14 May 2015

ဝမ်းနည်းကြောင်းသ၀ဏ်လွှာ


=============================
ဝမ်းနည်းကြောင်းသ၀ဏ်လွှာ
=============================
 ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီး ခံထားရသည့်ကိုဝင်ဇော်ထွန်း ၏ 
ဖခင်ဦးထွန်းထွန်းထိုက်သည် ဒုတိယအခေါက် ထိုင်းနိုင်ငံသို့ လာရောက်မကြာခင်မှာပင် ကျမ္မားရေးအခြေနေအရ 11 January 2015၌ မြန်မာနိုင်ငံသို့ပြန်၍ ဦးခေါင်းအား အကြီးစား ခွဲစိတ်မှုများပြုလုပ်ခဲ့ပါသည်။

သို့သော် ဦးထွန်းထွန်းထိုက်သည်  ယနေ့(၁၄-၅-၂၀၁၅) ရက်နေ့ နံနက်(၈)နာရီ၊(၄)မိနစ်၌ ဘ၀တစ်ပါးသို့ကူးပြောင်း သွားပြီးဖြစ်သည်ဟု သိရှိရပါသည်။

မြန်မာသံရုံအထူးစုံစမ်းရေးကော်မတီ(လိပ်ကျွန်း)မှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေ ကွဲရပါသည်။

ကောင်းရာမွန်ရာ ဘုံဘ၀ကိုရောက်ပါစေကြောင်း တောင်းဆုပြုလိုက်ပါသည်။

မြန်မာသံရုံအထူးစုံစမ်းရေးကော်မတီ(လိပ်ကျွန်း)