15 April 2015

“ကိုစိုင်အေး ကောင်းမွန်စွာ သတိပြန်ရပြီ”



၂၀၁၅ ဧပြီလ ၁၅
ဆန်းဦး

   မော်တော်ဆိုင်ကယ် မတော်တဆတိုက်မှုကြောင့် ဦးခေါင်းတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် သုံးရက် နီးပါးသတိလစ်နေခဲ့သော MATအဖွဲ့ နိုင်ငံခြားဆက် ဆံရေးနှင့် ဘန်ကောက်ရုံး တာဝန်ခံ ကိုစိုင်းအေး ယနေ့တွင် သတိကောင်းမွန်စွာရရှိလာခဲ့ပြီဖြစ် သည်။ 
  
       MAT အဖွဲ့ ကူညီဖူးသော MOU အလုပ်သမား များနှင့် ဘန်ခေမှအလုပ်သမား ကူညီရေးအသင်း တို့က စုပေါင်း၍ ယနေ့နံနက်  ၁၀နာရီကျော်အချိန် တွင် MAT မဟာချိုင်ရုံးတွင် သံဃာတော် ၅ပါးအား ပင့်ဖိတ်၍  ကိုစိုင်းအေး အလျှင်အမြန် ကျမ္မာပါစေ ရန် ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြပါသည်။ 

        တိုက်ဆိုင်မှုကြောင့်ပဲဆိုဆို ကိုစိုင်းအေး၏ ကုသိုလ်ကံကြောင့်ပြောပြော ဆုတောင်းပွဲပြုလုပ်ပြီး နာရီ ၀က်ခန့်အကြာတွင် မဲဆောက်ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသော ကိုစိုင်းအေး ကိုယ်တိုင် MAT အဖွဲ့ ခေါင်းဆောင်များထံသို့ ဖုန်းဆက်လာခဲ့ပါသည်။ 

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ အလုပ်သမားတွေစုပေါင်းပြီး ပင့်သံဃာငါးပါးကို ကြက်သား ဒန် ပေါက်ဆွမ်း ဆက်ကပ်တဲ့အပြင် ၀တ္ထုငွေပါလှူဒါန်းကြတယ်။ သံဃာတော်တွေကလည်း ရရှိတဲ့ အလှူငွေ ကို ကိုစိုင်းအေး ဆေးဖိုးအသုံးပြုနိုင်ဖို့ ပြန်စွန့်ခဲ့တယ်။  ကျနော်တို့ ကူညီခဲ့ဖူးတဲ့ အလုပ်သမားတွေက ကျနော် နဲ့ ကိုခိုင်ကြီး ကို လာကန်တော့ကြတဲ့ငွေအပါအ၀င် စုစုပေါင်း ၈,၄၅၀ ဘတ် ကို  ကိုစိုင်းအေး ဆေးဖိုး အတွက် စုထားလိုက်ကြတယ်။  ကိုစိုင်းအေး စကားပြောနိုင်ပြီး ကျမ္မာစပြုလာပြီဖြစ်တဲ့အတွက် ကျနော်တို့ တစ်ဖွဲ့လုံးဝမ်းသာနေ ကြတယ်ဗျာ” ဟုပြောသည်။ 

         မဲဆောက်မြို့မှ မြန်မာအလုပ်သမတစ်ဦးတွင် ဘတ်ငွေ ၅,၀၀၀..ကျပ်ငွေ ၁၁သိန်းနှင့်ရွှေငါးမူးသား ခိုးယူခံရမှုအတွက်၊ ဧပြီလ ၁၂ရက်နေ့ညနေ၆နာရီခန့်တွင် မြ၀တီမြို့တွင် သွားလာစဉ် ကိုစိုင်းအေး စီးလာ   သော အငှါးဆိုင်ကယ်အား အခြားဆိုင်ကယ်တစ်စီးမှ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
      

          ကိုစိုင်းအေး ဆိုင်ကယ်တိုက်မိပြီး မြ၀တီလူမှုကူညီရေးအသင်းမှ အလျှင်အမြန်  မြ၀တီဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ အလားတူ မြ၀တီလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များကလည်း တတတ် တအားကူညီပေးခဲ့ကြသည်။ ထို့အတူ မဲဆောက်အင်တာနယ်ရှင်နယ် ဆေးရုံကြီးသို့ အလျှင်အမြန် ပို့ဆောင်   နိုင်ရေးအတွက် ကူညီပေးခဲ့သည့် ကိုလွမ်းသူ နှင့် မြ၀တီမြို့မှ ဆရာမ ဒေါ်သင်းသင်းတို့  အားလုံး ၀ိုင်းဝန်း ကူညီခဲ့ကြသဖြင့် ဆေးဝါးကုသမှုအချိန်မီရရှိခဲ့ခြင်းကြောင့် ကိုစိုင်အေး အသက်ရှင်သန်ခွင့်ရရှိခဲ့ခြင်းဖြစ်သည် ဟု MAT အဖွဲ့က လက်ခံ ယုံကြည်ပါသည်။ ထို့အတွက် MAT အဖွဲ့မှ ၎င်းတို့အားလုံးကို အထူးကျေးဇူးတင်ရှိ   ကြောင်းသိရှိရပါသည်။