၂၀၁၅ မေလ ၁၀
မောင်သန့် (ဘာသာပြန်)
အစာရေစာငတ်ပြတ်နေသောမြန်မာ ၄၆ဦး
အား ခြုံဖွန်အနီးတောင်ကြားတွင် ထိုင်းစစ် တပ်က
ယမန် နေ့က ကယ်ထုတ်လာနိုင်ခဲ့ပြီး၇လအရွယ်မိန်း
ကလေးငယ်သားအမိတို့အား လူကုန်ကူးသူများက ဆောင်သွားကြောင်း မန်နေဂျာအွန်လိုင်းသတင်း
မှာရေးသားထားသည်။
အစာရေစာငတ်ပြတ်နေကြသော အမျိုးသား ၄၁ဦးနှင့်အမျိုးသမီး၅ဦးတို့အား အာဏာပိုင်များက တောထဲမှ ခေါ်ဆောင်လာခဲ့ကြသည်။ အသက်
၇နှစ်အရွယ် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ အသက် ၃၁နှစ်အရွယ် ခင်မူဆာ ဆိုသူမှာ ရုပ်ရည် လွန်စွာချောမောလှပသဖြင့်
လူကုန်ကူးသူများက ကလေးနှင့် အတူ ခေါ်ဆောင်သွားခဲ့သည်။အလွန်စိုးရိမ်နေ ကြောင်း
ခင်ပွန်းဖြစ်သူကပြောဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ရန်
အတွက် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ၇,၀၀၀ ပေးရပြီး မလေးရှားသို့သွားလိုသူများကိုလည်း ပို့ဆောင်ပေးနိုင်ကြောင်း
ပွဲစားများကပြောဆိုခဲ့ကြောင်း အလုပ်သမားများက ထုတ်ဖေါ်ပြောဆိုကြသည်။

ထိုင်းအာဏာ
ပိုင်များက ဆက်လက် စုံစမ်းရာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်၊ မရမ်းကျေးရွာအနီး
ဝန်ကျင် တွင်ထိုင်းဘက်သို့ လာရန် လူတစ်ရာကျော် ခန့်ရှိနေသေး ကြောင်း၊ မြန်မာအစိုးရ ဘက်က
ပူးပေါင်းကူညီ ဖြေရှင်းပေးရန် အကြောင်းကြားသွား မည်ဖြစ်ကြောင်း ပြောဆိုသည်။