18 April 2015

“ထောင်မှလွတ်လာသည့်အလုပ်သမား၁၀ဦး MAT ရုံးသို့ရောက်နေ”



                
၂၀၁၅  ဧပြီ ၁၈ ရက်   
ဆန်းဦး


            ယမန်နေ့က ထောင်ကျရာမှ ပြန်လည်လွတ်မြောက်လာသည့် အလုပ်သမား ၁၀ ယောက်  စား သောက်နေထိုင်ရေး အခက်အခဲကြုံနေရသဖြင့် MAT မဟာချိုင်ရုံးတွင် လာရောက်ခိုလှုံနေကြောင်း ရုံးတာဝန်ခံ ကပြောသည်။  

       ၂၄၊ ၂၊ ၂၀၁၅နေ့တွင် ဘန်ကောက်မြို့အနီးဖုထုမထုန် စိုင်းစီတွင် ပန်းရံလုပ်နေချိန် တွင် ၀တ်ပါမစ်မရှိဟုဆိုကာ နယ်မြေ ခံရဲများကဖမ်းဆီး၍ ထောင်ချခဲ့သော MOU အလုပ်သမား  ၁၁ဦး တို့သည် ၅၂ ရက်ကြာ ထောင်ကျခဲ့ပြီ မန်နေ့ ပြန်လွတ်မြောက် လာခဲ့ကြသည်။ ထောင်ကလွတ်မြောက်လာခဲ့ပြီးနောက် ၎င်းတို့အလုပ်လုပ်ခဲ့သည့် ပန်းရံဆိုဒ်မှ အလုပ်ကြပ်များကလာရောက်ခေါ်   ဆောင်သဖြင့် အလုပ်သမားများလိုက်ပါသွားခဲ့ကြသည်။ 

 
ပြန်လည်လွတ်မြောက်လာသူ ကိုသောင်းထွန်း က မနေ့က  ကျနော်တို့လိုက်သွားတာ ပန်းရံဆိုဒ်ထဲမှာရှိတဲ့ ဗမာ အလုပ်သမားတွေ ဆန်ပေးလို့သာ ထမင်းစားခဲ့ရတာ။ ဒီနေ့မနက် မြန်မာသံရုံးအနားမှာရှိတဲ့ အေဂျင်စီများအဖွဲ့ချုပ် MOEAF ရုံးခန်းကိုသွားတော့လည်း ပိတ်ထားတယ်။ သူတို့ ကောစင်တာ ဖုန်း ၀၈၃ ၅၄၄ ၆၄၄၂ ကိုဆက်တော့ အလုပ်ကိုပြန်သွားခိုင်းတယ်။ ပြေလည်အောင် ဖြေရှင်း မပေးနိုင်ဘူး။ ကျနော်တို့အတွက် စားစရာလည်းမရှိ။ လုံခြုံမှု လည်းမရှိ။ ဘယ်လိုသွားမလဲ။ MAT ရုံးကို ညနေပိုင်းမှာလာခဲ့တော့မှ ကျနော်တို့ ထမင်းစားရတော့တယ်။ ကျနော်တို့မှာလုပ်အားခလည်းကျန်နေခဲ့တယ်။ ကျနော်တို့ ဆက်ပြီးတော့လည်း အလုပ်လုပ်ရဖို့ လိုသေးတယ်” ဟုပြောသည်။



 MAT ရုံးတွင် ရောက်ရှိနေသူ  ၁၀ဦးတို့မှာ ၁။ စံငွေ၊ ၂။ ဆန်းဦး၊ ၃။ ကျော်ဆန်းဦး၊ ၄။ သောင်းထွန်း၊ ၅။  မြင့်ကျော်၊  ၆။ ကျော်ဝင်း၊ ၇။ ကျော်ကျော်နိုင်၊ ၈။ ခင်မောင်သန်း၊ ၉။ ၀င်းဌေး၊  ၁၀။ အောင်ကိုလင်း။ တို့ဖြစ်ကြပါသည်။
MOU အလုပ်သမားများ၏ ပကတိအခြေအနေများအား မြန်မာအစိုးရ အလုပ်သမားဝန်ကြီးက မသိချင်ယောင်ဆောင် ထားခြင်းမှာ အလွန်စိတ်ပျက်စရာဖြစ်ကြောင်း MAT အဖွဲ့က ပြောသည်။