14 May 2015

“သေနတ်အပစ်ခံရသည့် အလုပ်သမားလေးဦးအတွက် လုပ်အားခရရန် မြန်မာသံရုံးကူညီ”


၂၀၁၅ မေလ ၁၄
စောမောင်(ရွှေလုပ်သား)

ထိုင်းနိုင်ငံတောင်ပိုင်း  စူရတ်ဌာနီ လေယာဉ်ကွင်းအနီးမှ ထိုင်းလုပ်ငန်ရှင်တစ်ဦးထံတွင်လုပ်အားခရ ရန်
ရှိသော သေနတ်ပစ်ခတ်ခံရသည့် အလုပ်သမားလေးဦးအတွက် မြန်မာသံရုံးမှ ယနေ့ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 အသက်၁၈မပြည့်သေးသည့် MOUအမျိုးသမီးငယ်တစ်ဦးကိစ္စဖြင့် စူရတ်ဌာနီအမျိုးသမီးကယ်ဆယ်ရေစခန်းသို့ ရောက်ရှိလာခဲ့သော မြန်မာအလုပ်သမားသံအရာရှိဦးလှထွန်းနှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်
ရှောက်ရေးကော်မတီဝင်များဖြစ်ကြသောရှေ့နေဦးအောင်မျိုးသန့်၊MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်း၊
ဦးစောမြတ်ချို တို့သည်စူရတ်ဌာနီမြို့ရှိ ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာန အလုပ်သမား ပြဿနာဖြေရှင်းရေးရုံး(ဆ၀ါဒီကမ်)သို့ ကာယကံရှင်အလုပ်သမား၎ဦးနှင့်အတူ လာရောက်ခဲ့ကြသည်။

 မြန်မာအလုပ်သမားသံအရာရှိ ဦးလှထွန်းမှ“အလုပ်သမား၎ဦးရဲ့ လုပ်အားခကျန်ငွေ ဘတ်ငွေသုံးသောင်းတစ်ထောင်ကျော်ကို အမြန်ရရှိရေးအတွက် ထိုင်းဥပဒေအရ ကူညီဖြေရှင်းပေးဖို့အတွက် ညှိနှိုင်းဆောင်
ရွက်ပေးခဲ့ပါတယ်” ဟုပြောသည်။



လုပ်အားခတောင်းခံခဲ့ခြင်းကြောင့် ထိုင်းလုပ်ငန်ရှင်က သေနတ်ဖြင့်ပစ်ခက်ခံရသည့်အလုပ်သမား၎ဦး တို့မှာ ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးတို့ဖြစ်ကြသည်။

မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MATဒါရိုက်တာ ဦးကျော်သောင်းက
“နယ်စွန်နယ်ဖျား ရော်ဘာတောတွေထဲမှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ မကြာခဏ
သက်ဖြက်ခြင်းကိုလည်း ခံကြရသလို..လုပ်အားခကြပြန်တော့လည်း လုပ်ငန်ရှင်းတွေကမပေးချင်ကြဘူး၊
ဒီလိုနေရာမျိုးတွေကို အစိုးရတာဝန်ရှိသူတွေရော ကျနော်တို့ကပါ ကူညီပေးဖို့အတွက်ဆိုတာ ခက်ခဲပါ
တယ်၊မြန်မာအလုပ်သမားတွေအနေနဲ့ ရတဲ့အလုပ်ကို ၀င်လုပ်ချင်ထက်သေချာပြီး အန္တရာယ်ကင်းမယ့်
အလုပ်ကိုင်တွေကို ၀င်ရောက်လုပ်ကိုင်စေခြင်းပါတယ်”  ဟုပြောသည်။

ထိုင်းနိုင်ငံအတွင် နိုင်ငံတကာအဖွဲ့အစည်းကြီးများနှင့် NGOအဖွဲ့အစည်းအမြောက်အမြားတို့သည်
မြန်မာအလုပ်သမားများအတွက်ဟူသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့်လုပ်ကိုင်နေကြသော်လည်း ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသော သန်းချီရှိသည့် မြန်မာအလုပ်သမားများမှာမူ အခက်အခဲမြောက်များစွာ ကြုံတွေ့နေရဆဲဖြစ်သည်။