10 May 2015

“MOU မိန်းကလေး၂၂ဦးထိုင်းရဲစခန်းတွင်ညအိပ်ခိုလှုံနေရ”



                       
၂၀၁၅  မေလ ၁၀

ခရမ်းသားလေး
                       မိုးမိုးမိသားစုအေဂျင်စီဖြင့်ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ် ကိုင်ကြသည့် MOUအလုပ် သမ၂၂ဦးတို့ ပြဿ      နာမပြေလည် သဖြင့် ရဲစခန်းတစ်ခုတွင်ညအိပ်ခိုလှုံနေရကြောင်းသိရှိရသည်။

     ယမန်နေ့ကထိုင်းနိုင်ငံမြောက်ပိုင်းဘန်ကောက်မြို့မြောက်
ပိုင်း ကီလိုမီတာ ၁၅၀ ကျော်အကွာတွင်ရှိသောဥထွါန်ဌာနီပြည် နယ်၊ လုဘူလီမြို့နယ် ၁၉လမ်းတွင်ရှိသော ပလပ်စတစ်အမှိုက်   ပြန်လည်သန့်စင်သည့်အလုပ်ရုံတွင် အလုပ်လုပ်နေကြသော   မြန်မာအလုပ်သမ ၂၂ဦးတို့ထံသို့ ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးသိန်းနိုင် နှင့် ဦးလှထွန်း တို့ဦးဆောင် ကာ ဘန်ကောက် အေဂျင်စီများအဖွဲ့ချုပ် MOEAF တာဝန်မှုများ၊ မိုးမိုးမိသားစုအေဂျင်စီ ဒါရိုက်တာ ဦးတင်စိုး သွားရောက်ဖြေရှင်းခဲ့ကြောင်း အလုပ်သမား များကပြောသည်။

            အလုပ်သမားများအား ထိုင်းနိုင်ငံတွင်သတ် မှတ်ထားသည့် လုပ်အား ခမပေးပဲ ၁၅၀ဘတ် မှ ၂၅၀ အတွင်းသာ ပုတ်   ပြတ် သဘောပေးနေ သဖြင့်  ပြဿ     နာစခဲ့ ကြ ခြင်းဖြစ်သည်။ 

အလုပ်သမားများသည် ရန်ကုန်မြို့ ပင်လုံခန်းမ တွင် စာချုပ်ချုပ်ခဲ့ကြစဉ် က ရေသန့်ပုလင်းခွံများ လုပ် ရသည့်အလုပ်ရြုံ ဖစ်သော်လည်း ထိုင်းကို   ရောက်သည့်အခါ အမှိုက်သရိုက်များကို ပြန် လည်သန့်စင်သည့်  အလုပ်ရုံဖြစ်နေပါသည်။ 

သို့ရာတွင် အလုပ်သမား များ သည်ကြိတ် မှိတ်၍ လုပ်နေခဲ့ကြသည်ဟုဆို ကြသည်။ 
 
             အလုပ်သမ  ခေါင်းဆောင်ဖြစ်သည့် မသန်းသန်းပြုံးက“အမှန် အတိုင်းဖြေရှင်းမယ်ထင်ခဲ့တာ။ ပွဲစား တွေအလိုကျပဲ မြ၀တီပြန်တဲ့ အလုပ်သမားသံအရာရှိတွေက၊ အဲဒီမှာ တစ်လခွဲလောက်စောင့်ပြီး စာချုပ် အသစ်ချုပ်ပြီးပြန်လာခဲ့တဲ့။ သမီးတို့က ကျပ်ငွေ ခုနစ်သိန်းကျော်လောက်ကုန်လာခဲ့တာ။ သမီးတို့ ဘ၀ ပျက်သွားမှာပေါ့။ မြ၀တီမှာ ဘယ်မှာနေမလဲ။ ဘာနဲ့စားမလဲ။ ဒီအရာရှိကြီးတွေ မစဉ်းစားကြဘူးလား။ ပြန်ပို့ မယ်ဆိုပြီး ကား၂စီးရောက်လာတယ်။ အလုပ်သမားသံအရာရှိလည်းမပါဘူး။ ဗမာကိုယ်စားလှယ်လည်းမပါ ဘူး။  မိုးမိုးအေဂျင်စီကလည်းတစ်ယောက်မပါဘူး။ ထိုင်းကားသမားနဲ့ သမီးတို့ကိုတင်ပြီးပို့မှာတဲ့။ သမီးတို့ လက်ထဲမှာ ပတ်စပို့လည်းမရှိဘူး။ အဲဒါကြောင့် သမီးတို့ တစ်နာရီလောက်လမ်းလျှောက်လာတော့ ရဲစခန်း တစ်ခုကိုတွေ့လို့ ၀င်ခိုနေလိုက်ကြပါတယ်” ဟု ငိုရှိုက်ရင်းပြောပြသည်။

        အလုပ်သမများက ရိုက်ကူးပေးပို့သည့် ဓါတ်ပုံ များသတင်းအချက်အလက်များတို့အားဧပြီလ၂၂ရက် ကတည်းက  နိုင်ငံတော်သမ္မတရုံးနှင့် ဘန်ကောက်ြ မန်မာသံရုံး သံအမတ်ကြီးထံသို့ အချက်အလက်များ   ရေးသား၍ MAT အဖွဲ့က တင်ပြခဲ့ပါသည်။

        ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်   မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “MOU ပြဿ      နာက ကျနော်တို့မရှင်းချင်ဘူး။ တာဝန်ကြီးပါတယ်။ မလုပ်ပဲထားလိုက်ရင်လည်း မြန်မာကလေးတွေဘ၀ပျက်ကုန်မှာ။ အလုပ်သမားသံ အရာရှိတွေကလည်း အေဂျင်စီပွဲစားတွေနဲ့ပဲ ကြိတ်ရှင်းချင်တာ။ ကျနော်တို့ဖုန်းဆက်တာကို လက်ခံစကား မပြောဘူး။ MOU လုပ်ထုံးလုပ်နည်းတွေ စကတည်း ကမှားနေတာ။ အလုပ်သမားတွေကိုဖိနှိပ်ခံနေရတယ်။ ထိုင်းပွဲစားနဲ့ဗမာပွဲစားတွေ လုပ်ချင်တာလုပ်ခွင့်ရှိနေတယ်။ သူတို့က ဖိနှိပ်တဲ့ယန္တရား။ ကျနော်တို့က အဖိနှိပ် ခံဘက်က ရပ်တည်တဲ့လူတွေဆိုတော့ အလုပ်သမားသံအရာရှိတွေက ကျနော်တို့ကို အမြင်မကြည်ကြဘူး။ အလုပ်သမားသံအရာရှိတွေဟာ အလုပ်သမားတွေရဲ့ ပကတိအခြေအနေမှန်ကိုမြင်ပါလျှက် အမှန်အတိုင်း ရှင်းမပေးပဲ လစ်လျှူရှုတာကတော့ ပွဲစားနဲ့တူတူအနိုင်ကျင့်ရာ ရောက်တယ်ဗျ” ဟုဦးကျော်သောင်း ကပြော သည်။
 
      
    အလုပ်သမများသည် မိုးမိုးမိသားစုအေဂျင်စီဖြင့် ထိုင်းနိုင်ငံတွင် ရေသန့်ပုလင်းများ လုပ်ရမည်ဟု ဆိုကာ ၆၊ ၄၊ ၂၀၁၅ နေ့ကအလုပ်သမ၂၄ဦးအား ထိုင်းနိုင်ငံ လုဘူရီ ၁၉ လမ်းတွင်ရှိသော အမှိုက်ပြန်လည်သန့်စင်   ချေချွတ်သည့် စက်ရုံသို့ပို့ဆောင်ခဲ့ပါသည်။

        မေလ ၂ရက်နေ့က အလုပ်သမငယ် ၂ဦးပျောက်ဆုံးနေမှုကိစ္စ နှင့်ယခုလက်ရှိ အခြေအနေများအား   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီနာယက သံအမတ်ကြီး ဦးဝင်းမောင် ထံသို့ သတင်းပေးပို့၍  သင့်တော်သည့် အကူညီတစ်ခုခုပေးနိုင်ရန်ပြင်ဆင်ရမည်ဟု MAT အဖွဲ့ကပြောသည်။


       ၂၀၁၄ ခုနှစ်မတ်လ၁၀ရက်နေ့က မိုးမိုးမိသားစုအေဂျင်စီက  အလုပ်သမား၄၇ဦးတင်သွင်းလာခဲ့သည်။   အခြားအလုပ်သမားများမည်သည့်အရပ်သို့ ပို့ဆောင်သည်ကို MAT အဖွဲ့က မသိရသော်လည်း အလုပ် သမား ၁၆ဦးတို့သည် ထိုင်းနိုင်ငံ ပါကျင်ဘူရီပန်းရံဆိုဒ်တစ်ခုတွင် ဖမ်းဆီးခံရပြီးရက်ပေါင်း ၅၈ ရက်   ထောင်ကျခံခဲ့ရဖူးပါသည်။ထိုကိစ္စဖြင့် မိုးမိုးမိသားစုအေဂျင်စီအား မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မည်သို့သော အရေးယူမှုမှမပြုလုပ်ခဲ့ချေ။ ယခုသတင်းအတွက် အလုပ်သမားသံအရာရှိများနှင့် မိုမိုးမိသား စုအေဂျင်စီ ဒါရိုက်တာ ဦးတင်စိုးအား ဖုန်းဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ကြောင်း MAT အဖွဲ့ကပြောသည်။