18 April 2015

“ကိုစိုင်းအေး ကျမ္မာရေးအတွက် ကူညီရေးဆရာတော် ဦးဇောတိက ဒုတိယအကြိမ်စွန့်ကြဲထောက်ပံ့”




၂၀၁၅ ခု ဧပြီလ ၁၈ ရက်

စောမောင်
          ဘန်ကောက်မြို့ဝတ်တလုံးဘုန်းတော်ကြီးကျောင်း အောင်သပြေ   ကျောင်းတွင် သီးတင်းသုံး တော်မူသော ကူညီရေးဆရာတော် ဦးဇောတိက မှ ဆေးရုံးတက်ရောက် ကုသနေရသော MAT အဖွဲ့   နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး အတွက် ဒုတိယ အကြိမ်မြောက် အလှူငွေကို စွန့်ကြဲခဲ့သည်။

         MAT အဖွဲ့  အတွင်းရေးမှူး ကိုခိုင်ကြီး က“ ကိုစိုင်းအေး အတွက် ဧပြီလ ၁၃ ရက်နေ့က ဘတ်ငွေ ၅,၀၀၀ ပေးလှူခဲ့ပြီး ယနေ့ တွင် ဆရာတော် ကိုယ်တိုင် မဲဆောက်ဆေးရုံသို့ သွားရောက် စွန့်ကြဲလှူဒါန်း တယ်။ ကျနော်တို့အဖွဲ့မှာ ငွေရေးကြေးရေး အခက် အခဲရှိပါတယ်။ တတ်နိုင်သမျှ အခုလို ၀ိုင်းကူပေးတဲ့ ဘုန်းဘုန်း ကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။