17 April 2015

"မြန်မာသံအမတ်ကြီးမှ ကိုစိုင်းအေး ဆေးဝါးကုသမှုအတွက် ဘတ်ငွေသုံးသောင်း ထောက်ပံ့ကူညီ"

 ၂၀၁၅  ခု  ဧပြီ ၁၇  
နှစ်ဆန်း ၁ ရက်နေ့
          ဆန်းဦး

ဧပြီလ ၁၂ ရက်နေ့က  မြ၀တီမြို့တွင် ဆိုင်ကယ်မတော်တဆ ဖြစ်မှုကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် သုံးရက်နီးပါး သတိကောင်းစွာ ပြန်မရခဲ့သော ကိုစိုင်းအေး  အား ဆေးဝါးကုသမှု ကုန် ကျစရိတ်အတွက်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က ဘတ်ငွေသုံးသောင်း ထောက်ပံ့
ကူညီပေးပါသည်။
 
                 ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်သည် ဘန်ကောက်မြန်မာသံရုံးတွင် ဖွဲ့စည်း ထားသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ နာယကကြီး ဖြစ်သလို   လိပ်ကျွန်း လူသတ်မှု ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး အထူးစုံစမ်းရေးကော်မတီ၏ နာယကကြီးလည်းဖြစ်ပါသည်။

           ကိုစိုင်းအေး  သည် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ နိုင်ငံခြားဆက်ဆံရေးနှင့် ဘန်ကောက်ရုံး
တာဝန်ခံလည်းဖြစ်ပါသည်။ အလားတူ လိပ်ကျွန်းစုံစမ်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။

" ကျနော်တို့ အခက်ကြုံတဲ့အချိန်မှာ မိဘသဖွယ် တတတ်တအား ကူညီထောက်ပံ့ပေးတဲ့အတွက်  သံအမတ်ကြီး က ခုလိုကူညီပေးတဲ့အတွက် ကျနော်တို့ အလွန်ဝမ်းမြောက်ပါတယ်။ အားလည်းရှိ တာပေါ့၊ အမည်မဖေါ်လိုတဲ့ သံဝန်ထမ်းတစ်ဦးကလည်း ဘတ်ငွေ သုံးထောင် အကူညီပေးလိုက်ပါသေးတယ်" ဟုငွေကိုတိုက်ရိုက်လက်ခံခဲ့သူ MAT အတွင်းရေးမှူး ကိုခိုင်ကြီးကပြောသည်။

            ကိုစိုင်းအေး သည် ယနေ့တိုင်အောင် မဲဆောက်ဆေးရုံကြီး သီးသန့်အဆောင်တစ်ခုတွင် အတွင်း လူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်သည်။ ဦးခေါင်းအပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် ဥဏှောက် အတွင်း သွေးယိုစိမ့်သော ရောဂါရရှိခဲ့သည်။ အချိန်ယူကုသရမည်ဖြစ်ပါသည်။ မဲဆောက်မှ ပြောင်းရွှေ့
ခံနိုင်သောအချိန်တွင် ဘန်ကောက်သို့ ပြောင်းရွှေ့၍ ဆက်လက်ဆေးဝါး ကုသမှုခံယူရဦးမည်ကြောင်း
ဆရာဝန်က ပြောဆိုထားပါသည်။