမ်းသားလေး
        မိုးမိုးမိသားစုအေဂျင်စီက  ရေသန့် ပုလင်းအလုပ်ရုံဟုလိမ်လည်ပြီး အမှိုက်ပြန် လည်သန့်စင်အလုပ်ရုံသို့ ပို့ဆောင်ခံခဲ့ရသည့် အလုပ်သမားများအား လုပ်အားခအပြည့် မပေးရာမှ ပြဿ      နာ တက်ခဲ့ကြသည်ကို   တာဝန်ရှိသူများ ပြေလည်အောင်မဖြေရှင်းနိုင်      သဖြင့် အလုပ်သမ ၂၂ဦးတို့ ရဲစခန်းတွင် ၂ည ခိုလှုံနေခဲ့ရာမှ ယမန်နေ့ညဥ့်က အခြား   နေရာတစ်ခုသို့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်   ကြောင်း အလုပ်သမားများကပြောသည်။

         အလုပ်သမားမများက အလုပ် မှန်မှန် လုပ်ရ လျှင်ပြီးရောဟုဆိုကာ လိုက်ပါလာခဲ့ကြ   သော်လည်း မည် သည့်မြို့သို့ပြောင်းရွှေ့နေ သည် ကိုမသိရှိရဟုဆိုကြသည်။ 

          အလုပ်သမများပေးပို့လာသည့် ပုံများ အရ အမျိုးသမီး၇ဦး၏ စာရွက်တွင် အထည် ချုပ်ဟုပါရှိပြီး အမျိုးသမီး၁၇ ဦး၏ စာရွက်တွင် ပရိဘောဂ အလုပ်ရုံဟုပါရှိသည်။ 

အလုပ်သမ ခေါင်းဆောင်တစ်ဦးက“ သမီးတို့ ကားတော့ ၂စီးခွဲလာခဲ့တယ်။ ဘာမြို့လည်း   တော့မသိဘူး။ ပျောက်နေတဲ့မိန်းကလေး ၂ယောက်ကို မိုးမိုးဖင်မလီ ဒါရိုက်တာ ဦးတင်စိုးက တာဝန်ယူတယ်လို့ ပြောပါ တယ်။ ၃ ရက်စောင့်ရင် အလုပ်ရမယ်လို့ပြောပါတယ်” ဟုပြောသည်။

            အလုပ်သမများက  MAT အဖွဲ့ကို လာရောက်ခဲ့ပါရန် ၂ ရက်တိုင်တိုင်ဖိတ်ခေါ်ခဲ့သော်လည်း မသွား ရောက်ခဲ့ကြပေ။ အလုပ်သမားများ၏ ပြဿ      နာများကို ဖျန်းဖြေရန်သွားရောက်နေသူများအား မည်သည့် အရပ်ဒေသဖြစ်ကြောင်း အတည်ပြုနိုင်ရန်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ကြချေ။

 ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က
“ပွဲစားနဲ့ အစိုးရနဲ့တင်သွင်းတာ သူတို့ငွေရထားကြတဲ့သူတွေပဲပြေလည်အောင်ရှင်းရမယ်လေ။ ထိုင်းတစ်နိုင် ငံလုံးကိုအဓိက လူကုန်ကူးနေတစ်ခုဖြစ်တဲ့ ထိုင်းနဲ့မြန်မာ လူကုန်ကူးဂိုဏ်းချုပ်တွေကျက် စားနေထိုင်ကြတဲ့ ကန်ချနဘူရီခရိုင်က VITA နာနတ်သီးစက်ရုံကို  မေ၀င့်ကုမ္ပဏီကပို့ထားတယ်။  အလုပ်မရှိဘူး။ ဇွဲသုခကုမ္ပဏီက အလုပ်သမား၄၁ ယောက်ပထုံဌာနီက တန်းလျား မှာထမင်းငတ်နေကြပြီမဲဆောက်MCC ရုံးမှာ ရခိုင်မိန်းကလေး ၉ ယောက်နဲ့ ပြည်က အမျိုးသား ၃ယောက် ဒီနေ့ ထမင်းမစားကြရဘူး၊ နက်ဖြန်ဆို ဘယ်ကိုဖျောက်ကြပြန်မလဲမသိဘူး” ဟုပြောသည်။ 

ဆက်လက်၍ “မြန်မာအစိုးရတာဝန်ရှိသူတစ်ယောက်က အဖြစ်အပျက် အမှန်တွေကို ကျနော်တို့နဲ့ပူးပေါင်းပြီး မဖေါ်ထုတ်ပဲ အေဂျင်စီပွဲစားတွေနဲ့ အဘ..အဘနဲ့…..မ,နေကြလို့ ကတော့ အမှန်တရားလည်းပျောက်နေမှာ   ဖြစ်သလို အလုပ်သမားတွေလည်း ဆက်လက်ဒုက္ခ ရောက်နေကြအုံးမယ်မှာပဲ။  ကျနော်တို့လည်း အမုန်းခံ   နေရအုံးမှာ ပဲ” ဟု ဦးကျော်သောင်း ကပြောဆိုသည်။


            MOU အလုပ်သမားတင်ပို့သည့်လုပ်ငန်းစဉ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အမကကျောင်းအုပ် ဆရာမကြီးများ၊ ကျောင်းဆရာမများ၊ ထိုင်းဘက်နှင့်ကူးလူးဆက်ဆံရှိသည့် ရဟန်းအတုအယောင်များ ပါ သက်နေကြောင်း MAT ကမှတ်တမ်းပြုစုထားသည်။ 

      အစိုးရက မည်သို့သတ်မှတ်ထားသည်ဖြစ်စေ ပကတိဖြစ်နေသည့်ပုံစံမှာ (အလုပ်သမားတစ်ဦးလျှက် ကြားပွဲစားအား အနည်းဆုံး ကျပ်၅သိန်းမှ ၈သိန်းအ ထိပေးရပြီ၊ ပတ်စပို့လုပ်၍ ကုန်ကျငွေ၊ မြ၀တီသို့လာ သည့်ကားခနှင့် မြ၀တီတွင် တည်းခိုနေထိုင်စားစရိတ်အားလုံးမှာ အလုပ်သမားများ ကုန်ကျခံရပါသည်) သို့ဖြစ်၍ အေဂျင်စီများသည်မြန်မာဘက်အခြမ်း၌ပင်လျှင် မြန်မာ အလုပ်သမားတစ်ဦးထံမှ အနည်းဆုံး အသားတင် ကျပ်ငွေ နှစ်သိန်းသုံးသိန်း အမြတ်အစွန်းရရှိထားပြီးဖြစ်သည်။ 

   ထိုင်းဘက်တွင်လည်း နည်းမှန်လမ်းမှန်ယူလျှင်ပင် ကျပ်ငွေ တစ်သိန်းမှ နှစ်သိန်းခန့်အမြတ်ကျန်ပါသည်။ ကုမ္ပဏီအချို့သည်အလုပ်သမားများအား၃လခိုင်းလိုက်၆လခိုင်းလိုက် ပြန်ပို့လိုက်ပြီး ငွေထုတ်စက်သဖွယ်
 မြန်မာအလုပ်သမားများအားကျေးကျွန်သဖွယ်ခိုင်းစားနေကြသည်။ MAT ၀က်ဘ်ဆိုဒ် တွင် MOU အလုပ် သမားများပြဿ      နာပေါ်လာပါက ပွဲစားအဖွဲ့ချုပ် MOEAF နှင့် နေပြည်တော် အလုပ်သမားဝန်ကြီးရုံးနှင့် သက်ဆိုင်ရာ အေဂျင်စီများမှာ  ပြယာခပ်ပြီး၊ ပြေးလွှား ဖုံကွယ်နေကြ ကြောင်း၊ သို့ရာတွင်မည်သို့ အရေး ယူဆောင်ရွက်ခံရခြင်းမရှိကြောင်း မှန်မှန်ကန်ကန်လုပ်ကိုင်နေကြ သည့်အေဂျင်စီဒါရိုက်တာ အချို့က MAT အဖွဲ့သို့ ရင်ဖွင့်ပြောဆိုကြသည်။ 

      ပွဲစားဂိုဏ်းချုပ် MOEAFနှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အကျိုးတူ လုပ်ငန်းဖြစ်နေသဖြင့် MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း အား တစ်နည်းနည်းဖြင့် ဒုက္ခပေးနိုင်ကြောင်း အေဂျင်စီအချို့ကခြိမ်းခြောက် သတိပေးကြသည်။ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် က ဦးကျော်သောင်း အားMOEAFက မင်္ဂလာဒုံ  လေယာဉ်ကွင်း တွင် အမည်ပျက်စါရင်းတရားမ၀င်သွင်းထားခဲ့ဖူးသည်။
 
 မြန်မာအာဏာပိုင်အချို့တို့အားအကာအကွယ်ယူ၍အကျိုးစီးပွားရှာဖွေ၍အလွန်ကောင်းမွန်သော ခေတ်သစ် MOU လူကုန်ကူးမှု စီးပွားရေးလုပ်ငန်းကြီးမှာ လွန်စွာဖွံ့ဖြိုးရှင်သန်လျှက်ရှိသည်။