18 May 2015

“မြန်မာအလုပ်သမားတစ်ဦးအားပွဲစားများဝိုင်းရိုက်”

                                    
၂၀၁၅ မေလ၁၇ ရက်
စောခွန်    

                ကန်ချနဘူရီခရိုင်၊ ထာ့မကာမြို့နယ်၊  ဆင်သော်ရပ် ကွက်၊ VITA နာနတ်သီး စက်ရုံ တွင် ယမန်နေ့နံနက် အလုပ်သမားတစ်ဦး အသတ်ခံကြောင်း သိရှိရသည်။

              သေဆုံးသူမှာ မောင်နိုင်ဝင်၊ အသက်၂၀နှစ်၊ ဦးအေးနိုင်+ဒေါ်မူစိန်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရောပိကျေးရွာမှဖြစ်သည်။

အလောင်း၏ ကြောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် မျက်နှာအပါအ၀င် တစ်ကိုယ်လုံးညိုမည်းနေသည်။
ကျန်ရစ်သူ ဇနီး မဇာဇာစိုး က“ မနက် ၁နာရီခွဲလောက်မှာ ကျမခင်ပွန်းရောက်လာတယ်။ ထားဝယ်တွေ ၀ိုင်းထိုးကြ တယ်။ ငါအောင့်နေတယ်လို့ပြောတယ်။ သွေးတွေက ပန်းထွက်နေတာ။ အိမ်နီး နားချင်းတွေ အကူညီနဲ့ ဆေးရုံကိုသွားကြတယ်။ ရဲစခန်းမှာ အမှုဖွင့်ပြီးမှ ဆေးကုနိုင်မယ်ပြောတယ်။ ဆေး ပတ်တီးနဲ့ ချုပ်ပေးပြီး မိုးလင်းခါနီး၃နာရီလောက်မှာ ပြန်လာခဲ့ကြတယ်။ မိုးလင်းတော့ ရေချိုးမယ်၊ ပူတယ် ဆာတယ် လို့ လူနာကပြောတယ်။ ကျမ ရေလောင်းပေးရင်း သတိလစ်သွားတယ်။ ၈နာရီလောက်မှာ ဆေးရုံရောက် တော့ ဆရာဝန်က ဆုံး ပြီးလို့ပြောတယ်” ဟုပြောသည်။

              အိမ်ထောင်သက် ၃နှစ်ကျော်အတွင်း ၂နှစ်နှင့် ၁လအရွယ် သမီးငယ်တစ်ဦးမွေးထားပြီး မိဘ များရှိရာ မော်လမြိုင်သို့ ပို့ထားကြောင်း မဇာဇာစိုးက ပြောသည်။ သူမ၏ခင်ပွန်းအသတ်ခံရမှု ပေါ်ပေါက် ရေးအတွက် ဘန်ကောက်မြန်မာသံရုံးသို့လာရောက်၍ အကူညီတောင်းခံမည်ဖြစ်ကြောင်းပြောသည်။

         လူသတ်သမားဟုယူဆရသူအား ရဲစခန်းမှဖမ်းဆီးရမိထားကြောင်းသိရသည်။  ပါဝင်ပတ်သက်သည် ဟုယူဆရသည့် MOU အလုပ်သမားများကို ထိန်းကျောင်းရသည့် ပွဲစားလူမိုက်အုပ်စုများ ကားရောလူပါ ပျောက်နေကြကြောင်း အလုပ်သမားများကပြောကြသည်။


            VITA နာနတ်သီးအလုပ်ရုံတွင် လူမိုက်များရိုက်နှက်၍ သေကြေ၊ ကျိုးကန်းမှုများ မကြာခဏဖြစ် ပေါ်လေ့ရှိခဲ့သော်လည်း တရားခံများအား ဖေါ်ထုတ်ခြင်းအရေးယူခြင်းတစ်ခါမှ မရှိသဖြင့် အလုပ်သမား များမှာ ပွဲစားလူမိုက်များကို ကြောက်ရွံ့နေကြရကြောင်း ပြောကြသည်။