13 May 2015

လူကုန်ကူးခံရသည့်မြန်မာအလုပ်သမား၂၈ဦးအား မြန်မာသံရုံးသွားရောက်တွေ့ဆုံ



၂၀၁၅ မေလ |မြတ်ချို

ခြုံဖွန်တောထဲတွင် ထိုင်းအာဏာပိုင်များ ကယ်တင်ခဲ့သော မြန်မာနိုင်ငံသား ၂၈ဦးတို့အား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ ယနေ့သွားရောက်တွေ့ဆုံခဲ့သည်။

၈.၅.၂၀၁၅နေ့က ဖမ်းမိခဲ့သော အလုပ်သမား၂၈ယောက်ထဲမှမြန်မာအမျိုးသမီး၁၀ဦးပါဝင်ခဲ့ပြီး ၄ဦးအား 
ထိုင်းလူကုန်ကူးသူများ၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း ထိုင်းဘာသာဖြင့်ထုတ်ဝေသည့်မန်နေဂျာအွန်လိုင်းသတင်းတွင် ဖော်ပြခဲ့ပါသည်။
ဘန်ကောက် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော
ရှေ့နေ ဦးအောင်မျိုးသန့်၊ဦးကျော်သောင်း၊စောမြတ်ချို အလုပ်သမားသံအရာရှိ ဦးလှထွန်းတို့ယနေ့သွား
ရောက်တွေ့ဆုံသည့်အခါ လူကုန်ကူးဂိုဏ်းက အမျိုးသမီး၅ယောက်တို့အား ညဉ်၂နာရီခန့်တွင်ခေါ်ထုတ်သွားခဲ့ပါသည်။ ၃ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်းအိမ်ထောင်ရှင်အမျိုးသမီး၂ဦးမှာမူ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရသည်ဟု ကာယကံရှင်မှပြောသည်။

အလုပ်သမား၂၈ဦးထဲတွင်အပါဝင်ဖြစ်သော အသက်(၁၃/၁၄နှစ်အရွယ်ရှိ)ရခိုင်လူမျိုးကလေး၅ဦးနှင့်ထိုင်းလူကုန်ကူးဂိုဏ်းသားတို့ရိုက်နက်သတ်ဖြတ်ခြင်းခံရပြီးနာမကျန်းဖြစ်နေသော အခြားအလုပ်သမား၁ဦး အဓမ္မပြုကျင့်ခံရသူအမျိုးသမီး၂ဦးပေါင်း၈ဦးတို့အား မြန်မာနိုင်ငံသို့ အလျင်အမြန်ပြန်ပို့ပေးပါရန် ထိုင်းရဲအရာရှိအား  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ မေတ္တာရပ်ခံခဲ့ပါသည်။

 မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်ဦးကျော်သောင်းက
“ကျနော်တို့ အတွေ့အကြုံအရ အဓမ္မပြုကျင့်ခြင်းခံရသော အမျိုးသမီး၂ယောက်ကို မလိုလားအပ်သော 
HIVရောဂါနှင့် မလိုလားအပ်သော လူမှုရေးပြဿနာဖြစ်စေတဲ့ ကိုယ်ဝန်မရရှိဖို့ ၇၂နာရီအတွင်း ကာကွယ်
ဆေးတွေတိုတ်ကျွေး ဖို့လိုပါတယ်..အဲဒါတွေ သူတို့လုပ်ပေးထားတာမတွေ့ခဲ့ရဘူး၊ အဲဒါကြောင့် ကျနော်ကအမြန်တိုတ်ကျွေးဖို့ မေတ္တာရပ်ခံတာကြောင့် ထိုင်းရဲအရာရှိက ဆေးရုံက တာဝန်ကျဆရာမတစ်ယောက်ကိုကိုခေါ်လိုက်ပြီးနောက် ဆေးတိုတ်ဖို့အတွက် စီစဉ်နိုင်လိုက်ပါတယ်၊နောက်အခါ လူကုန်ကူးမှုဖြစ်ပေါ်လာခဲ့ရင်  မြန်မာသံရုံအနေနဲ့ အခုလိုသွားရောက်တွေ့ဆုံခြင်းဖြင့် နောက်ဆက်တွဲမလိုလားအပ်တဲ့ ပြဿနာတွေလျှော့နည်းသွားစေမှာဖြစ်ပါတယ်” ဟု ဦးကျော်သောင်းက ပြောပါတယ်။

၉.၅.၂၀၁၅နေ့တွင် အဆိုပါနေရာ၌ပင် ဖမ်းစီးရမိခဲ့သော မြန်မာ၄၇ဦးထဲမှ၂၄ဦးတို့အား တရားမ၀င်နယ်
စပ်ဖြက်ကျော်မှုဖြင့် ခြုံဖွန်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင့် ထိုင်းရဲအရာရှိက ပြောပါတယ်။
ခြုံဖွန်ရဲစခန်းအချုပ်ထဲတွင်ရှိသော လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၅၁ဦးအား ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဝင်းမောင်က တစ်ဦးလျှင် ဘတ်ငွေ၁၀၀ကူညီထောက်ပံ့ခဲ့သည်။