16 May 2015

“ခြုံဖေါ်ရွာသူကြီးတစ်ဦးအားလူကုန်ကူးမှုဖြင့်ဖမ်းဆီး”




၂၀၁၅ ခု မေလ ၁၆
မောင်သန့် (ဘာသာပြန်)

          ခြုံဖေါ်အနီးတောထဲတွင် မေလ ၈ရက်နှင့် ၉ ရက်နေ့တို့က ဖမ်းဆီမိခဲ့သော  လူကုန်ကူးမှုနှင့် ပါတ်သက်၍ ခြုံဖေါ်ရွာသူကြီးတစ်ဦးအား ယနေ့ ဖမ်းဆီးလိုက်ကြောင်း မန်နေဂျာအွန်လိုင်း သတင်း တွင်ဖေါ်ပြထားသည်။

       လူကုန်ကူးဂိုဏ်းတွင်  ၄ဦးရှိသည့်အနက် ၂ဦး ကိုခြေရာခံရထားကြောင်း  မြန်မာသံရုံးအလုပ်သ မားကူညီစောင့်ရှောက်ရေးကော်မတီက သွားရောက်ခဲ့ကြသည့် မေလ ၁၄ ရက်နေ့က ခြုံဖေါ်ရဲစခန်းအကြီး အကဲကပြောဆိုခဲ့သည်။

           ယနေ့ဖမ်းဆီးမိသူမှာ နိုင်ပရပ်စေ ဆန်စုံမ်၅၂နှစ်ဖြစ်ပြီး အခြားတစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟုဆိုသည်။

       ၂ရက်ဖမ်းမိသည့် မြန်မာအလုပ်
သမား ၇၅ဦးတွင် အမျိုးသမီး ၁၅ဦး ပါရှိပြီး အသက်၁၃နှစ်အရွယ် ရခိုင် ကလေးငယ် ၅ယောက်ပါဝင်သည်။ 

     မြန်မာသံရုံးအလုပ်သမားကူညီ   စောင့်ရှောက်ရေးကော်မတီက အဆိုပါ ကလေးငယ် ၅ဦး၊ နာမကျန်း သည့် လူမမာတစ်ဦးနှင့် အဓမ္မပြုကျင့်ခံ ရသူ၂ဦးတို့အား ဆေးဝါး ကုသမှု အမြန်ရရှိစေရန်နှင့်အလျှင်အမြန်ပြန် လည်ပို့ဆောင်ပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်း ကော်မတီဝင် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောဆိုသည်။