13 April 2015

“ကိုစိုင်အေး ရဲ့ ယနေ့အခြေအနေ"




၂၀၁၅  ဧပြီ ၁၃
ဆန်းဦး


ကိုစိုင်းအေး မနေညနေ ၆နာရီ၅၀ ကတည်းက ယခု သတင်းရေးချိန်အထိ သတိကောင်း စွာမရသေးပါ။
ယနေ့ နံနက် ၇နာရီခန့်က သတိပြန်ရခဲ့သော်လည်း ကောင်းစွာ မမှတ်မိသေးပါ။
          ကိုစိုင်းအေး၏ကျမ္မာရေးအခြေအနေအရထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ
အဖွဲ့  MATတစ်ဖွဲ့လုံး စိုးရိမ်ပူပန်လျှက်ရှိကြပါသည်။
           မဲဆောက်မြှို မဲရမတ်တွင်ရှိသော ပုဂ္ဂလိက အင်တာနယ်ရှင်နယ် ဆေးရုံကြီးမှ ဆရာဝန်က ဓါတ်မှန်၂ကြိမ်စစ်ဆေးချက်အရဥဏှောက်တွင် သွေယိုစိမ့် နေသည်ဟုဆို ပါသည်။
ဘန်ကောက်သို့ ပြောင်းရွှေ့မှုခံနိုင်ရည်မရှိသေးပါ။ မဲဆောက်နိုင်ငံတကာဆေးရုံသစ် တစ်ရက်တစ်ည ဆေးဝါးကုခနေခ ဘတ်ငွေ သုံးသောင်းကုန်ကျပါသည်။
            ငွေအကုန်အကျ ခံနိုင်ဖွယ်ရာမရှိသဖြင့် ယနေ့ ညနေ ၇နာရီ ၁၈ မိနစ်တွင် မဲဆောက်မြို့ အစိုးရေ ဆး ရုံသို့ ပြောင်းရွှေ့ကုသလျှက်ရှိပါသည်။
             
ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးတပ်ဖွဲ့ DSI က ဘန်ကောက်ပုလိပ်ဆေးရုံးကြီးသို့ပြောင်း   ရွှေ့ ကုသမှုခံယူနိုင်ရန် ကူညီစီစဉ် ညွန်ကြားခဲ့သော်လည်း  ကိုစိုင်းအေး ကို ကားဖြင့်ဘန်ကောက်သို့ ပြောင်းရွှေ့ယူ၍ ခံနိုင်ရည် မရှိသေးပါ။
        လေယာဉ် စင်းလုံးငါးခမှာလည်း ဘတ်ငွေ သုံးသိန်းကျော်ပါသည်။ ကိုစိုင်းအေး
အား အနည်းဆုံး တစ်ပတ်ခန့် မဲဆောက်ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် အရေးပေါ် ခန်းထဲတွင်ထားရှိ ကုသရမည်ဖြစ်ပါသည်။
      
ဘန်ကောက်မြို့ ၀တ်တလုံးကျောင်းမှ ကူညီရေးဆရာတော် ဦးဇောတိကမှ ကိုစိုင်းအေး ဆေးဝါးကုသနိုင်ရေး အတွက် MAT အတွင်းရေးမှူး ဦးခိုင်ကြီးထံသို့ ယနေ့ ဘတ်ငွေ ၅,၀၀၀ ပေးပို့ လှူ ဒါန်းလာပါသည်။

            ကိုစိုင်းအေး အားလူကောင်းပကတိ ပြန်လည်ဖြစ်ဖို့အတွက် ငွေကျေးကုန်ကျမှု များပြားနိုင်ပါသည်။ ယခုအချိန်အထိ ကိုစိုင်အေး ၏ ကျမ္မာရေးအခြေအနေမှာ ၅၀%၅၀   ဖြစ်ပါသည်။
            ကိုစိုင်းအေးအား ခင်မင်သူများနှင့် ကူညီပေးခဲ့သည့် ထောင်ပေါင်းများစွာသော အလုပ်သမားများက ဖုန်းဆက်၍ သတင်းမေးလာကြပါသည်။ ကိုစိုင်းအေး ၏ ကျမ္မာရေး အတွက် အကူညီပေးလိုသူများအနေဖြင့် ဦးခိုင်ကြီးထံ သို့ ဆက်သွယ် လှူ ဒါန်း ကူညီနိုင် ပါသည်။