21 April 2015

"ဖုန်းကဒ်ကိုလိုတဲ့အခါဖြည့်ခြင်းဖြင့် ကုမ္ပဏီအလိမ်အညာခံရမှုကလွတ်မြောက်နိုင်တယ်"

ကျနော့် လက်ကိုင်ဖုန်း တစ်လ စမတ်ထားတာနဲ့ အင်တာနက် တစ်လစမတ်ထားတာ ဒီနေ့  ရက်ပြည့်တယ်။
ဒါကြောင့် မနေ့ညနေက ဖုန်းထဲမှာ ၁၄၈ ဘတ်ရှိပြီး နောက်ထပ် ၂၀၀ တန် ၃ကဒ်ထပ်ဖြည့်တယ်။ စုစုပေါင်း
ဖုန်းထဲမှာ ၇၄၈ ဘတ် ရှိနေတယ်။

           ဒီနေ့မနက် ဖုန်းကို ပိုက်ဆံစစ်ကြည့်တဲ့အခါ  ၁၁၀ ဘတ်သာရှိပြီ ဆိုတာ တအံ့တသြတွေ့ရတယ်။
ဒီထက် ကုမ္ပဏီကို ဖုန်းဆက်မေးတော့ တစ်လစာ ဖရီးအတွက် ၁၉၉ ဘတ်နဲ့ အင်တာနက်တစ်လစာအတွက်
၄၃၉ဘတ်နုတ်ထားပြီးတဲ့။

           ကျနော် အတော်အံ့သြသွားတယ်။ ကျနော် စမတ်စရာမလိုပဲ ဒီလိုဖြတ်လိုက်တာဟာ နည်းလမ်းမကျ
ဘူး။ သဘာဝမကျဘူး။ လုပ်လည်းမလုပ်သင့်ဘူး။ ဒီဖုန်းကဒ်တစ်ခုတည်းကို ကိုင်နေတာ ဆယ်နှစ်ကျော်ရှိပြီ။

            နောက်လည်းကြုံဖူးကြမှာပေါ့။ တစ်ခါတစ်ရံ ဘာမှန်းမသိပဲ ဖုန်းထဲက ပိုက်ဆံလျှော့နေတာ။
ဘာမှန်းမသိပဲ သီချင်း လက်ခံခိုင်းပြီး လစဉ် ပုံမှန်ငွေဖြတ်နေတာ။ သတိပြုကြစေချင်ပါတယ်။ စက္ကန့်နဲ့
အမျှ အခကြေးငွေ ပေးပြီး အသုံးပြုနေကြရတဲ့ လက်ကိုင်ဖုန်းကို အထူးဂရုစိုက်ပြီး သုံးကြပါလို့ ကျနော့်လို   အဖြစ် မျိုးမခံရအောင်လို့ အလုပ်သမားတွေကို သတိပေးလိုက်ရပါတယ်။
အ,လို့ခံရတာလည်းမဟုတ်ဘူး။ ကြိုဖြည့်ထားတာကို ပိုင်ရှင် မသိပဲ ဒီထက် ကုမ္ပဏီက ကြိုဖြတ်သွားတာပါ။

အားလုံးကိုလေးစားလျှက်
ကျော်သောင်း