29 April 2015

“ကားမှောက်ဒဏ်ရာဖြင့် ဆေးရုံပေါ်တွင်မြန်မာအလုပ်သမားတစ်ဦးထပ်မံသေဆုံး”



             
                                                       ၂၀၁၅ ဧပြီ၂၉ 

ဆန်းဦး
                     ကားမှောက်ဒဏ်ရာပြင်းထန်သဖြင့် အဟာချိုင်အမှတ် ၃ ဆေးရုံကြီးတွင် အရေးပေါ် တက်ေ ရာက် ကုသနေကြသည့် မြန်မာအလုပ်သမားများထဲမှ ယနေ့နံနက် ၆နာရီခန့်က တစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။

             ကွယ်လွန်သူမှာ  ပဲခူးတိုင်း ဝေါမြို့နယ်၊ ဇီးဖြူ ကုန်းကျေးရွာမှ အဖ  ဦးခင်စိုး+ ဒေါ်အေးမာ တို့၏ သား၊ အသက် ၁၈နှစ်အရွယ် မောင်အောင်စိုးမိုး ဆိုသူဖြစ်သည်။

          မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီဝင် MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး က “မနေ့ညနေက ကျနော်တို့သွားကြည့်တဲ့အခါ ဥဏှောက်ကိုခွဲစိတ် ထားတဲ့ ဒိုက်ဦးမြို့နယ်၊ ကညင်တပင်    ကျေးရွာက အဖ ဦးမြင့်+ ဒေါ်စံအေး တို့ရဲ့သမီး အသက်၂၀နှစ် အရွယ် မဇင်မျိုးလှိုင် ကအခြေအနေ မကောင်းဘူးလို့ ဆရာဝန်ကပြောတာဗျ။ ဒီကောင်လေးက မနေ့ က စကားမပြောနိုင်လို့ စာနဲ့ရေးပြော   သေးတယ်။ ဒီကလေး ပြန်ကောင်းမယ်လို့ ထင်ထားတာ” ဟု  စိတ်မကောင်းစွာပြောသည်။ 

   ကျန်အရေးပေါ်လူနာ ၁၀ဦးတို့မှာ (စမွတ်စာခွန်ဆေးရုံကြီးတွင် ကျား၂+ မ၃ဦး၊ မဟာချိုင် ၃ ဆေးရုံတွင် ကျား ၃ဦး၊ မဟာချိုင်၁ ဆေးရုံတွင် မတစ်ဦး၊ အယ်ကချိုင်ဆေးရုံကြီးတွင် မိန်းကလေးတစ်ဦး) တို့ အရေး ပေါ်   ဆေးဝါး ကုသခံနေကြရဆဲ ဖြစ်ပါ သည်။

ကားမှောက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများသဂြိုဟ်ရန်ကိစ္စအား မြန်မာသံရုံးနှင့် လုပ်ငန်း ရှင်တို့ မည်သို့မည်ပုံ ဆောင်ရွက်ကြမည်ကို အတိအကျ မပြောနိုင်သေးကြောင်း သံအမတ်ကြီးက ညွန်ကြား ချက် တစ်စုံတစ်ခု မပေးသေးကြောင်း ကိုခိုင်ကြီးက ပြောသည်။