05 May 2015

“မဟာချိုင်ပုလိပ် ဖမ်းဆီးမှုမှလွတ်မြောက်လာသူများMATကိုရံပုံငွေလှူ”




၂၀၁၅ မေလ     ရက်
 စောမြတ်ချို


         မဟာချိုင်ရဲများမတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံခဲ့ရသည့် အလုပ်သမား၇ဦးလွတ်မြောက်လာပြီးနောက် MAT မဟာချိုင်ရုံးသို့ အလှူငွေအချို့ပေးလှူခဲ့ကြသည်။

မဟာချိုင် ထိုင်းယူနီယံအလုပ်ရုံအနီး ၁၀၈လမ်းတွင်  အအေးထိုင်သောက်နေကြသည့် မြန်မာအလုပ်သမား ၇ဦးတို့ အား မဟာချိုင်၊  ဘန်နန်းကျင်ရဲများက ခေါင်းပန်းလှန်သည်ဟုဆိုကာ အလောင်းကစားမှုဖြင့်စွပ်စွဲပြီး ဖမ်းဆီးခေါ်   ဆောင်သွားခဲ့သည်။

           ဖမ်းဆီးခံရသူတစ်ဦးဖြစ်သော ကွန်ပလား ဆိုသူအား မိခင်ဖြစ်သူက ဘတ်ငွေ  ၃၀၀၀ ဖြင့်  လာရောက်ထုတ်ခေါ်နိုင်ခဲ့သော်လည်း ပတ်စပို့စာအုပ်ကိုပြန်မရသည့်အပြင်  မေလ ၆ ရက်နေ့တွင် ရုံးတက်ရမည်ဟုပါ ရဲများကပြောလိုက်သည်။ အခြား၆ဦးမှာ ၇ဲစခန်းတွင် တစ်ညအိပ်ခဲ့ရသဖြင့် မိသားစုများ က မဟာချိုင်အခြေစိုက်MAT ရုံးသို့လာရောက်အကူညီတောင်းခံခဲ့ရာ အခြားလူမှုရေး ကူညီကြသူများဖြစ် ကြသော ကိုရဲမင်းနှင့် ကိုကိုနိုင်တို့ပါလိုက်ပါ ကူညီခဲ့ကြပါသည်။ မေလ၃ ရက်နေ့နံနက် ၉နာရီက လွတ်မြော က်လာခဲ့ကြပြီးဖြစ်ပါသည်။


ပြန်လည်လွတ်မြောက်လာသူ ကိုစိုးသူ ကဘတ်ငွေ=၁၀၀၀၊ စိုးလွင်မိသားစု=၁၀၀၀၊ ကိုစိုးစိုး မိသားစု ၅၀၀၊ ကိုစိုးသူက၅၀၀၊ ဈေးဆိုင်ပိုင်ရှင် မမြင့်အေးက ၂၀၀၀  စုပေါင်း၍ မဟာချိုင် MAT ရုံးသို့လာရောက် လှူဒါန်း သွားခဲ့ကြပါသည်။
“မတရားဖမ်းဆီးပြီးငွေကြေးတောင်းခံတာလေ။ ကျနော်တို့ VDO ရိုက်ထားတာကိုပြလိုက်မှ ပုလိပ်က အမှု မဖွင့်နဲ့ဆိုပြီး တောင်းပန်တယ်။ ယူထားတဲ့ပိုက်ဆံပါပြန်ပေးတယ်။ ဒါအဖြေတော့မဟုတ်သေးဘူး။ တရားဝင် အလုပ်သမားတွေကို ထိုင်းရဲတွေမဖမ်းရဲအောင်ကို ဖြစ်နေရမှာဖြစ်တယ်။ ကျနော်တို့MAT အဖွဲ့က  အင်ဂျီအို
မဟုတ်ဘူး။ လခစားတွေတစ်ယောက်မှမရှိဘူး။ စေတနာတချို့လှူ ဒါကိုလက်ခံတယ်။ ကိုယ်ထူကိုယ်ထရုန်း
ကန်ပြီး အလုပ်သမားရေးလုပ်နိုင်သမျှ လုပ်နေကြတာတဲ့သူတွေပါ ” ဟု MAT အတွင်းရေးမှူး ကိုခိုင်ကြီး ကပြောသည်။
     မဟာချိုင်ရဲများသည်နေစဉ် မြန်မာအလုပ်သမားများအား ဖမ်းဆီးငွေတောင်းခံနေဆဲဖြစ်သည်။