24 April 2015

“ကြွေထည်မြေထည်အလုပ်သမား ၂၅ဦးပြဿ နာပြေလည်ပြီ”



                                             
၂၀၁၅ ဧပြီ ၂၄

ဆန်းဦး
             ပတ်စပို့လုပ်ကိုင်ရန်အကြောင်းပြချက်ဖြင့် ငွေအမြောက်အမြားဖြတ်ထားခံရပြီး ပုလိပ်ဖမ်းဆီးခိုင်း မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည့်   အလုပ်သမား ၂၅ဦးတို့ပြဿ      နာ ယမန်နေ့က ပြေလည်သွားပြီဖြစ်သည်။
 
           ငွေကြေးဖြတ်တောက်ထားသည်မှာမှန်ကန်ကြောင်း၊ ဧပြီ၂၉ ရက်နေ့တွင် ဘတ်ကို အလုပ်ရုံက   ပြန်လည်ဆက်ပေး မည်ဖြစ် ပြီး ဖြတ်တောက် ထားသည့် ငွေများအားလုံးကို (တစ်ဦးလျှင်ဘတ်ငွေ တစ်သောင်းငါးထောင်စီ) တို့အား ၆လပိုင်းမကုန်မီ အကျေပြန်ပေးမည်ဟု လုပ်ငန်းရှင်က ဘန်ဘော် ဆ၀ါဒီကန်ရုံးတွင် လက်မှတ်ရေး ထိုးပါသည်။  

လာမည့်တနင်္လာနေ့တွင်အလုပ်ပြန်ဆင်းရန်၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများမပြုလုပ်ရန်၊နိုင်ငံတော်ရုံး ပိတ်ရက်တို့တွင် အလုပ်လုပ်ပါက ၂ဆပေးရန် သဘောတူညီမှုရရှိခဲ့ကြပါသည်။